Wednesday, January 28, 2026

ပင်လောင်း- တောင်ကြီးလမ်း စစ်ကောင်စီ စစ်ဆေးတင်းကြပ်၊ ငွေတောင်းနေ

သျှမ်းပြည် ပင်လောင်းမြို့မှ တောင်ကြီးမြို့သို့ သွားသည့် လိုင်းကားများကို စစ်ကောင်စီက ဂိတ်များတွင် ငွေကြေး အတင်းကြပ်တောင်း နေပြီးသဖြင့် ကားသမားများ အခက်အခဲကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

သျှမ်းပြည် “၁၁၁၁” စစ်ဆင်ရေး စသည့် နောက်ပိုင် ပင်လောင်းမှ တောင်ကြီးသို့ သွားသည့် လမ်းတကြောတွင် စစ်ကောင်စီနှင့် ရဲသားများအပါအဝင် ဂိတ်များတွင် စစ်ဆေးရေးတင်းကြပ်၍ ငွေအတင်းတောင်းနေကြောင်း ကြုံတွေ့သူ ကားသမား အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဂိတ်က ၃ ခုလောက်ရှိတယ်။လူပါလည်းကောက်တယ် မပါလည်း ကောက်တယ်။ စစ်ရှောင်တွေပါရင်လည်း ကောက်တယ်။အောင်ပန်းမှာ စစ်တာပိုကြမ်းတယ်။လွိုင်ကော်လမ်းခွဲနားပေါ့။သူတို့က ၁ သောင်းကနေ ၁ သိန်း ကျော်ထိကောက်တယ်။မလွယ်ဘူး ‌အခုက ပိုက်ဆံနဲ့ လမ်းခင်းနေရသလိုပါပဲ။”ဟု ကြုံတွေ့ခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ ငွေကြေးအဆမတန်တောင်ခံမှုများကြောင့် ကားသမားများ အခက်ခဲကြုံတွေ့နေရပြီး စားဝတ်နေရေးအတွက် ထိခိုက်လာနေကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော်တို့အတွက်က ရှုံးတယ် ပုံမှန်တောင်မရှိဘူး။ ဒီနောက်ပိုင်းထောက်ခံစာ မရှိရင်လည်း မတင်ရဲဘူးလေ။ ရဲလည်းပေးရတယ် ‌ယာဉ်ထိန်းရဲလည်းပေးရတယ်။ တခါတလေ ၁ သိန်းကျော်ထိပေးရတယ် ပုံမှန်မရှိဘူး။ အခုတောင်လူတင်ရင် ၁ ယောက် ၁သောင်းလောက်ပဲရတယ်လေ။ဆီဖိုးကလည်း ဈေးကြီးလာတယ်။ စားဝတ်နေရေးအတွက်ကလည်း ဒါက အဓိကအလုပ်ပဲလေ။”ဟု ကြုံတွေ့ခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၅ ရက်တွင်လည်း ပင်လောင်းမြို့နယ် လုံးပျဉ်ရွာ စစ်ရှောင် လင်မယားနှစ်ဦးသည် ရွာသို့ ဆိုင်ကယ်ဖြင့် ရိက္ခာပြန်ယူစဉ် ရွာမရောက်ခင် ဆိုင်းဘုတ်အနီးတွင် ဆိုင်ကယ်က မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...