Tuesday, January 27, 2026

“ဝ”တောင်ပိုင်း ဟွေ့အော့တွင် စိတ်ကြွဆေးပြား ၁၈ သိန်း သယ်ဆောင်သူများ ဖမ်းဆီးရမိ

တောင်ပိုင်း ၀ တပ်ဖွဲ့များအခြေချရာ မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲရှိ ထိုင်းနယ်စပ် ဟွေ့အော့ရွာ နမ့်ယုမ်းကျေးရွာ အနီးတွင် စိတ်ကြွဆေးပြား ၁၈ သိန်း နှင့်အတူ သယ်ဆောင်သူများကိုပါ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

Photo by Nyi Rang/facebook-ဖမ်းဆီးရမိ မူးယစ်ဆေးနှင့်မူးယစ်သယ်ဆောင်သူများ

ဖြစ်စဉ်မှာ ယမန်နေ့  အောက်တိုဘာ ၁ ရက်နေ့က ဟွေ့အော့တပ်စခန်း နမ့်ယုမ်းကျေးရွာတွင် ၁၇၁ စစ်ဒေသကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဝါး ပို့ဆောင်ရန်သွားသည့် မူးယစ်မှောင်ခိုအဖွဲ့နှင့် “ ဝ” တပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်ကာ စိတ်ကြွဆေးပြား ၁၈ သိန်း သယ်ဆောင်သည့်  အမျိုးသား ၈ ဦး ၊ သေဆုံးသည့်အလောင်း ၂ လောင်းတို့ကို ဖမ်းဆီးရ မိကြောင်း သိရသည်။

Photo by Nyi Rang/facebook-ဖမ်းဆီးရမိ မူးယစ်သယ်ဆောင်သူများ

“   ၁၇၁ စစ်ဒေသကိုဖြတ်သန်းပြီး ထိုင်းနယ်စပ်ကိုမူးယစ်ဆေးဝါး သယ်ဆောင် မှုတွေလုပ်နေတယ်ဆိုတဲ့ သတင်းရထားလို့ပါ။ အဲ့ဒါနဲ့ ကျနော်တို့ မနေ့က မနက်ပိုင်း ဆေးပြား ၁၈ သိန်းနဲ့ အတူ မူးယစ်သယ်ဆောင်သူ ၈ ဦး နဲ့ အလောင်း ၂ လောင်းကို ဖမ်းဆီးရမိတယ်။ အခုတော့စစ်ဆေးနေဆဲပါ” ဟု ဦးညီရမ်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

အဆိုပါအဖွဲ့သည် မူးယစ်ဆေးဝါးများကို စစ်စိမ်းရောင်ကျောပိုးအိတ်များဖြင့် သယ်ဆောင် ကြောင်း၊ လက်ရှိ ဖမ်းဆီးရမိသူများသည် မြန်မာနိုင်ငံ တိုင်းရင်းသားများသာ ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးများသည် မည့်သည့် အဖွဲ့ ပိုင်ဆိုင်သည်ကို စစ်ဆေးနေကြောင်းလည်း ဦးညီရမ်း က ပြောသည်။

Photo by Nyi Rang/facebook- ဖမ်ဆီးရမိ မူးယစ်ဆေးနှင့် အလောင်း

“ ကျနော်သိရသလောက် ကတော့ တချို့ လွှတ်မြောက်နေတယ်။ ထိုင်းဘက် ကို ရောက်သွားတယ်လို့ ကြားတယ်” ဟုလည်း ဦးညီရမ်းက ထပ်လောင်းပြောကြားသည်။

“ဝ” တောင်ပိုင်းတွင် မကြာခဏ မူးယစ်ဆေးဝါး ဖမ်းဆီးရမိသဖြင့် မူးယစ်ဆေးဝါး ကို ယခင်ကထက် ပိုပြီးတားဆီးကာကွယ်သွားရန် မူဝါဒများ  ချမှတ်ခဲ့ထားကြောင်းလည်း ဦးညီရမ်း က ပြောသည်။

