Wednesday, January 28, 2026

စီမံကိန်းတွေရဲ့ အကျိုးဆက်များ

ကမ္ဘာကျော် “Twilight over Burma” ဇာတ်လမ်းမွေးဖွားရာနေရာ လို့တင်စားခေါ်ဝေါ်နိုင်တဲ့ သီပေါမြို့ရဲ့ တခြားတဖက်မှာတော့ ယမ်းငွေ့ တွေနဲ့ လွှမ်းမိုးနေဆဲပါ။

သီပေါမြို့ အထွက် နမ္မတူ သွားလမ်း ဘက်ကိုကားနဲ့သွားရင် ၁၀ မိနစ် လောက်ကြာရင် စိတ်ခံစားချက်တွေက အလိုလို စိုးရိမ်မှုတွေ ဖြစ်လာပါတယ်။

အဲဒီလမ်းကြောပေါ်မှာ မကြာခဏ တိုက်ပွဲဖြစ်တဲ့အတွက် ဘယ်ကားသမားမှ မသွားချင်ကြပါဘူး။

လမ်းပေါ်မှာ ပြောက်ကျားဝတ်စုံ ဝတ်တဲ့ လက်နက်ကိုင်တွေ၊ စစ်ဝတ်စုံ ဝတ်တဲ့ မြန်မာ့တပ်မတော်တွေကို လည်း တွေ့ရပါတယ်။

လမ်းတလျှောက်မှာ “ ထိုနေရာတွင် ဂတ်စ် ပိုက်လိုင်း ဖြတ်သန်းသည့်နေရာ”ဆိုတဲ့ ဆိုင်းဘုတ်တွေလည်း နေရာတိုင်းမှာ တွေ့မြင်ရပါတယ်။

သျှမ်းပြည်မြောက်ပိုင်း ရွှေဂက်စ် ပိုက်လိုင်းဖြတ်သန်းသည့်နေရာ

ရွှေဂက်စ်ပိုက်လိုင်းဟာ မြန်မာနိုင်ငံ ကမ်းရိုးတန်း ရခိုင် ကနေ သျှမ်းတောင်တန်းမှ တဆင့် တရုတ်ပြည်သို့သွယ်တန်းတဲ့ ဂတ်စ် ပိုက်လိုင်းတခုဖြစ်ပါတယ်။

ထိုလမ်းတလျှောက်မှ မြန်မာ့တပ်မတော် နှင့် တအာင်း(ပလောင်) အမျိုးရွှေဂက်စ်ပိုက်လိုင်းဟာ သားတပ်မတော် TNLA တိုက်ပွဲဖြစ်သလို၊ TNLA နဲ့ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ( RCSS/SSA) တို့ မကြာခဏ ဖြစ်ပွားတဲ့နေရာပါ။

“ သီပေါမြို့ အထွက် ဆိုရင် အမဲရောင်၊ အညိုရောင်နယ်မြေလို့သတ်မှတ်ထားတယ်။ မိုတေ တံတားကြီးကျော်သွားတာနဲ့ ဘာမှ စိတ်မချရဘူး။ ဘာမဆိုဖြစ်လာနိုင်တယ်” လို့ သီပေါမြို့ ဒေသခံတဦးဖြစ်တဲ့ နန်းမွေနွံလျန်း က ပြောပြပါတယ်။

ထိုနယ်မြေ တလျှောက်မှာ တရုတ်ပိုင် ရွှေဂက်စ် ပိုက်လိုင်းရှိကြောင်း၊ ရွှေဂတ်ပိုက်လိုင်းကို ထိန်းချုပ်တဲ့ စက်ရုံ တရုံလည်း ရှိကြောင်း နန်းမွေနွံလျန်း က ပြောပါတယ်။

ရွှေဂက်စ်ပိုက်လိုင်း ဘေးမှာ နေထိုင်တဲ့ ဒေသခံ တွေ ဘဝဟာ နစ်နာဆုံးရှုံးမှုတွေက တော့ မြေလည်း ရှုံး၊ လူဘဝလည်း ရှုံးတယ်လို့ နန်းမွေနွံလျန်းက ဆိုပါတယ်။

“ ဒီနေရာတွေက တပ်တွေလက်နက်ကိုင်တွေ ရှိတော့ ရွာသားတွေ က ကြောက်စိတ်တွေနဲ့ နေနေရတယ်။ တိုက်ပွဲတွေဖြစ်တယ် ဒါပေမယ့် ရွှေဂက်စ်ပိုက်လိုင်း ကို ထိတာ တခါမှမကြားဖူးဘူး” လို့ လည်း သူမ က ထပ်လောင်း ပြောပါတယ်။

