Wednesday, January 28, 2026

ကျောက်မဲမြို့ မိုင်းငေါ့မြို့နယ်ခွဲ တွင် ဒေသခံလူထု ရက်ဆက်တိုက် မိုင်းနင်းမိနေ

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ မိုင်းငေါ့မြို့နယ်ခွဲတွင်ဒေသခံလူထု  ဆက်တိုက် မိုင်းနင်းမိနေကြောင်း သတင်းရရှိသည်။

Photo by Tin Maung Thein / မိုင်းနင်းမိပြီး ဒဏ်ရာရသူ တဦး

စက်တင်ဘာ ၂၁ နှင့် ၂၂ ရက်နေ့ က ကျောက်မဲမြို့ မိုင်းငေါ့မြို့နယ်ခွဲ ခင်းမ်မိုင် (ချုံးသစ်)ကျေးရွာအုပ်စု ခင်းမ်ကောင် (ချုံးဟောင်း) ကျေးရွာအနီး လက်ဖက် ခြံ သွားသည့်ရွာသားများ ၂ ကြိမ်ဆက်တိုက်မိုင်းနင်းမိရာ  အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ဒဏ်ရာရသူများကို ကျောက်မဲ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထား ကြောင်း ကျောက်မဲမြို့နယ်  လူမှုအဖွဲ့အစည်းများ ပြောပြချက် အရ သိရသည်။

“ မိုင်းငေါ့ ဘက်က မကြာခဏ မိုင်းနင်းမိတယ်။ သေတာတော့ သိပ်မရှိဘူး။ ဒဏ်ရာရတဲ့သူတွေပဲများတယ်” ဟု ကျောက်မဲ နမ့်ခုံး ပရဟိတအဖွဲ့ မှ လုံးစိုင်းကူး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

စက်တင်ဘာ ၂၁ ရက်နေ့က လင်မယား ၂ ဦးသည်လည်းကောင်း စက်တင်ဘာလ ၂၂ ရက်နေ့က အမျိုးသားတဦးသည်လည်းကောင်း မိုင်းများနင်းမိခဲ့ခြင်းဖြစ်ကြောင်းကျောက်မဲဒေသခံ လုံးစိုင်းကူး က ပြောသည်။

“၂၁ ရက်နေ့က မိုင်းနင်းမိတာက  အသက် ၃၅နှစ် အရွယ် စိုင်းအောင်မျိုးဝင်း   နဲ့ သူ့ဇနီး အသက် ၃၈နှစ် အရွယ် နန်းအေးဖြူပါ။ သူ့ယောက်ျားကကျောနဲ့ပေါင်မှာ ဒဏ်ရာရတာ။ မိန်းမဖြစ်သူကတော့   ဝမ်းဗိုက်ဇောင်းမှာ ဒဏ်ရာရတာ။  မိုင်းငေါ့ဆိုတာကတော့ တိုက်ပွဲတွေဖြစ်တဲ့နေရာ လက်နက်ကိုင်တွေများတဲ့နေရာပေါ့။ ဘယ်သူ့မိုင်းလဲဆိုတာတော့ ပြောဖို့ခက်တယ်လေ ” –  ဟု လုံးစိုင်းကူး ကပြာသည်။

Photo by Tin Maung Thein / မိုင်းငေါ့မြို့နယ်ခွဲ မှ မိုင်းနင်းမိပြီး ဒဏ်ရာရသည့် လင်မယားပုံ

လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် အရပ်သားပြည်သူရှိသည့်နေရာ တွင် တိုက်ပွဲဖြစ်ခြင်း၊မိုင်းထောင်ခြင်း များ မပြုလုပ်ရန် တိုက်တွန်းလိုကြောင်းလည်း ကျောက်မဲမြို့နယ် အမှတ်(၁) မဲဆန္ဒနယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ စစ်ဘက်ဆိုင်ရာက ဒါစစ်ရေး အလုပ်ဘဲလို့ ပြောပေမယ့် နင်းမိတာက အပြစ်မဲ့ပြည်သူလေ။ ဒါကြောင့်မိုင်းထောင်မယ်ဆိုရင် ပြည်သူတွေသွားလာတဲ့နေရာလေးတွေကို ရှောင်ရှားပေးစေချင်တယ်။ စစ်မဖြစ်စေချင်ဘူး။ လက်နက်ကြီးတွေ မိုင်းတွေ ရွာထဲနဲ့ ရွာအနီးပစ်တာချတာ မဖြစ်သင့်ဘူး။ မလုပ်သင့်ဘူး” ဟု စိုင်းထွန်းဝင်း က ပြောသည်။

