Thursday, January 29, 2026

ဆီဆိုင်မြို့နယ် ရေဖြူရွာ ဒေသခံ ၉ ဦးကို စစ်ကောင်စီဖမ်းဆီး

သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ရေဖြူရွာတွင် နေထိုင်သည့် ဒေသခံ ၉ ဦးကိုစစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။

မေလ ၆ ရက်တွင် ဆီဆိုင်မြို့နယ် ရေဖြူရွာထဲသို့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးဝင်လာစဉ် ထွက်ပြေးရန် ပြင်ဆင်နေသည့် ဒေသခံ ၉ ဦးကိုတွေ့ပြီး ဖမ်းဆီးလိုက်ကြောင်း ဆီဆိုင်မြို့ဒေသခံ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖမ်းခံရတာတော့ ၉ ယောက်ရှိတယ်။ အဲ့ထဲမှာ ကယန်းလူမျိုးပါတယ်၊ ကယားလူမျိုးပါတယ်။ ကျနော်ထင်တာတော့ ပုဒ်မ ၁၇ (၁) ပုံစံနဲ့ပဲ ဖမ်းသွားတာပဲထင်တယ်။ မတရားအသင်းအဖွဲ့ဝင်တွေကို ကူညီတယ် ဘာညာစွပ်စွဲပြီးတော့ ဖမ်းသွားတာပေါ့” ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူမှာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦးဖြစ်ပြီး၊ ထိုထဲတွင်ကိုယ်ဝန်သည် အမျိုးသမီး ၁ ဦးလည်း ပါဝင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ယမန်နေ့ (မေလ ၇) ရက်တွင် ထုတ်ပြန်ထားသည်။

လက်ရှိ ဖမ်းဆီးသွားသည့် ဒေသခံ ၉ ဦးကို စစ်ကောင်စီဘက်က မည်သည့်နေရာသို့ ခေါ်ဆောင်သွားခြင်း မသိရှိရသကဲ့သို့ ၎င်းတို့လည်း ပြန်လည်လွတ်မြောက်လာနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အလားတူ ဈေးသုံးပြီး ရေဖြူရွာသို့ပြန်လာသည့် အသက် ၃၇ နှစ်အရွယ် အမျိုးသား ၁ ဦးကိုလည်း စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO တို့က သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ ထိုအမျိုးသားဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်မှစ၍ ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဟု စစ်ကောင်စီက ထုတ်ပြန်ကြေညာ ပြီးသည့်နောက် မြို့မဈေးထဲရှိ ပစ္စသည်းများကို လေလံတင်ရောင်းချကာ အသစ်ပြန်လည်ပြုပြင်ခြင်း၊ စစ်ရှောင်းများကို နေရပ်ပြန်လာရန် ခေါ်ယူခြင်း စသည့်ဖြင့် လုပ်ဆောင်နေလျက်ရှိသည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် စစ်ကောင်စီသည် တိုက်ပွဲကြား ပြည်သူကိုဓားစားခံအဖြစ် လုပ်ဆောင်နေ သည်ဟု ဒေသခံများကပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...