Wednesday, January 28, 2026

တကျော့ပြန်ကူးစက်ပြန့်ပွါးလာတဲ့ ဆင်တုပ်ကွေး သျှမ်းပြည်မှာအဖြစ်များ

ဆင်တုပ်ကွေး ၊ မျောက်တုပ်ကွေးလို့ မြန်မာနိုင်ငံက အမည်ပေးခေါ်ဆိုတဲ့ ကိုက်ခဲယားယံမှုတွေနောက်ဆက်တွဲ ဖြစ်စေတဲ့ ချိကွန်းကန်းယား တုပ်ကွေးမျိုးကို ယခုနှစ် ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားကူး စက် ပျံ့နှံ့နေပါတယ်။ သျှမ်းပြည်နယ်ထဲမှာလည်း ဒီတုပ်ကွေးရောဂါအဖြစ်များနေပါတယ်။ ဒီတုပ်ကွေးအတွက် ကာကွယ်ဆေး သီးသန့် မရှိသေး ဘူးလို့လည်းကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ ဒီရောဂါကူးစက်ခံရရင် လူ့အသက်အတွက် ဘယ်လောက် အန္တရယ်ပြု နိုင်ပါသလဲ ။


ချိကွန်းကန်းယား လို့ခေါ်တဲ့ တုပ်ကွေးရောဂါဟာ ကူးစက်လွယ်တဲ့ရောဂါဖြစ်ပြီး နောက်ဆက်တွဲ အကျိုးဆက်ဖြစ်တဲ့ ကိုက်ခဲမှု နဲ့ယားယံမှုပြသနာကြောင့် ဒီတုပ်ကွေးကို ဆေးကုသမှုထက်ကြိုတင် ကာကွယ်သင့်တယ်လို့ ဒေါက်တာနန်းကျိန်နွမ်ဖောင်က ပြောပါတယ်။

“ချိကွန်ကန်းယားလို့ခေါ်တဲ့တုပ်ကွေးရောဂါက ဘာကြောင့်ဖြစ်လဲဆိုလို့ရှိရင် ရောဂါပိုးကူးစက်ခံထားရတဲ့ အေးဒီးစ် ခြင်အမျိုးအစားပေါ့နော်။ အဲဒီခြင်မ ကနေပြီးတော့လူကိုကိုက်တယ်။ သူ့ရဲ့တံတွေးကနေတဆင့်လူတွေရဲ့ကိုယ်ခန္ဓာထဲကို ရောဂါပိုးဝင်လို့ ကူးစက်ခံရခြင်းဘဲဖြစ်ပါတယ်။ အဓိကက ခြင်ကနေကူးစက်တယ်ဆိုတော့ ခြင်ကိုက်မခံရအောင်နေရမှာ ပေါ့နော်။ ဗိုင်းရပ်စ်ဆိုတဲ့ဟာတွေက လူတွေရဲ့ကိုယ်ခံအား ကျနေချိန်မှာ ၀င်တဲ့ဟာမျိုးဖြစ်တော့ ကိုယ်ခံစွမ်းအားမြင့်အောင် အမြဲသတိထားပြီးတော့မှ နေထိုင်ရမယ်။ အဟာရမျှတအောင်စားမယ်။ အခုဆိုရင် ချိကွန်ကန်းယားဗိုင်းရပ်စ်ကိုပျောက်စေ တဲ့ကာကွယ်ဆေးဆိုတာမရှိသေးပါဘူး။ အဲတာကြောင့်မဖြစ်အောင်ကြိုတင်ကာကွယ်ပြီး နေတာကတော့အကောင်းဆုံးပါ။”

ဒီဗိုင်းရပ်စ်ပိုးဝင်ပြီးနောက်ခန္ဓါကိုယ်ဟာ ဆင်နင်းတယ်ထင်ရအောင်ကိုက်ခဲနာကျင်မှုတွေဖြစ်ပြီးတဲ့နောက် ယားယံပူစပ်တဲ့ အနီအစက်တွေပါထွက် အမြဲကုတ်ချင်နေတဲ့အတွက် မျောက်တုပ်ကွေးလို့ခေါ်ဆိုကြပါတယ်။ ဆင်တုပ်ကွေး ရောဂါလက္ခဏာကို ရောဂါကူးစက်ခံရတဲ့ တောင်ကြီးမြို့က စိုင်းကောန်းလျန်းက အခုလိုပြောပါတယ်။

“ညလည်းအိပ်လည်းမပျော်ဘူး ပူလည်းပူတယ်။ စောင်မခြုံရင်အေးတယ် စောင်ခြုံရင်ပူတယ်။ ချွေးလည်းထွက်တယ်။ စောင်ဖယ် လိုက်ရင်အေးတယ် အဲလိုတွေခံစားရတယ်။ ပြီးတော့ တကိုယ်လုံးကိုက်ခဲတယ်။ စားလည်းမရဘူး။ ကျနော်ဆင်တုပ်ကွေးမိမှန်းလည်းမသိဘူး။ ကျနော်ဆေးခန်းသွားပြမှ ဆင်တုပ်ကွေးမိတာ သိရတာ။ ဆင်တုပ်ကွေးပျောက်တော့ အနီအစက်တွေတကိုယ်လုံးထွက်တာ။ မျက်နှာတွေရောဘဲ။ ဆရာဝန်ပြောတယ် ဆင်တုပ်ကွေးကြောင့်ဖြစ်တာတဲ့ အနီရောင်အစက်က စိတ်မပူရပါဘူးတဲ့။”


