သီပေါကျေးလက်ဘုန်းတော်ကြီးကျောင်းတကျောင်းမီးလောင် ရှင်သာမဏေတပါးပျံလွန်

(စိုင်းဟိန်းထွဠ် ရေးသားပေးပို့သည်) – သီပေါမြို့နယ် အတွင်း ကျေးလက်ဘုန်းကြီးကျောင်းတကျောင်း ယမန်နေ့ညက မီးလောင်မှုဖြစ်ပွားရာ အသက် ၉ နှစ် အရွယ်ရှိ ကိုရင်ငယ်တစ်ပါးမီးစွဲ ပျံလွန်တော်မူ သွားသည်ဟု ဒေသအတွင်းသတင်းရပ်ကွက်မှသိရ သည်။

Photo Credit to Sipaw Youth – မိုင်းလင်းဘုန်းကြီးကျောင်းမီးစွဲလောင်ကျွမ်းနေစဉ်

၂၀၁၉ အောက်တိုဘာ ၂ ရက် ည ၁၀ နာရီအချိန်တွင် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ အရှေ့တောင်ဘက် ၁၅ မိုင်အကွာရှိ မိုင်းလင်းကျေးရွာအုပ်စု မိုင်းလင်းဘုန်းတော်ကြီးကျောင်း မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖရောင်းတိုင်မီး ထွန်းရာမှ ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် အသက် ၉ နှစ် ခန့်ရှိ ရှင်ကုသလ ဆိုသည့် ကိုရင်လေးတပါး မီးလောင်ခံရပြီး ပျံလွန်တော်မူသွားခဲ့ရသည်။

မို်င်းလင်းကျောင်းထိုင်ဆရာတော် ပညာဇောတ က – “ တောရပ်က ဆိုတော့ လျှပ်စစ်မီးမရဘူးလေနော်၊ ည ကျရင်လည်း ဆိုလာပြား နဲ့မီးထွန်းတယ် ၈ နာရီလောက်ဆို မီးပိတ်ပြီး ကိုရင်တွေကိုအိပ်ခိုင်းတယ်။ ကိုရင်တွေ က ဖယောင်းတိုင်မီးထွန်းပြီး အိပ်ကြတယ် အဲတာကနေစပြီး မီးစလောင်တယ်။ ကျောင်းကသက်တမ်းရင့် ပျဉ်ထောင်ကျောင်းဆိုတော့ မိနစ်ပိုင်းပဲ မီးကအရမ်းမြန်တယ်။ အသက်လုပြီးပြေးရတော့ ဘယ်သူကျန်နေမှန်းမသိ။ ဘယ်သူလွတ်မြောက် သွား လဲမသိ။ ဒီလိုနဲ့ ကိုရင်ငယ်လေးက မီးထဲပါသွားတာ။ ကံတရားကြောင့်ပေါ့နော်။ စိတ်တော့ဘယ်ကောင်း မလဲ” ဟု မိန့်တော်မူသည်။

ပျံလွန်သွားသည့် ကိုယ်ရင်လေး ရှင်ကုသလသည် မိုင်းလင်းဇာတိဖြစ်ပြီးဖခင် ဦးစိုင်းဆန်ညွန့် မိခင် ဒေါ်ရွှေလီ တို့၏သားဖြစ်သည်။ ပြီးခဲ့သည့် နွေရာသီက သာသနာ့ဘောင်အတွင်း ၀င်ရောက်လာကာ ဗုဒ္ဓစာပေကျမ်းကန် များ သင်ယူနေသည့် ကျောင်သားကိုရင်လေးဖြစ်သည်။

မီးလောင်ချိန်တွင် နီးစပ်ရာကျေးရွာများ၊ သီပေါမြို့လူမူရေးကူညီရေးအသင်း နှင့် မီးသတ်အဖွဲ့တို့ သွားရောက်ကူ ညီခဲ့သည်။

