အောင်ပန်းမြို့ ရေရှားပါးမှု ပိုဖြစ်လာ

သျှမ်းပြည် အောင်ပန်းမြို့တွင် ရေရှားပါးမှုကြောင့် ရပ်ကွက် အချို့နှင့် စစ်ဘေးရှောင် နေရာအချို့ ရေအခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

သျှမ်းပြည် အောင်ပန်းမြို့တွင် မတ်လ နောက်ဆုံးပတ်မှ စ၍ ယခု မေလထိ မြို့ဟောင်းရပ်ကွက်၊ မင်္ဂလာရပ်ကွက်နှင့် ကောင်းမူတော်ဘုန်းကြီးကျောင်း စသည့် ရပ်ကွက်နှင့် စစ်ဘေးရှောင်နေရာ အချို့တွင် ရေရှားပါမှု အခက်အခဲများ ကြုံတွေ့နေကြောင်း အောင်ပန်းမြို့ဒေသခံ အမျိုးသားတစ်ဦက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒါနဲ့ဆို ၂ လကျော်နေပြီ။ရှာတွေအခက်အခဲ ဖြစ်နေတဲ့ နေရာက ၈ နေရာလောက်ရှိတယ်။ စစ်ဘေးရှောင်တွေ အတွက်လည်း ခက်ခဲတာပေါ့။ သင်္ကြန်တွင်းတောင် မနားရဘူး။တချို့ကြတော့ ရေကမရှိ အလုပ်အကိုင် က ခက်ခဲ ဆိုတော့ တချို့အတွက်ကြတော့ ရေဝယ်သုံးဖို့က အဆင်မပြေကြဘူးလေ။ဝင်ငွေမရှိဘဲ ဝယ်မသုံးနိုင်လူတွေက ပိုခက်ခဲတာပေ့ါ။” ဟု အောင်ပန်းမြို့ဒေသခံ အမျိုးသားတစ်ဦကပြောသည်။

ထိုပြင် ရေဂါလံ ၆ ထောင်ခန့်ဝင်သော ၁၀ ဘီးကား ဖြင့် ရေများကို တစ်နေ့လျှင် ၃ ခေါက်ကူညီ ပို့ဆောင်မှုများ ပြုလုပ်ပေးနေပြီး၊ ရေရှာပေးသော နေရာများကို အဓိက ကူညီနေကာ ၁ လကျော်အတွင်း အကြိမ်ရေ ၇၀ ကျော်နေပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဆီဖိုးတွေလည်း အခက်အခဲရှိတာပေါ့။တချို့လည်းလှူကြပါတယ်။နေ့တိုင်းလိုလို‌ရေတွေလိုက် ကူညီနေရတာဆိုတော့ ကားဆီဖိုးကလည်း ၂၂ သိန်းလောက်ရှိသွားပြီ။ဆီဖိုးလည်း ခက်တယ်။ကျနော်တို့လည်း အကူအညီ လိုတာပေါ့။” ဟု ၎င်းက ဆက်ပြောသည်။

သျှမ်း-ကရင်နီနယ်စပ်တကြောမှ အောင်ပန်းသို့ ထွက်ပြေးသိမ်းရှောင်လာသူ နှစ်ထောင်ကျော်သည် လက်ရှိမှာ အလှူရှင် နှစ်လကျော်ကြာ မရှိသဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်နေကြောင်း သိရသည်။

သျှမ်း-ကရင်နီတကြော “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် ၂၀၂၃ နိုဝင်ဘာလ ဒုတိယပတ်မှ ထွက်ပြေးလာကြပြီး၊ လက်ရှိ စစ်ဘေးရှောင် နှစ်ထောင် ကျော်သည် သျှမ်းပြည် အောင်ပန်းမြို့ရှိ ဘုန်းကြီးကျောင်းများ နှင့် ဆွေမျိုးအိမ် များ သို့ လာရောက် စစ်ဘေးရှောင် နေကြကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...