အဖမ်းခံရသည့် တာမိုးညဲမြို့ ရဲတပ်ဖွဲ့ဝင် ၄ ဦး ယနေ့တိုင် မလွှတ်သေး

သျှမ်းပြည်နယ် မြောက်ပိုင်း တာမိုးညဲမြို့ မုံးစီးကျေးရွာ အုပ်စု ရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံရမှုတွင်  ယနေ့တိုင် ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။

Photo Credit to KNG news- ကွတ်ခိုင် -တာမိုးညဲ-မုံးစီး တည်နေရာပြမြေပုံ

မုံးစီးကျေးရွာ အုပ်စု ရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ ၄ ဦး ကို   တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့ က  စက်တင်ဘာ ၂၉ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားရာ  ယနေ့တိုင် ပြန်မလွှတ်ပေးသေးကြောင်း သျှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဇော်ခင်အောင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ အခုထိတော့ ပြန်မလွှတ်သေးဘူး။ သူတို့ လောဆယ်တော့ ညှိနှိုင်းဆောင်ရွက်နေတုန်းပါ။ ဘာမှ သတင်းမကြားသေးဘူး။ ဘယ်အဖွဲ့အစည်းဆိုတာ တိတိကျကျ မသိသေးဘူး” ဟု ရဲမှူးချုပ် ဇော်ခင်အောင် က ဆိုသည်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားသည့် လက်နက်ကိုင် တပ်ဖွဲ့ က သက်ဆိုင်ရာ စခန်းမှူး၏ ဇနီးထံ ဖုန်းဆက်ကာ စိတ်မပူရန်နှင့် စိစစ်ပြီး ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း  ဖုန်းဆက် အကြောင်းကြားခဲ့သည်ဟုလည်း ရဲမှူးချုပ် ဇော်ခင်အောင် ကပြောသည်။

“သက်ဆိုင်ရာ စခန်းမှူး ဇနီးကို ဖုန်းဆက်တယ်။ စိတ်မပူနဲ့ စစ်ဆေးပြီးရင် ပြန်လွှတ်ပေးမယ်လို့ ပြောပါတယ်။ တရားဝင်တော့ ကျနော်တို့မသိသေးဘူး” ဟု ရဲမှူးချုပ် ဇော်ခင်အောင် ကပြောသည်။

လက်နက်ကိုင် တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသူများမှာ မုံးစီးကျေးရွာ အုပ်စု ရဲစခန်း မှ ရဲအုပ်၊ ဒု ရဲအုပ်၊ တင်ကြပ်ကြီး နှင့် ဒုတပ်ကြပ် တို့ ဖြစ်ကြောင်း သိရသည်။

မုံးစီးကျေးရွာ အုပ်စု တွင် အရပ်ဝတ် ဖြင့် လူထုထံ ပိုက်ဆံကောက်နေသည်ဆိုသည့် သတင်းကြားရသဖြင့် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တားအိုက်ကျော် က မီဒီယာများကိုဖြေကြားခဲ့သည်။

“  ဖမ်းဆီးစစ်ဆေးကြည့်တော့ လက်ပစ်ဗုံးပါတယ်၊ ငွေကောက်ခံတဲ့ ပြေစာပါတယ်။ သူတို့က မုံးစီး ရဲစခန်းကလို့ပြောတယ်” ဟု တားအိုက်ကျော် က မီဒီယာများအား ဖြေကြားထားသည်ကိုတွေ့ရသည်။

သို့သော်  TNLA  အား သျှမ်းသံတော်ဆင့် က သီးသန့် ဆက်သွယ် မေးမြန်းရာတွင် ဆက်သွယ်၍မရခဲ့ပေ။

ထိုဒေသတွင် TNLA၊ ကိုးကန့် အဖွဲ့ (MNDAA) နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIA)တို့ လှုပ်ရှားသည့်နေရာ ဒေသ ဖြစ်သည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...