ညောင်ရွှေ ကားသမားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်

သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့မှ ကုန်ခြောက်များတင်လာသည့် ကားသမားတစ်ဦးကို စစ်ကောင်စီ တို့က သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း စုံစမ်းသတင်းသိရသည်။

ဖြစ်စဉ်မှာယမန်နေ့ စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် ညောင်ရွှေမြို့မှ ကုန်ခြောက်များ နှင့် ပြောင်းဆန်တစ်ချို့ တင်ဆောင်လာသည့် ကားသည် စံကားကျေးရွာအနီးရှိ စစ်ကောင်စီတပ် နှင့် ထိပ်တိုက်တွေ့ပြီး တားမြစ်စစ်ဆေးမှုပြုလုပ်သည်ကို ကားသမားများက ကြောက်လန့်ကာ ထွက်ပြေးသဖြင့် သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သိရသည်။

“ကားသမားက ကုန်ခြောက်နဲ့ ပြောင်းတွေတင်လာတာ၊ စံကားမြို့အနီးက ထီရီကျေးရွာမှာ စကစတွေနဲ့ တွေ့ပြီး သူတို့က တားစစ်တယ်၊ ကားသမားက ကြောက်ပြီးတော့ မောင်းထွက်ပြေးတာ အဲ့ကြောင့် စကစတွေက သေနတ်နဲ့ ပစ်သတ်လိုက်တာတဲ့၊ ကျနော်တို့ကနေ သေနတ်သံ ၅ ချက်ထက်မနည်း ကြားရတယ်” ဟု ထီရီကျေးရွာနေ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါကားသမားသည် ညောင်ရွှေမြို့မှ လာသည် ဟုသာ သိရပြီး ၎င်း၏ နာမည် နှင့်နေရပ်လိပ်စာများကို မသိရသေးကြောင်း၊ စစ်ကောင်စီတို့ ပစ်သတ်လိုက်သည့် ၎င်း၏ ရုပ်အလောင်းကို စစ်ကောင်စီတို့က စံကားမြို့ရှိ တိုက်နယ်ဆေးရုံသို့ လာရောက်ပို့ဆောင်ကြောင်းလည်း

“မနေ့က ၅ နာရီကျော်ဝန်းကျင်မှာ စံကားဆေးရုံကို သေနတ်ဒဏ်ရာတွေနဲ့ အလောင်းတစ်လောင်းရောက်လာ ပါတယ်၊ ရင်ခွဲရုံကိုပို့ဖို့ ဆိုပြီးတော့ စစ်ကောင်စီတွေက ပြောတယ်၊ ဆေးရုံမှတ်တမ်းတင်ထားဖို့ ဘာကြောင့် သေဆုံးခဲ့ရလဲဆိုပြီး မေးတော့ စစ်ကောင်စီတွေက မပြောလို့ ဆေးရုံကလဲ လက်မခံဘူး”ဟု စံကားတိုက်နယ် ဆေးရုံ အသိုင်းအဝိုင်းမှ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိတွင် အဆိုပါ ကားသမား၏ ရုပ်အလောင်းကို စစ်ကောင်စီတို့က ညောင်ရွှေပြည်သူဆေးရုံသို့ ပို့ဆောင် ထားကြောင်းလည်း သတင်းများထွက်ပေါ်နေပြီး အဆိုပါ ကားသမား၏ နေရပ်လိပ်စာနှင့် အမည်များကို ဆက်လက်စုံစမ်းနေလျက်ရှိသည်။

အဆိုပါ ကားသမားပစ်ခတ်ခံရသည့် စံကားကျေးရွာ အနီးမှ ထီရီကျေးရွာသည် ပြီးခဲ့သည့် လ အတွင်းတွင် စစ်ကောင်စီ တပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့် နေရာဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီတို့က ၎င်းတို့၏ အင်အားများကို ဖြန့်ကျက်နေရာယူထား ကြောင်းလည်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...