ကျောက်မဲမြို့နယ် အတွင်း ဆိုင်ကယ်ဈေးသည်များပစ်သတ်ခံနေရ လုံခြုံရေးအတွက် စိုးရိမ်နေ

သျှမ်းပြည်နယ် မြောက်ပိုင်း မိုင်းငေါ့မြို့နယ် အတွင်း ဆိုင်ကယ် ဈေးသည် တဦး သေနတ် ပစ်ခံ ရပြီးနောက် ဈေးသည်များ စိုးရိမ်ထိတ်လန့်မှုဖြင့် ဈေးရောင်းနေရကြောင်း သတင်းရရှိသည်။

Photo by SHAN/ ကျောက်မဲမြို့အတွင်း ဆိုင်ကယ်ဈေးသည်များထံ ဈေးဝယ်သည့်ပုံ

အောက်တိုဘာ ၂ ရက်နေ့က ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ဟဲခမ်းနှင့် နားယ ကျေးရွာ ကြား အသက် ၃၂ နှစ် အရွယ်ရှိ ဆိုင်ကယ် ဈေးသည် ဦးစိုင်းခမ်းကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ က   ပစ်သတ်ခဲ့ကြောင်း၊ အဆိုပါအခင်းဖြစ်ပွါးပြီးနောက် ဈေးသည် များအနေဖြင့် ကျေးရွာသို့ ဈေးသွားရောင်းရန် စိုးရိမ်ထိတ်လန့်နေကြကြောင်း ကျောက်မဲမြို့နေ ဈေးသည် အသိုင်း အဝိုင်း က ပြောဆိုကြသည်။

“ အစကတည်း က ဒီနယ်ပယ်မှာ တိုက်ပွဲတွေဖြစ်တော့ အလိုလို စိုးရိမ်နေရတာ။ အခု ကျနော်တို့ ဈေးသည် တဦး သေနတ်ပစ်ခံရတော့ ပိုပြီး ကြောက်နေရတယ်။ စိုးရိမ်နေရတယ်” ဟု ကျောက်မဲမြို့နယ် အသက် ၄၀ ဝန်းကျင်ရှိ စိုင်းယီ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

Photo by SHAN/ ကျောက်မဲမြို့အတွင်း ဆိုင်ကယ်ဈေးသည်များ

အဆိုပါ သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် ဦးစိုင်းခမ်းတွင် အသက် ၆ လအရွယ် ကလေး အပါဝင် ကလေး ၃ ဦး ၊ ဇနီးနှင့် အသက် ၆၀ကျော် အရွယ် မိခင်အိုအား ရှာဖွေ ကျွေးမွေးနေသူ တဦးဖြစ်ကြောင်း သိရသည်။

“ အခု သူမရှိတော့ သူ့အမျိုးသမီးနဲ့ ကလေးငယ်တွေ အတွက် စားဝတ်နေရေး ခက်ခဲမယ်။ သူက မိသားစုကို ရှာဖွေ ကျွေးမွေးတဲ့သူတယောက်ပါ။ အပြစ်မဲ့ ပြည်သူကို ပစ်တာတွေ မလုပ်သင့်ဘူး” ဟု စိုင်းယီ က ပြောပြသည်။

ကျောက်မဲမြို့နယ်အတွင်း နေထိုင်သူ အများစုသည် မနက် ၂ နာရီ အချိန် ကတည်းက ကျောက်မဲဈေးအတွင်း ဆိုင်ကယ်ဖြင့် ဟင်းများသွားရောက်ဝယ်ယူပြီး၊ တရွာဝင်တရွာထွက်လှည့်ပတ်ရောင်းချကြောင်း  ၊ ကျောက်မဲမြို့နေထိုင်သည့် သာမာန်လူတန်းစားနှင့် စစ်ဘေးရှောင်များစုစုပေါင်း  ၉၀ ရာခိုင်နှုန်းသည် ဆိုင်ကယ် ဈေးသည်များသာ ဖြစ်ကြကြောင်းသိရသည်။

“ ကျောက်မဲမှာနေတဲ့သူတွေ အမျိုးသား၊ အမျိုးသမီး အားလုံးနီးပါး ဈေးသည်တွေပါ။ ယောက်ျားတွေကတော့ မြို့နဲ့ ဝေးတဲ့နေရာတွေမှာ ရောင်းကြတယ်။ အန္တရာယ်ဆိုတာတော့ ဘာမှ ပြောလို့တော့မရဘူးပေါ့နော်။ ဘုရားတ ပြီး သွားနေရတယ်” ဟု ကျောက်မဲမြို့ နမ့်ဟူးတောင်း ကျေးရွာ ဈေးသည်တဦးဖြစ်သည် ပါ့မြ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ယခုကဲ့သို့ ဈေးသည် တဦး သတ်ခံရသည့် အတွက် ကျောက်မဲမြို့ နယ် အတွင်း လိုက်လံ ရောင်းချနေသည့် ဈေးသည်များအတွက် နောက်ကျောမလုံသည့်ဘဝ ဖြစ်နေကြောင်း၊ စားဝတ်နေရေးရှာဖွေနေရသည့် အပြစ်မဲ့ ပြည်သူများကို သေနတ်ဖြင့် ပစ်ခတ်ခြင်း မပြုလုပ်ရန် ပါ့မြ က တောင်းဆိုလိုက်သည်။

ကျောက်မဲမြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ လှုပ်ရှားနေထိုင်သဖြင့် ထိုသို့သောပစ်ခတ်ခံရခြင်းလည်းမကြာခဏဖြစ်ပွါးရာ ဆိုင်ကယ်ဈေးသည်ပစ်ခတ်ခံရမှုသည် ၁၀ ဦးထက်မနည်းရှိပြီဖြစ်ကြောင်း၊ လက်သည်မသိရဖြင့် မည်သည့်အာဏာပိုင်အဖွဲ့မှလည်း အရေးတယူဆောင်ရွက်ပေးခြင်းမျိုးမရှိခဲ့ကြောင်း  ဈေးသည်များအသိုင်းအဝိုင်းကပြောဆိုပါသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...