ဆီဆိုင်မြို့၊ ဝိန်းကောင်တံတားကို KNDF နှင့် PDF တို့ကမိုင်းခွဲဖျက်ဆီးခဲ့ဟု စစ်ကောင်စီသတင်းမှားဖြန့်

သျှမ်းပြည် ဆီဆိုင်မြို့နယ် ဝိန်းကောင်ကျေးရွာရှိ ဝိန်းကောင်တံတားကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု စစ်ကောင်စီက ဝါဒဖြန့်ချိနေလျက်ရှိသည်။

စစ်ကောင်စီတပ်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (CINCDS) မှ “ဒေသအတွင်း လူမှုစီးပွားရေးဘဝဖွံ့ဖြိုး တိုးတက်စေရေးနှင့် ပြည်သူများခရီးသွားလာမှု လွယ်ကူမြန်ဆန်စေရေးအတွက် အခြေခံအဆောက်အုံဖြစ်သည့် လမ်း၊ တံတားများ ဖောက်လုပ်တည်ဆောက်ပေးလျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများက လမ်း၊ တံတားများအား လက်လုပ်မိုင်း၊ လက်လုပ်ဗုံးများဖြင့် မိုင်းထေင်ဖောက်ခွဲ၊ တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရား နည်းပါးစွာဖြင့် ကျူးလွန်ပြုလျက်ရှိသည်” ဟုဆိုကာ ရေးသားဖြန့်ချိခဲ့သည်။

မူရင်းလင့် – https://archive.ph/DDnpQ

ထို့အတူ စစ်ကောင်စီဝါဒဖြန့် တယ်ရီဂရမ်ချယ်နယ်တစ်ခုဖြစ်သည့် PAN အကောင့်ကလည်း အဆိုပါအကြောင်းအရာကို ထပ်မံဖြန့်ချိထားပြီး ကြည့်ရှု့သူပေါင်း ၂ ထောင်ကျော်ရှိသည်။

မူရင်းလင့် – https://archive.ph/ndKP0

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် ထိုအကြောင်းအရာကို
ယုံကြည်စိတ်ချရသော မီဒီယာများနှင့်သက်ဆိုင်စစ်ဆေးခြင်းလည်းကောင်း၊ ဒေသခံများကို မေးမြန်းအတည်ပြုခြင်းလည်းကောင်း စစ်ဆေးမှုပြုလုပ်ခဲ့သည်။

ဆီဆိုင်မြို့မှ ဝိန်းကောင်ကျေးရွာအကြားရှိ ဝိန်းကောင်တံတားကို ဧပြီ ၂၇ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တို့မှ တော်လှန်းရေးတပ်ဖွဲ့များ၏စစ်ကူလမ်းကြောင်း မလာနိုင်ရန်အတွက် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ ဒေသခံနေအိမ်များကိုလည်း ဒရုန်း ၂ စီးဖြင့် ဗုံးကြဲခဲ့ကြောင်း Black Fox Southern Shan Local Defence Force တပ်ဖွဲ့ကို ကိုးကား၍ ဖယ်ဒရယ် FM သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

မူရင်းလင့် – https://shorturl.at/fyzIO

အလားတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO က “ဆီဆိုင်မြို့နယ် ဝိန်းကောင်ကျေးရွာအနီးရှိ သဘက်ချောင်းတံတားကို စစ်ကောင်စီတပ်ဖွဲ့က မိုင်းဖြင့်ဖော်ခွဲဖျက်စီးလိုက်သည်” ဟုဆိုကာ ဧပြီလ ၂၈ ရက်၌ ထုတ်ပြန်ထားသည်။

ထို့အပြင် ယုံကြည်စိတ်ချရသည့် သတင်းဌာနများတွင် ဆီဆိုင်မြို့အတွက် အရေးပါသည့် ဝိန်းကောင်ကျေးရွာမှ သဘက်ချောင်းတံတား (ဝိန်းကောင်တံတား) ကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တို့ မိုင်းခွဲ့ဖျက်စီးခဲ့သည်ဟု ဒေသခံနှင့် PNLO ထုတ်ပြန်ချက်ကိုကိုးကား၍ RFA သတင်းတစ်ပုဒ်တွင်လည်း ဖော်ပြထားသည်။

မူရင်းလင့် – https://shorturl.at/ikA04

ဒေသအတွင်း သတင်းဌာနတစ်ခုဖြစ်သည့် The People’s Voice (ခမ်းသားငေါဝ်း) ကလည်း ဆီဆိုင်မြို့နယ် ဝိန်းကောင်းကျေးရွာမှ သဘက်ချောင်းတံတားအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုင်းခွဲဖျက်စီးခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

မူရင်းလင့် – https://shorturl.at/lDLS4

ထို့ကြောင့် အထက်ပါ ဖော်ပြခဲ့သည့် အချက်အလက်တွေနှင့် တိုက်ဆိုင်စစ်ဆေးသည့် အခါမှာ ဆီဆိုင်မြို့၊ ဝိန်းကောင်တံတားကို KNDF နှင့် PDF တို့ကမိုင်းခွဲဖျက်စီးခဲ့ဟု စစ်ကောင်စီမှ ထုတ်ပြန်သည့် သတင်းအချက်အလက်များ မှားယွင်းနေကြောင်းတွေ့ရှိရသည်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီများသို့ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...