မိုးဗြဲမြို့ နေရပ်ပြန်ပြည်သူများ စစ်တပ် သတ်မှတ်ပေးသည့် ဘုန်ကြီးကျောင်းအတွင်း နေထိုင်ရ

သျှမ်းပြည် မိုးဗြဲမြို့သို့ နေရပ်ပြန်‌သည့် ဒေသခံများကို စစ်ကောင်စီ သတ်မှတ်ပေးထားသည့် ဘုန်ကြီးကျောင်းအတွင်းသာ နေထိုင်ခွင့်ပြုကြောင်း စုံစမ်းသိရသည်။

မိုးဗြဲမြို့ကို စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

ထို့နောက် နေရပ်ပြန်သည့် ဒေသခံအချို့ကိုရပ်ကွက်အတွင်းတွင်နေထိုင်ခွင့်မပြုဘဲ စစ်ကော်မရှင် သတ်မှတ်ထားသည့် ဘုန်းကြီးကျောင်းအတွင်းသာ နေထိုင်စေပြီး အပြင်ထွက်သွားလာခွင့်ကိုလည်း ကန့်သတ်ထားကြောင်း မိုးဗြဲမြေပြင် စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်တပ်က မိုးဗြဲကို ထိန်းချုပ်ထားတဲ့နောက် နေရပ်ပြန်တဲ့ ပြည်သူတွေရှိတယ်။ဒါပေမယ့် ရပ်ကွက်တွေမှာ နေခွင့် မပေးဘူး။ဘုန်းကြီးကျောင်းတွေမှာ နေခိုင်းတယ်။ အပြင်ထွက်လို့ မရဘူး။ပြည်သူတွေကို ထိန်းချုပ်ထား သလိုမျိုးဖြစ်နေတယ် ။”ဟု ၎င်းကပြောသည်။

ထိုနေရပ်ပြန် ဒေသခံများသည် မိုးဗြဲမြို့ (၄၂၂) တပ်အနီးရှိ ဘုန်းကြီးကျောင်းတကျောင်းတွင် နေထိုင်နေကြပြီး၊ ရပ်ကွက်အချို့နှင့် ဘုန်းကြီးကျောင်းတွင် ဒေသခံ ၂၀၀ ခန့်ရှိနိုင်ကြောင်း ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေး (IEC) အတွင်းရေးမှူး ဗညားခွန်အောင်က ပြောသည်။

“နေရပ်ပြန်လာတဲ့ ပြည်သူတွေရှိတယ်။စစ်ကောင်စီတွေက သတ်မှတ်ထားတဲ့ ဘုန်းကြီးကျောင်းတွေမှာ ၃ လ အနည်းဆုံးနေပြီး သူတို့က အချက်အလက်တွေ စိစစ်တယ်။ သတ်မှတ်ထားတဲ့ ဘုန်းကြီးကျောင်းတွေ မဟုတ်ရင်လည်း ရပ်ကွက်အချို့ မှာပဲပေး နေတာ။တချို့ရပ်ကွက်တွေကိုပြန်ဝင်လို့မရသေးတာကြောင့် ဘုန်းကြီးကျောင်းတွေမှာ ဆက်နေနေတာမျိုးရှိပါတယ်။”ဟု ၎င်းက ပြောသည်။

လက်ရှိ မိုးဗြဲမြို့ နောက်ခြမ်းတွင်လည်း စစ်ကောင်စီတပ် နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်ပြန်ပြည်သူများ သတိထား သွားလာရန် လိုအပ်ကြောင်း ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေး (IEC) အတွင်းရေးမှူး ဗညားခွန်အောင်က ဆက်ပြောသည်။

“ဖြစ်နိုင်ရင်တော့ စစ်ရှောင် စခန်းတွေမှာ နေဖို့ပြောချင်တယ်။ စစ်ဖြစ်နေတဲ့ နေရာတွေနဲ့ နီးနေတဲ့ အတွက်ကြောင့် အန္တရာယ်တွေများတယ်။ အချိန်မရွေးစစ်ပွဲတွေ ပြန်ဖြစ်နိုင်တာကြောင့် ပြည်သူတွေကိုလည်း သတိထားဖို့ လိုပါတယ်။”ဟု ၎င်းကပြောသည်။

လက်ရှိအချိန်ထိ ၂ နှစ်ကျော်ကြာ စစ်ဘေးရှောင်နေရသည့် မိုးဗြဲမြို့ ဒေသခံအများစုသည် နေရပ်မပြန်နိုင်ဘဲ မိုးဗြဲမြို့ အနီးရှိ ကျေးရွာများ၊ တောတောင်များအတွင်းရှိ စစ်ဘေးရှောင်စခန်းများ နှင့် ကရင်နီပြည် အတွင်း ပျံနှံ့စစ်ရှောင်နေကြသည်။

ပြီးခဲ့သည့် ရှေ့ပတ် မေလ ဒုတိယပတ်အတွင်းတွင်လည်း မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်နိုင်ရန် အတွက် မြေပြင်ထိုးစစ်ဆင်ခဲ့ပြီး ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

0
သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ် မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...