ရွှေဂက်စ်ပိုက်လိုင်း သွယ်တန်းပြီး နောက်ပိုင်းမှာတော့ နှစ်ပေါင်းများစွာ အတူယှဉ်တွဲ နေထိုင်ကြတဲ့ သျှမ်းနဲ့ တအာင်း(ပလောင်) လူမျိုးတွေကလည်း စိတ်ဝမ်းကွဲမှုတွေ ရှိလာတယ်လို့ လမ်းတလျှောက်ဒေသခံတွေ ပြောဆိုလိုက်ပါတယ်။

ရွှေဂက်စ်ပိုက်လိုင်းပြီးလာပြီး နောက်မှာတော့ တိုက်ပွဲတွေ စဖြစ်လာကြောင်း၊ လက်နက်ကိုင် အဖွဲ့တွေလည်း ပိုလာကြောင်းလည်း မန်စံ ဒေသခံတဦးဖြစ်တဲ့ စိုင်းဆေ က ပြောပါတယ်။

လမ်းတလျှောက်မှာ ရှိတဲ့ ကျေးရွာ ဒေသတွေဖြစ်တဲ့ မိုတေ၊ ပန်သပြေ၊ ပန်လုံ၊ မန်စံ တွေကတော့ နေ့တဓူဝ စိုးရိမ်မှုတွေ နဲ့ ရင်ဆိုင်နေရတာကို တွေ့မြင်ရပါတယ်။

သျှမ်းပြည်မြောက်ပိုင်း ရွှေဂက်စ် ပိုက်လိုင်းဖြတ်သန်းသည့်နေရာ

ရွှေဂက်စ်ပိုက်လိုင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း၊ တိုင်းရင်းသားလူမျိုး အချင်းချင်း မကြာခဏ တိုက်ပွဲဖြစ်ပေမယ့် ရွှေဂက်စ်ပိုက်လိုင်းကို တကြိမ်တခါမျှ ထိခိုက်မှု မရှိခဲ့ပေ။

“ ဒီမှာက တိုင်းရင်းသားလက်နက်ကိုင် တွေလည်း ကြောက်ရသလို မြန်မာ့တပ်မတော်လည်း ကြောက်ရ။ နောက် ပလောင် က သျှမ်းကိုတွေ့ရင်ကြောက်ရ။ သျှမ်းက ပလောင်ကိုတွေ့ရရင်လည်းကြောက်ရတဲ့ အခြေအနေပါ” ဟု ပန်လုံ ဒေသခံ တဦးဖြစ်တဲ့ လုံးရွှေ က ပြောပါတယ်။

ရွှေဂက်စ်ပိုက်လိုင်း လာရောက်ကတည်းက မြေယာတွေ သိမ်းဆည်းခံရပြီး၊ တချို့ နေရာတွေမှာ ဂက်စ်ပိုက်လိုင်း နဲ့ နီးကပ်မှု ရှိကာ စိုက်ပျိုးရန် ခက်ခဲကြောင်း လည်းဒေသခံများပြောပြချက် အရ သိရပါတယ်။

ထို့ပြင် တိုက်ပွဲ တွေ မကြာခဏ ထိတွေ့မှုတွေ နယ်မြေ မအေးချမ်းမှုတွေကြောင့် မိမိနေရပ်ကို စွန့်ခွာကာ တရုတ်ပြည်သို့သွားရောက် အလုပ်လုပ်ကိုင်နေရတာတွေလည်း ရှိကြောင်း မိုင်းမုကျေးရွာ က ပါ့အောင် က ပြောပါတယ်။

“ အခု ရွာမှာ ကလေးနဲ့ အသက်ကြီးတဲ့သူပဲ ကျန်ခဲ့တယ်။ ဘာမှ လုပ်စားလို့မရဘူး။ တိုက်ပွဲကလည်း ခဏခဏဖြစ်တော့ လယ်ယာလည်း လုပ်ရတာ အဆင်မပြေဘူး” ဟု ပါ့အောင် က ဆိုပါတယ်။

ထိုနေရာ က လူငယ်အများစုဟာ တရုတ်ပြည်သို့ သွားကာ စားဝတ်နေရေး ဖြေရှင်းနေရပါတယ်။

ရွှေဂက်စ်ပိုက်လိုင်း တည်ဆောက်စဉ်တွင် နစ်နာမှုတွေဖြစ်တဲ့ လယ်ယာမြေသိမ်းခံရပြီး လျော်ကြေးမပေးတာတွေ၊ ပေးသော်လည်း အပြည့်မပေး တာတွေကြောင့် လူမှုရေး ဆိုင်ရာ ထိခိုက်မှု ရှိကြောင်း တအာင်း ဥပဒေ ပြုရေး ဆိုင်ရာ အဖွဲ့ မှ မိုင်းမျိုးအောင် က ပြောပါတယ်။

