ကျေးသီးမြို့နယ် ကျောက်မီးသွေး တူးဖော်မှုဒဏ်ကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်

သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး အလွန်အကျွံ တူးဖော်မှုကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်ပွားလာကြောင်း စုံစမ်းသိရသည်။

ကျေးသီးမြို့နယ် ကျောက်မီးသွေးအလွန်အကျွံတူးဖော်မှုကြောင့် သစ်တောများပြုန်းတီးကာ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ရေသန့်ရှင်းမှုမရှိခြင်းတို့ကြောင်း ကလေးငယ်များ အရေးပြားရောဂါ၊ ယားယံရောဂါများ စတင်ဖြစ်လာကြောင်း ကျေးလက်ကျန်းမာရေး ဆရာမ တစ်ဉီးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ ကျေးသီးဘက်မှာက ကျောက်မီးသွေးတွေ အရမ်းတူကြတယ်။ ဒီကျောက်မီးသွေးတူးဖို့ သစ်တောတွေကလည်း ခုတ်ရတယ်။ နောက်လေထုကလည်း မသန့်တော့ဘူး ။ မိုးရွာရင် တောင်ကျရေတွေကလည်း ကြီးတယ်။ ရေညစ်ညမ်းတယ်။ ဒီမှာ ကလေးအများစုက ဝမ်းလျော၊ဝမ်းပျက် အရေးပြားပြဿနာတွေ ခံစားနေရတယ်” ဟု ကျေးလက်ကျန်းမာရေး ဆရာမ ကဆိုသည်။

ထို့ပြင် လက်ရှိ ကျောက်မီးသွေးတူးဖော်မှုကြောင့် ကျေးသီးမြို့နယ်အတွင်း လယ်ယာများအတွက် အဓိက အရေးပါသည့် နမ့်ဟင်ချောင်း (မႄႈၼမ့်ႁႅၼ်) ကို ထိခိုက်နိုင်ပြီး လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများလည်း ထိခိုက်လာနိုင်ကြောင်း ဒေသခံများက ပြောဆို သုံးသပ်နေကြသည်။

ကျန်းမာရေး စောင့်ရှောက်ခံတဲ့ ကလေးငယ်ပုံ

အလားတူ ကာလိမြို့ လွိုင်ဆိုင်ကျေးရွာ တကြောတွင်လည်း ပြီးခဲ့သည့် ၃နှစ်၌ ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ခဲ့ပြီး လက်ရှိမှာ ၎င်းလုပ်ငန်းရပ်နားထားကာ သံလွင်မြစ်(မႄႈၼမ်ႉၶူင်း) မြစ်အနီးက ရွှေတူးဖော်ရေးလုပ်ငန်းကို ပိုမိုလုပ်ကိုင်လာနေကြောင်း ကာလိဒေသအမျိုးသားတစ်ဦးက ပြောသည်။


ထိုဒေသအတွင်းနေထိုင်သူများသည် ကျောက်မီးသွေးတူးဖော်သည့်ဒဏ် သစ်တောပြုန်တီးမှုဒဏ်များကြောင့် ရေညစ်ညမ်းမှု ပြဿနာကို ကလေးများက ပိုကြုံတွေ့နေရသည် ဟု ကျေးလက်ဆရာမတစ်ဉီးက ပြောသည်။

ယားနာဖြစ်နေတဲ့ကလေးငယ်

“ ကာလိမှာ အရင်က ကျောက်မီးသွေးတူးတဲ့ကိစ္စ၊ အခု ရွှေတူးဖော်တဲ့ကိစ္စတွေကြောင့် ရေတွေညစ်ညမ်းမှု စဖြစ်လာတယ်။ ရွာမှာဆိုရင် ရေတွေက ရှားလာတယ်။ ရှိတဲ့ရေကလည်း သန့်ရှင်းမှုမရှိဘူး။ အခုကလေးတွေက ကျန်းမာရေး ပြဿနာ ကြုံနေရတယ်” ဟု ၎င်းက ဆိုသည်။

ယာယံထွက်နေတဲ့ကလေးငယ်

အဆိုပါ ကာလိမြို့ နှင့် ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျေးရွာများကို မည်သည့်အစိုးရမှ ကွင်းဆင်း အသိပညာပေးခြင်း မရှိကြောင်း၊ ကလေးများ၏ ကျန်းမာရေးကိုလည်း ကိုယ်ထူကိုယ်ထ ကုသနေရကြောင်းလည်း ကျေးလက်ကျန်းမာရေး ဆရာမက ထပ်လောင်းပြောသည်။

လက်ရှိ ကျောက်မီးသွေးတူးဖော်ခြင်း ရွှေတူးဖော်နေသည့် ကျေးသီးမြို့နယ်၊ ကာလိမြို့နယ်နှင့် ကွန်ဟိန်းမြို့နယ် အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ လှုပ်ရှားနေသည့် နယ်မြေများဖြစ်သည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...