သီပေါလူငယ်ကူညီကယ်ဆယ်ရေးမှ စိုင်းတူးလီ က – “ မီးစစလောင်ချိန်တော့ ကိုရင်ကမနိုးဘူး။ နိုးလာတဲ့အချိန်က မီးက တံခါးပေါက်ကနေ လောင်နေကုန်ပြီး၊ ထွက်လို့မရပဲ မီးလောင်ခံရတာဗျ” – ဟု ပြောသည်။

Photo Credit to Sipaw Youth – မိုင်းလင်းဘုန်းကြီးကျောင်းမီးစွဲလောင်ကျွမ်းနေစဉ်

မိုင်းလင်းကျောင်းတိုက်တွင် ဘုန်းတော်ကြီး အပါ အဝင် ရဟန်းသံဃာ ၈ ပါး သာရှိသည်။ ကျောင်းဆောင်မှာ မူ ရှေးဟောင်း သျှမ်းရိုးရာ လက်ရာ ကျောင်းဆောင်ကြီးဖြစ်သည်။ မိုင်းလင်းကျေးရွာ အုပ်စု ၀င် ကျေးရွာ ၆ ရွာကရွာသားများ ကိုးကွယ်ကြသည့်ကျောင်းဖြစ်သည်။

၂၀၁၉ ခုနှစ်အတွင်း တန့်ယန်းမြို့နယ် ၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ် အတွင်း ဘုန်းတော်ကြီးကျောင်း မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ယခု သီပေါမြို့နယ်အတွင်း ဘုန်းကြီးကျောင်းမီးလောင်မှုသည် ဒုတိယ အကြိမ် ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲမြို့ နေရပ်ပြန်ပြည်သူများ စစ်တပ် သတ်မှတ်ပေးသည့် ဘုန်ကြီးကျောင်းအတွင်း နေထိုင်ရ

0
သျှမ်းပြည် မိုးဗြဲမြို့သို့ နေရပ်ပြန်‌သည့် ဒေသခံများကို စစ်ကောင်စီ သတ်မှတ်ပေးထားသည့် ဘုန်ကြီးကျောင်းအတွင်းသာ နေထိုင်ခွင့်ပြုကြောင်း စုံစမ်းသိရသည်။ မိုးဗြဲမြို့ကို စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက် နေရပ်ပြန်သည့် ဒေသခံအချို့ကိုရပ်ကွက်အတွင်းတွင်နေထိုင်ခွင့်မပြုဘဲ စစ်ကော်မရှင် သတ်မှတ်ထားသည့် ဘုန်းကြီးကျောင်းအတွင်းသာ နေထိုင်စေပြီး အပြင်ထွက်သွားလာခွင့်ကိုလည်း ကန့်သတ်ထားကြောင်း...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...

သီပေါမြို့နယ် မိုင်းခေးဈေး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံးမှုရှိ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းထောင်ချီ ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) ည ၁၁ နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးထဲတွင် လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၁၀...

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

စစ်ကော်မရှင် သီပေါမြို့နယ်ထဲ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ

0
စစ်ကော်မရှင်သည် သီပေါမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၁၄)ရက် ညနေ ၄နာရီခွဲတွင် လေကြောင်းဖြင့် အဆက်မပြတ်ကြဲနေကြောင်း သတင်းရရှိသည်။ ထိုစစ်ကော်မရှင်လေကြောင်းဗုံးကြဲသည့်နေရာသည် သီပေါမြို့နယ် ဘော်ကြို၊ တိုးဂိတ်ဘက်တို့ဖြစ်ကြောင်း သီပေါမြို့ ဒေသခံတစ်ဉီးပြောပြချက်အရသိရသည်။ “ မြို့ထဲတော့ မပစ်သေးဘူး။ ၁၁ လုံးလောက်ရှိနေပြီ။ ဘယ်နားပစ်ချတာလဲတော့ အတိကျမသိဘူး။ မြို့နဲ့တော့ဝေးနေသေးတယ်။ တိုးဂိတ် ၊...