သြဂုတ် ၂၆ ရက်တွင်လည်း “ဝ” တပ်ဖွဲ့ တောင်ပိုင်း ၁၇၁ စစ်ဒေသတွင် မူးယစ်ဆေးဝါး နှင့် လက်နက်ကိုင် အဖွဲ့များကို ဖမ်းဆီး ရမိကာ သက်ဆိုင်ရာ အစိုးရထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းအရှေ့ UWSA (၁၇၁)တောင်ပိုင်းတပ် ဖမ်းမိသည့် စိတ်ကြွဆေးပြား ၁၄ သန်းကို စစ်ကော်မရှင်ထံလွှဲပေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA (၁၇၁) စစ်ဒေသအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး စိတ်ကြွဆေးပြား ၁၄ သန်းခန့်ကို စစ်ကော်မရှင်တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းသိရသည်။ စက်တင်ဘာလ (၂၉) ရက်တွင် မိုင်းတုံမြို့နယ် ဟွေအော်ကျေးရွာ၌ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA (၁၇၁) စစ်ဒေသအတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါး...

ထိုင်း-မြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ငါးသန်းနီးပါးကို “ဝ” တပ်ဖွဲ့ဖမ်းမိ

0
ထိုင်း-မြန်မာနယ်စပ် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့သို့ သွားရာလမ်းပေါ်တွင် စိတ်ကြွဆေးပြား ငါးသန်းနီးပါးကို အမျိုးသားတစ်ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း “ဝ” အဖွဲ့က ယနေ့ (စက်တင်ဘာ ၂၁)ရက်တွင် သတင်းထုတ်ပြန်သည်။ ယမန်နေ့ (စက်တင်ဘာလ ၂၀) ရက် ညနေ ၆ နာရီခွဲတွင် မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ ကျေးရွာတွင် မသင်္ကာဖွယ်လူများ...

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန်...

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တွင် စိတ်ကြွဆေးပြား အများအပြားဖမ်းမိ

0
ထိုင်း-မြန်မာ-လာအို (၃) နိုင်ငံ ဆုံရာ ရွှေတြိဂံဒေသမှလာသည့် သန်းနှင့်ချီရှိသော စိတ်ကြွဆေးပြားများသည် ထိုင်းနိုင်ငံအတွင်းသို့ ဆက်တိုက်ဝင်ရောက်လာပြီး ထိုင်းရဲတပ်ဖွဲ့ကလည်း လိုက်လံပိတ်ဆို့ဖမ်းဆီးခဲ့ရာတွင် ပြီးခဲ့သည့်ရက်ပိုင်းက မူးယစ်မှောင်ခိုသမားများနှင့် ထိုင်းအာဏာပိုင်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်က ချင်းရိုင်ခရိုင် မယ်ဖလုံမြို့နယ်အတွင်းရှိ...

ဖန်မြို့နယ် စွန့်ပစ်ထားသည့် ကားတစ်စီးထဲ စိတ်ကြွဆေးပြား ခုနှစ်သိန်းတွေ့ရှိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ဖန်မြို့နယ်အတွင်းရှိ ရွာသားတစ်ဦး၏ ခြံအနီးတွင် စွန့်ပစ်ထားသော ကားတစ်စီးထဲ စိတ်ကြွဆေးပြား ခုနှစ်သိန်း တွေ့ရှိခဲ့ကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်း မူးယစ်ဆေးဝါး သတင်းဌာနက ယမန်နေ့တွင် ရေးသားဖော်ပြသည်။ အဆိုပါစိတ်ကြွဆေးပြားများကို ယမန်နေ့ (စက်တင်ဘာလ ၉ ရက်) နံနက် ၇ နာရီအချိန်တွင် တွေ့ရှိခဲ့ပြီး စွန့်ပစ်ထားသော...