“ ပိုက်လိုင်းဖြတ်သန်းသွားတဲ့ ခြံတွေ၊ လယ်တွေက ပကတိအတိုင်း ပြန်မကောင်းဘူး။ မြေဇာတွေဖြစ်ကုန်တယ်။ နောက်ပြီး ဂက်စ် ပေါက်မှုဖြစ်မှာကို စိုးရိမ်မှုတွေရှိတယ်။ ပိုက်လိုင်းတွယ်တုန်းက မူးယစ်ဆေးဝါး နောက်ဆက်တွဲဆိုးကျိုး၊ စစ်တပ်စခန်းတိုးချဲ့ တာတွေက ရှိနေတုန်းပဲ” လို့ မိုင်းမျိုးအောင် က ပြောပြပါတယ်။

စီမံကိန်းတခုလုပ်တော့မယ်ဆိုရင် မြန်မာ့တပ်မတော် ဟာ လုံခြုံရေး တပ်စခန်းတွေ တိုးချဲ့ ထားလေ့ရှိကြောင်း လည်း မိုင်းမျိုးအောင် ကဆိုပါတယ်။

ရွှေဂက်စ်ပိုက်လိုင်း စတင် လုပ်ဆောင်ကတည်းက တိုင်းရင်းသား တွေ မြေယာ ဆုံးရှုံးမှုတွေ ထိခိုက်မှုတွေ အများကြီးရှိပြီး၊ တိုင်းရင်းသားတွေအတွက် အကျိုးမရှိတဲ့ စီမံကိန်းတခုဖြစ်ကြောင်းလည်း ဒေသခံများပြောဆိုကြပါတယ်။

“ ပိုက်လိုင်းစလုပ်ကတည်းက တအာင်းလူထုထိခိုက်နစ်နာမှုတွေ အများကြီးရှိတယ်။ လက်ရှိအချိန်ထိလည်း ဘာမှ ကောင်းကျိုးမရှိပါဘူး။ အစိုးရနဲ့ တရုတ်အစိုးရကြား သဘောတူပြီး လုပ်တဲ့ စီမံကိန်းတခုပါ။ ဒေသခံ သဘောထား ဘာမှမပါပါဘူး” လို့ မိုင်းမျိုးအောင် က ပြောပါတယ်။

မြန်မာနှင့် တရုတ်နိုင်ငံကြား သွယ်တန်းထားတဲ့ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ အကျိုးအမြတ်တွေကို အစိုးရ က သျှမ်းပြည်နယ် ဘဏ္ဍာရေး ရန်ပုံငွေ သို့ခွဲဝေပေးရန် ၂၀၁၇ ခုနစ်တွင် သျှမ်းပြည်နယ် နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ် နန်းခမ်းအေး တောင်းဆိုခဲ့သေးပါတယ်။

သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ စီမံကိန်း ဝင်ငွေရဲ့ အမြတ် ၅ ရာခိုင်နှုန်းကို ပေးရန် မဖြစ်နိုင်ကြောင်း၊ ယင်းစီမံကိန်း ဆောင်ရွက်ရန် တရုတ်နိုင်ငံ မှ ချေးယူထားတဲ့ ချေးငွေ မကျေ သေးကြောင်း ကို လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန က ဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ပြန်လည် ဖြေဆိုခဲ့သေးပါတယ်။

ရွှေဂက်စ် ပိုင်လိုင်း စီမံကိန်းကို MOGE က ရင်းနှီးမြုပ်နှံရာ China Development Bank ထံမှ ချေးငွေယူရို ၈၆ ဒသမ ၁၆သန်း ဖြင့် ၂၀၁၀ခုနစ်မှ စတင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး တည်ဆောက်ရေး ကာလ ၃နှစ်ခန့် ကြာမြင့်ခဲ့ပါတယ်။

အဆိုပါ ပိုက်လိုင်း စီမံကိန်း ချေးယူငွေ အတိုး၊ အရင်းပေါင်း မှာ ယူရိုုငွေ ၁၀၃ ဒသမ ၆၄ သန်းအထိ ဖြစ်ကြောင်း သိရပါတယ်။

