Saturday, April 20, 2024

ပစ်သတ်

မုံးကိုးမြို့နယ် ခြံသွားကြည့်သည့် အမျိုးသားကို စစ်ကောင်စီက ပစ်သတ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်တွင် ခြံသွားကြည့်သည့်အမျိုးသားတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးရိုက်နှက်ပြီး ပစ်သတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် မုံးကိုးမြို့၊ အမှတ် ၄ ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် မြို့ပြင်တွင် ရှိသည့် ၎င်း၏ခြံကို သွားကြည့်ရာ လမ်းတွင် စစ်ကောင်စီတို့နှင့်...

ညောင်ရွှေ ကားသမားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်

သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့မှ ကုန်ခြောက်များတင်လာသည့် ကားသမားတစ်ဦးကို စစ်ကောင်စီ တို့က သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း စုံစမ်းသတင်းသိရသည်။ ဖြစ်စဉ်မှာယမန်နေ့ စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ညောင်ရွှေမြို့မှ ကုန်ခြောက်များ နှင့် ပြောင်းဆန်တစ်ချို့ တင်ဆောင်လာသည့် ကားသည် စံကားကျေးရွာအနီးရှိ စစ်ကောင်စီတပ်...

ကျောက်မဲမြို့နယ် အတွင်း ဆိုင်ကယ်ဈေးသည်များပစ်သတ်ခံနေရ လုံခြုံရေးအတွက် စိုးရိမ်နေ

သျှမ်းပြည်နယ် မြောက်ပိုင်း မိုင်းငေါ့မြို့နယ် အတွင်း ဆိုင်ကယ် ဈေးသည် တဦး သေနတ် ပစ်ခံ ရပြီးနောက် ဈေးသည်များ စိုးရိမ်ထိတ်လန့်မှုဖြင့် ဈေးရောင်းနေရကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၂ ရက်နေ့က ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ဟဲခမ်းနှင့် နားယ ကျေးရွာ ကြား အသက် ၃၂...

ရှင်ပြုခါနီးမောင်ရင်လောင်းနှစ်ဦးအား ဌာနေပြည်သူ့စစ်မှ သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွား 

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် တွင်းရှိ တဘက်ကျေး ရွာအုပ်စု ၊ မဲဟဲရွာ ဘုန်းတော် ကြီးကျောင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းတခုမှ လူတဦးက သေနတ်ကိုင်ဆောင်ကာ ဘုန်းကြီးကျောင်းပေါ်အထိတက်ပြီး အိပ်ပျော်နေသော ကလေး ၂ ဦးအား ပစ်သတ်ခဲ့သည့်အမှုဖြစ်ပွါးခဲ့သည်။ မတ်လ (၃၁) ရက်နေ့ ၊ ည ၁၁...

သီပေါမြို့က စားသောက်ဆိုင် ပိုင်ရှင်လင်မယား ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တွင် ထမင်းဆိုင် ဖွင့်ထားသည့် မြို့ဆင်ခြေဖုံးနေလင်မယားနှစ်ဦး ယမန်နေ့ညသန်းခေါင်ခန့်က ပစ်သတ်ခံရသည်ဟု သိရှိရသည်။ ၂၀၁၈ ဇွန်လ ၁၅ ည ၁၀ နာရီကျော်အချိန် မူစယ်-လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမပေါ်ရှိ ဝမ့်ဆွန်အွဲ့ (ကြံခင်းရွာ) ညောင်ပင် အနီး စားသောက်ဆိုင်ပိုင်ရှင်လင်မယားဖြစ်သည့် စိုင်းစံညွှန့် နှင့် နန်းရွှေကြည်တို့...

Latest news