သီပေါမြို့နယ် ကျောက်မီးသွေးတူးသည့် ငွေရည်ပုလဲ ကုမ္ပဏီကို ဒေသခံ လူငယ်များ ကန့်ကွက်

သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်နေသည့် ငွေရည်ပုလဲ ကုမ္ပဏီကို ဒေသခံ လူငယ်များ ကန့်ကွက်ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ကျောက်မဲခရိုင်အတွင်းမှ လူငယ်များ စုပေါင်းကာ သီပေါမြို့နယ်၊ နမ့်မကျေးရွာအုပ်စုအတွင်း ကျောက်မီးသွေး တူးနေသည့် ငွေရည်ပုလဲ ကုမ္ပဏီကို ကန့်ကွက်ခဲ့ကြကြောင်းပါဝင်သည့် လူငယ် တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo – Credit ( ငွေရည်ပုလဲကုမ္ပဏီ ကို ပြည်သူများ ဆန့်ကျင်ဆန္ဒပြ)

“ရည်ရွယ်ချက်ကတော့ ငွေရည်ပုလဲကုမ္ပဏီကနေ ကျောက်မီးသွေး တူးဖော်မှုကို ရပ်စေချင်တယ်၊ နောက်တစ်ခုကတော့ ဒေသအာဏာပိုင်တွေကလည်း ကိုယ့်ရပ်ရွာ သယံဇာတတွေကို ကာကွယ်ထိန်းသိမ်းစေချင်တယ်၊ ကျနော်တို့ စိုက်ပျိုးရေးလုပ်ငန်းကို ကောင်းကောင်းမွန်လုပ်နိုင်ပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာ” ဟု ဆန္ဒပြမှုတွင် ပါဝင်သည့် လူငယ်တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် ငွေရည်ပုလဲ ကုမ္ပဏီထံမှ အခွန်အခကြေးငွေများစွာ လက်ခံရရှိထားပြီး လက်ရှိတွင် သျှမ်းမြောက်ဒေသမှ မြေဧကပေါင်း ၃၀၀၀ ကျော်ကို ကျောက်မီးသွေး တူးဖော်ခွင့် ပြုထားကြောင်းလည်း စုံစမ်းသိရသည်။

ယင်းကဲ့သို့ စစ်ကောင်စီအတွက် အခွန်များပေးဆောင်ပြီး ငွေရည်ပုလဲ ကုမ္ပဏီမှ ကျောက်မီးသွေး တူးဖော်နေခြင်း နှင့် ပတ်သက်ပြီး သျှမ်းပြည်သူများ တညီတညွှတ် ပူးပေါင်း ဆန့်ကျင် ဆန္ဒပြကြရန်လည်း သျှမ်းမြောက်မှ ဒေသခံ လူငယ်များက ပြောဆို တိုက်တွန်းထားသည်။

Photo – Credit ( ငွေရည်ပုလဲကုမ္ပဏီ ကို ပြည်သူများ ဆန့်ကျင်ဆန္ဒပြ)

“ငွေရည်ပုလဲ ကုမ္ပဏီက စစ်ကောင်စီကို ငွေရှာပေးနေတဲ့ သဘောပဲ၊ ပြီးတော့ သူတို့ လုပ်ခွင့်က သက်တမ်းကုန်တာ ကြာပြီ၊ စစ်အာဏာသိမ်းပြီးနောက်မှ စစ်ကောင်စီ နဲ့ ပေါင်းပြီး ပြန်တူးနေကြတာ၊ အခုဆို လယ် ၊ယာ၊ ခြံ၊ ဒေသအတွင်းက သဘာဝ သယံဇာတသစ်တော သစ်ပင်တွေ တော်တော် ပျက်စီးနေပြီမို့ သျှမ်းပြည်တခုလုံး တညီတညွှတ်တည်း ပူးပေါင်းဆန့်ကျင်ကြဖို့ တောင်းဆိုချင်ပါတယ်” ဟု ဆန့်ကျင် ဆန္ဒပြ လှုပ်ရှားမှုတွင် ပါဝင်သူ တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ငွေရည်ပုလဲ ကုမ္ပဏီသည် သီပေါမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်ခွင့်ရခဲ့သည်မှာ ၂၀၀၄ မှ စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်လည်း သီပေါမြို့နယ်၊ နားကွန်ကျေးရွာ နှင့် ကုန်းပေါင်းကျေးရွာအနီးတို့တွင် ဆက်လက် တူးဖော်နေခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ကျောက်မီးသွေး တူးဖော်မှုကြောင့် ဒေသခံ ၃၀၀၀ ကျော်၏ နေထိုင်စားသောက်ရေးများကို ထိခိုက်ကြောင်း ဆန့်ကျင်ရေး လှုပ်ရှားမှု ပါဝင်သည့် အိုက်တော (နာမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပထမ ရေသောက်မြစ် ၊ ချောင်းတွေကို ထိတာပေါ့၊ အဲ့ကြောင့် စိုက်ပျိုးရေးအတွက် ရေမရနိုင်တော့ဘူး၊ စိုက်ပျိုးရေးချိန် ရေမလုံလောက်မှု ပြဿနာ ကြုံရတာ ၃ နှစ်ကျော်ပြီ၊ ဒီနားတစ်ဝိုက် စိုက်ပျိုးရေး အဓိက လုပ်ကိုင်စားသောက်တဲ့ ဒေသခံ ၃၀၀၀ ကျော်ရှိတယ်” ဟု အိုက်တော (နာမည်လွှဲ) က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်တွင် ငွေရည်ပုလဲကုမ္ပဏီမှ တာဝန်ရှိသူများသည် ဒေသအတွင်း ရွာလူကြီးများ နှင့် တွေ့ဆုံပြီး ကျောက်မီးသွေး ဆက်လက်တူးဖော်မည့်အကြောင်း၊ ဒေသခံများအနေဖြင့် ကန့်ကွက်ပြောဆိုရန် မလိုကြောင်းကိုလာရောက်ပြောဆိုခဲ့ကြောင်းလည်း ဒေသခံများ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် သီပေါမြို့နယ်၊ နမ့်မကျေးရွာအုပ်စု မှ နားကုန်းကျေးရွာ၊ ကုန်းပေါင်းကျေးရွာတို့ဘက် အထိ ကျောက်မီးသွေး ချဲ့ထွင်တူးဖော်မှုကြောင့် မြေသားများ အက်ကွဲခြင်း၊ ချောင်းကမ်းပါး ပြိုခြင်းများ မကြာခဏ ကြုံတွေ့ရကြောင်းလည်း သိရသည်။

စစ်အာဏာသိမ်း လက်အောက်တွင် ငွေရည်ပုလဲကုမ္ပဏီမှ ကျောက်မီးသွေး တူးဖော်မှုကို ချဲ့ထွင် လုပ်ဆောင်နေခြင်း နှင့် ပတ်သက်ပြီး ဒေသခံများ၏ ကျန်းမာရေး၊ စီးပွားရေး နှင့် သဘာဝ သယံဇာတများ ထိခိုက်ပျက်စီးရကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုပ် (SHRF) မှလည်း ထုတ်ပြန် ကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...