ကိုယ်ခံအားအပေါ်မူတည်ပြီးတော့ ရောဂါဟာ ၅ ရက်ကနေ တပတ်အထိ ကြာမြင့်မှပျောက်တာဖြစ်တယ်လို့သိရပါတယ်။ သို့ပေမယ့် ရောဂါကြောင့်လူနာသေဆုံးတာတော့မရှိဘူးလို့ ဒေါက်တာနန်းကျိန်နွမ်ဖောင် ကပြောပါတယ်။

“ချိကွန်ကန်းယားကြောင့် လူနာသေဆုံးရတာတော့မရှိဘူး။ အဲ့ရောဂါကြောင့် ကိုယ်ခန္ဓာထဲကနေပြီးတော့ လုပ်ဆောင်နေတဲ့ ကိုယ်ခံအားအပိုင်းနဲ့ ပတ်သက်ပြီးတော့မှ အပြောင်းအလဲတွေဖြစ်သွားတတ်တဲ့အခါကျတော့ သွေးပေါင်ကျတာတွေဖြစ် တတ်တယ်။ ကြွက်သားတွေအရမ်းနာကျင်တာဖြစ်တတ်တယ်။ အနာမခံနိုင်လို့ရှော့ခ်ရတာတို့ သွေးပေါင်ကျတာကြောင့် ရှော့ခ်ရတာတို့ အဲလိုမျိုးတော့ရှိတယ်။ အဖျားအရမ်းတက်ရင် ကိုယ်ခန္ဓာရဲ့ရေဓါတ်ဆုံးရှုံးရတတ်တယ်။ လိုအပ်လို့ရှိရင် ဓါတ်ဆားဓါတ်တွေကို ပြန်ဖြည့်ဖို့တဲ့ ပုလင်းကြီးချိတ်တာတွေရှိရမယ်။ အဓိကအရေးကြီးတာက တကယ်ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ဆေးရုံဆေးခန်းတွေကိုပြသင့်ပါတယ်။ ”

ရောဂါကူးစက်ခံရမှုကနေကင်းဝေးအောင်ဆိုရင်တော့ ပြည်သူ့ကျန်းမာရေးဌာနကနေ ကြပ်မတ်ဆောင်ရွက်နေတာကို လူထုကနေလက်တွဲပူးပေါင်းပြီး ကာကွယ်ရင်တော့ ထိရောက်မှုရရှိမှာလို့လည်း ဒေါက်တာကျိန် ကပြောပါတယ်။

“အိမ်မှာနေရင်လည်း အဝတ်ကိုအရှည်တွေဝတ်မယ်။ ခြင်လိမ်းဆေးတွေလိမ်းနိုင်တယ်။ ညအိပ်တဲ့အခါမှာလည်း ခြင်ထောင်လေးထောင်ပြီးအိပ်မယ်။ ကိုယ့်ကလေးတွေကိုကျောင်းတွေမှာခြင်ကိုက်မခံရအောင် အကျီလက်ရှည်လေးတွေဝတ်ပေးမယ်။ ခြင်လိမ်းဆေးတွေလိမ်းပေးမယ်။ သူက လူနဲ့နီးနီးနားနားရှိ ရေကြည်တွေမှာပေါက်ဖွားတဲ့အတွက် ခြင်နှိမ်နင်းနည်းတွေဖြစ်တဲ့ ဖုံး၊သွန်၊လဲ၊ စစ် ဆိုတဲ့နည်းသုံးရပါမယ်။ ပြည်သူ့ကျန်းမာရေးဌာနကနေပြီးတော့မှ သေချာကြပ်မတ်ပြီးဆောင်ရွက်ပေးနေပါတယ်။ ”

လက်ရှိမှာတော့ ရောဂါ ကူးစက်ခံရတဲ့မြို့တွေဆိုရင် အိမ်တိုင်းနီးပါး ဖြစ်ပွါးကြပြီး ရောဂါကူးစက်ခြင်းမရှိတဲ့မြို့တွေဆိုရင်တော့ စိုးရိမ်ရတဲ့အခြေအနေမရှိကြောင်း မိုင်းပန်ပြည်သူ့ဆေးရုံက ဆရာမ ယိင်းဆီနွန်းက အခုလိုပြောပါတယ်။

“မိုင်းပန်မှာတော့ ရောဂါကူးစက်မှု မရှိသလောက်ပါဘဲ။ အဖြစ်များတာက လင်းခေးမှာပါ။ လင်းခေးခရိုင်ဆေးရုံဆိုရင် လူနာ ၄ ပုံ ၃ ပုံက ချိကွန်ကန်းယားတုပ်ကွေးလူနာတွေလို့ကျမတို့ကြားသိရပါတယ်။”

