တပ်ဖွဲ့ဝင် ၂၈ ဦး အလင်းဝင်သည့် သတင်းသည် မဟုတ်မှန်ကြောင်း MNDAA တုံ့ပြန်

သျှမ်းပြည်မြောက်ပိုင်း အခြေစိုက် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့ဝင် ၂၈ ဦး အလင်းဝင်ခြင်း နှင့် ပတ်သက်ပြီး သတင်းအမှန် မဟုတ်ကြောင်း MNDAA တုံ့ပြန် ပြောဆိုထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်တွင် MNDAA မှ တပ်ဖွဲ့ဝင် ၂၈ ဦးသည် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ထံသို့ လက်နက်ချ အလင်းဝင်လာသည့်အတွက် လောက်ကိုင်တိုင်းစစ်ဌာနချုပ်၌ ဆုပေးပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် ဆိုရှယ်မီဒီယာများက ထုတ်ပြန်ထား သည်။

Photo – Credit (MNDAA တပ်ဖွဲ့ဝင်များ လက်နက်ချ အလင်းဝင်ကြောင်း စစ်ကောင်စီ ထုတ်ပြန်)

ယင်းကဲ့သို့ စစ်ကောင်စီမှ သတင်းထုတ်ပြန်ခြင်း နှင့် ပတ်သက်ပြီး သတင်းအမှန်မဟုတ်သည့် အကြောင်းကို MNDAA ပြောရေးဆိုခွင့် Li Tianfu က တုံ့ပြန် ပြောကြားခဲ့သည်။

“ဒါဟာ အာဏာသိမ်းအဖွဲ့နဲ့ ကိုးကန့်အစိုးရ အတုအယောင်အဖွဲ့ရဲ့ ပူးပေါင်းပါဝင်မှုရှိတဲ့ နိုင်ငံရေးပြသမှု တစ်ခုပါပဲ။ ဒီလိုလွှဲမှားတဲ့ ရည်ရွယ်ချက်တွေဟာ အဓိက ကျွန်‌တော်တို့ တပ်ဖွဲ့ဝင်တွေရဲ့ တည်ငြိမ်မှုကို တုန်လှုပ်စေဖို့ ဖြစ်တယ်” ဟု Li Tianfu က တုံ့ပြန် ပြောဆိုခဲ့ကြောင်း The Kokang သတင်းဌာနက ထုတ်ပြန်ထားသည်။

စစ်ကောင်စီမှ ထုတ်ပြန်ထားသည့် အလင်းဝင်လာသည့် MNDAA တပ်ဖွဲ့ဝင်များသည် တပ်ဖွဲ့မှ ခွဲထွက်သူ နှင့် နေရပ်ပြန်ပြီး ပြန်မလာကြသည့် တပ်ဖွဲ့ဝင်များသာဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ ထုတ်ပြန်လာသည့် လက်နက်ချသူများ ဝတ်ဆင်ထားသည့် ယူနီဖောင်းနှင့် ကိုင်ဆောင်သော လက်နက်များသည် (MNDAA) တပ်ဖွဲ့မှ မဟုတ်ကြောင်းလည်း Li Tainfu က ယခုလို ဆက်လက်ပြောဆိုထားသည်။

“MNDAA တပ်ဖွဲ့ဝင်မှ လက်နက်ချခြင်း ၊ သစ္စာဖောက်ခြင်း မဟုတ်ပါ။ စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိ နဲ့ ရှိုးပြတဲ့ နိုင်ငံရေးပြပွဲ အကွက်အကွင်းများ ပြည့်နှက်နေတယ်” ဟု Li Tainfu က ဆိုသည်။

MNDAA သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်တွင် စစ်တပ်အနေဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်သူနေများ နှင့် ပြည်သူလူထုအပေါ် အကြမ်းဖက်နေခြင်းများအား ချက်ချင်းရပ်တန့်ရန် နှင့် နွေဦးတော်လှန်ရေးကို ဆင်နွှဲနေသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဟု ထုတ်ပြန် ပြောဆိုထားသည်။

တစ်ဖက်တွင်လည်း MNDAA သည် စစ်ရေးအရ စုဖွဲ့ထားသည့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ (MNDAA၊ AA၊ TNLA နှင့် KIA)၊ ညီနောင်မဟာမိတ် သုံးဖွဲ့ (MNDAA၊ AA နှင့် TNLA) တို့တွင်လည်း အဖွဲ့ဝင် ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...