ရွှေဂက်စ်ပိုက်လိုင်းကတော့ နေ့စဉ် ထိုလမ်းတကြောမှတဆင့် တရုတ်ပြည်သို့ သွားနေသော်လည်း ထိုနေရာဒေသမှာနေထိုင်တဲ့ ပြည်သူတွေ ကတော့ ယမ်းငွေ့တွေ စစ်ရေး တင်းမာမှုတွေကို စိုးရိမ် ကြောက်ရွံ့ နေရပြီး စားဝတ်နေရေး အတွက် ခက်ခဲ ရုန်းကန်နေရဆဲပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်မြောက်ပိုင်းရောက် ရခိုင်ပြန် ရဲမိသားစုဝင်များ ကိုဗစ် -၁၉ အများအပြားတွေ့

0
သျှမ်းပြည် မြောက်ပိုင်းအတွင်းတွင် ပြောင်းလာသည့် ရခိုင်မှ ရဲဝန်ထမ်များနှင့် မိသားစုဝင်များ ကိုဗစ် -၁၉ ပိုး အများအပြားတွေ့ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇူလိုင်လ ၂၅ ရက်တွင် ရခိုင်ပြည် မောင်တောဒေသမှ သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့သို့ ပြောင်းရွှေ့ လာသည့် ရဲနှင့် မိသားစုဝင် ၃...

သျှမ်းတောင်တန်းပေါ်က CDM သမားတွေရဲ့ စိန်ခေါ်မှု

0
အသက် (၁၀)နှစ် အရွယ် သားငယ်ကို ချန်ထားပြီး၊ ထွက်ပြေးတိမ်းရှောင်နေရမယ်လို့ ကျန်းမာရေးဝန်ထမ်း တယောက်အနေနဲ့ တကြိမ်တခါမျှ သူမ မစဉ်းစားမိခဲ့ပေ။ သူမဟာ စစ်အာဏာသိမ်းမှုကို လက်မခံနိုင်တဲ့အတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်ခဲ့တဲ့ ကျန်းမာရေး ဆရာမတစ်ဦးဖြစ်ပြီး၊ ယခုကဲ့လို ထွက်ပြေးတိမ်းရှောင်နေရမှာကို မထင်မှတ်ခဲ့ပါ။ သူမဟာ သျှမ်းရှေ့ ဒေသ က...

သျှမ်းပြည်မြောက်ပိုင်းတွင် ကျပ်သိန်း ၂၂၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းဆီရမိ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နှင့် လာရှိုးမြို့တို့တွင် မူးယစ်ဆေးများကို ယမန်နေ့( ဒီဇင်ဘာ ၃ ရက်) တွင် ကျပ်သိန်း ၂၂၀ ကျော်ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ လာရှိုးမြို့နယ်တွင် လာရှိုး-မိုင်းယော် သွားကားလမ်းတွင် အိုက်ဆင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာတွင် ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့်ဘိန်းဖြူ အလေးချိန် ၅၀ ဂရမ်း (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်...

သျှမ်းမြောက်တိုက်ပွဲ  စစ်ဘေးရှောင် ၅၀၀၀ ကျော် ရှိလာ

0
သျှမ်းပြည်နယ်မြောက်ပိုင်းတွင် တကျော့ပြန် တိုက်ပွဲများပြန်လည် ပြင်းထန်လာသဖြင့် စစ်ဘေးရှောင် ၅၀၀၀ ကျော် တိုးများလာကြောင်း သိရသည်။ စစ်ဘေးရှောင် ၅၀၀၀ကျော်သည် သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ သိန္နီမြို့နယ်နှင့် နမ့်ခမ်းအတွင်းရှိ ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးအိမ်များတွင် ခိုလှုံနေထိုင်နေကြကြောင်း သျှမ်းပြည်နယ် မြောက်ပိုင်း လူမှု အဖွဲ့အစည်းများ ကောက်ခံထားသည့်...

တိုက်ပွဲကြောင့်အရပ်သားများ သေဆုံးမှု သျှမ်း/မြောက် လူသားစာနာမှုအဖွဲ့ ရှုပ်ချ

0
သျှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွါးနေသော တိုက်ပွဲနှင့်ပတ်သက်ပြီး ဒေသခံလူထု ထိခိုက်ဒဏ်ရာရ သေကြေ ပျက်စီးဆုံးရှုံးမှု အပေါ် ရှုပ်ချကြောင်း သျှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာ ထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ က ထုတ်ပြန်ကြေငြာလိုက်သည်။ သြဂုတ်လ ၁၉ ရက်နေ့က ကျရောက်သော ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှု အထိမ်းအမှတ်နေ့တွင် သျှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Humanitarian Strategic Team...