ချိကွန်ကန်းယားဗိုင်းရပ်စ်ဟာ အာရှ၊ အာဖ ရိက၊ ဥရောပနဲ့အမေရိကတိုက်တို့ရှိ နိုင်ငံ ပေါင်း ၆၀ ကျော်မှာဖြစ်ပွားပါတယ်။ အာရှ တိုက်၊ အာဖရိကတိုက်နဲ့ အိန္ဒိယတိုက်တွေမှာ ဖြစ်ပွားမှုအများဆုံး ဖြစ် ပြီး ခြင်ကျား ပေါက်ဖွားမှု များပြား တဲ့ နေရာတွေမှာ ရောဂါဖြစ်ပွါးဖို့အခွင့်ပိုများတယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ ၈ နှစ်တာကာလမှာ တကျော့ပြန်လည်ကူးစက်ပြန့်ပွါးခဲ့တာဖြစ်တယ်လို့လည်း ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးလူထုအတွက် အိမ်အထိ ကိုဗစ် အခမဲ့စစ်ဆေးပေးမှုအစီအစဉ်စတင်

0
စစ်အာဏာသိမ်းကာလ ကိုဗစ်တတိယလှိုင်းပျံ့နှံ့လာချိန် တောင်ကြီးဒေသခံ အများစု အိမ်တွင်း ကျိတ်ကုနေသော ကြောင့် ရောဂါထိန်းချုပ်နိုင်ရန် အခမဲ့ ကွင်းဆင်းစစ်ဆေးသည့်အစီအစဉ် စတင်နေကြောင်းသတင်းရရှိသည်။ အိမ်နေကာလ Stay At Home ကြေညာထားသည့် သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင်  တစ်လအ တွင်းကိုဗစ် ပိုးတွေ့လူနာ ၂၀၀၀ ကျော်ရှိလာပြီးနောက် ရောဂါပိုး ရှိမရှိကို...

ကာကွယ်ဆေးထိုးပြီးသော်လည်း ဟိုပုံးမြို့ ထွေအုပ်ရုံး ဝန်ထမ်းများ ကိုဗစ်ကူးစက်ခံရ

0
သျှမ်းပြည် တောင်ပိုင်းဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ရုံးဝန်ထမ်းများ ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးပြီး သော်လည်း ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံနေရကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။ ယခုလ သြဂုတ်လ ပထမပတ်မှ စတင်ကာ စစ်ကောင်စီ စီမံချက်အတိုင်း ထိုးရသည့် ကိုဗစ် - ၁၉ ကာကွယ်ဆေးများ ထိုးပြီးသည့်...

နောင်ချိုမြို့ ကိုဗစ်လူနာ အောက်စီဂျင် အခက်အခဲရှိနေ

0
Stay at home အိမ်နေကာလအဖြစ် ကြေညာထားခြင်းခံထားရသည့် သျှမ်းပြည် မြောက်ပိုင်းရှိ နောင်ချိုမြို့ နယ်တွင် ပိုးတွေ့ လူနာများအတွက် အောက်စီဂျင် အခက်အခဲ ရှိနေကြောင်း  သိရသည်။ နောင်ချို မြိုန့ယ်တွင် ကိုဗစ် - ၁၉ တတိယလှိုင်းမှ အတည်ပြုလူနာကို  ဇွန်လ ၁၆ ရက်မှ...

တာချီလိတ်မြို့နယ် အတွင်း ကိုဗစ် – ၁၉ ကူးစက် သေဆုံးမှုနှုန်း တိုးမြင့်နေဆဲ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကိုဗစ် - ၁၉ တတိယလှိုင်း အတွင်း ရောဂါပိုး ကူးစက်ခံရသူ အတည်ပြုလူနာများ အဆမတန်များပြားလာသည့် အပြင် သေဆုံးသည့် အတည်ပြုလူနာများလည်း များ ပြားလာကြောင်း သတင်းသိရသည်။ “တာချီလိတ်မြို့မှာ ကိုဗစ်ရောဂါနဲ့ သေဆုံးမှုနှုန်းမြင့်မားလာပါတယ်၊ မနေ့က ဩဂုတ်လ (၁၆) ရက်နေ့မှာ...

ဟိုမိန်းကာကွယ်ရေး ပြည်သူ့ စစ်ခေါင်းဆောင် ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရ

0
သျှမ်းပြည် တောင်ပိုင်းအတွင်း အခြေစိုက်လှုပ်ရှားသော ဟိုမိန်းနယ်ခြား ကာကွယ်ရေးပြည်သူ့ စစ်ခေါင်းဆောင် ကိုဗစ် - ၁၉ ကူးစက်ခံရကြောင်း သတင်းသိရသည်။ ဟိုမိန်းနယ်ခြားကာကွယ်ရေးတပ် ပြည်သူ့စစ်ခေါင်းဆောင် ဟု လူသိများကြသည့် ဟိုမိန်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေး နှင့် သက်သာချောင်ချိရေးအဖွဲ့ (လက်နက်ချ MTA အဖွဲ့/SSS ပြည်သူ့ စစ်)...