ကျောက်မဲမြို့နယ် သည်တိုင်းရင်းသား လက်နက်ကိုင် ပေါင်းစုံ နေထိုင်သည့် နေရာ တခု ဖြစ်ပြီး၊ တိုက်ပွဲမကြာခဏ ဖြစ်ပွားနေရာလည်းဖြစ်သည်။  တိုက်ပွဲ ၏နောက်ဆက်တွဲအကျိုးဆက်ဖြစ်သော မြေမြှပ်မိုင်းကြောင့် အရပ် သားပြည်သူ ထိခိုက်မှု လည်း အရမ်းများသည့်ဒေသတခုဖြစ်သည်။

တအာင်းလူငယ်များအဖွဲ့မှ အချက်အလက်စုစည်းချက်အရ ကျောက်မဲမြို့နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း  မြေမြုပ်မိုင်းကြောင့် ဒဏ်ရာရသူ ဒေသခံ ၃၄ ဦး ရှိပြီး ထိုအနက် သေဆုံးသူမှာ ၁၀ ဦးရှိကြောင်း ယခုနှစ်စက်တင်ဘာလအတွင်းပင် မြေမြုပ်မိုင်းကြောင့် ကျောက်မဲမြို့နယ်တွင် ဒဏ်ရာရ ၄ ဦး သေဆုံးသူ ၄ ဦးရှိကြောင်း သိရပါသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲ စစ်တပ်ပြန်ဝင်လာပြီး TNLA နှင့်ဆက်စပ်သူများကို ဖမ်းဆီး၊ နေအိမ်ဆိုင်ခန်း ချိတ်ပိတ်

0
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကော်မရှင်တပ်က TNLA နှင့် ပတ်သက်ကြောင်း စွပ်စွဲခံရသူများကို စတင်ဖမ်းဆီးခဲ့ပြီး နေအိမ်ဆိုင်ခန်းများလည်း ချိတ်ပိတ်ခံရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က အလုံးစုံ ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်စဉ် အုပ်ချုပ်ရေးပိုင်း...

ကျောက်မဲစစ်ရှောင်နှစ်ဦး စပါးပြန်ယူစဉ် မိုင်းနင်းမိ၊ မိန်းကလေး ပွဲချင်းပြီးသေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး မိန်းကလေးတစ်ဦး ပွဲချင်းပြီ သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်...

ကျောက်မဲ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ပြစ်ကျေးရွာတွင် အသက် (၄၀) နှစ်အရွယ်ရှိ နန်းဟွမ်သည် မုံညင်းစိုက်ပျိုးရန် နေအိမ်ခြံဝင်းထဲ...

ကျောက်မဲမြို့ထဲ စစ်ကော်မရှင်တပ် ပြန်ဝင်ရောက်နေရာယူ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး မြို့ပြင်ဘက်တွင် သေနတ်ပစ်ခတ်သံများ ဆက်ကြားနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၁ ရက်) နံနက်ပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ခုခံကာကွယ်ခဲ့သည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး ယမန်နေ့တွင် မီးရှို့ခံထားရသည့် ဌာနဆိုင်ရာရုံးများတွင် နေရာယူထားကြောင်း...

ကျောက်မဲမြို့အနီး ၃ မိုင်အကွာ တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် အဆိပ်ဗုံးကြဲဟု TNLA ပြော

0
သျှမ်းပြည် ကျောက်မဲမြို့အနီး ၃ မိုင်ခန့်အကွာအဝေးတွင် စစ်ကော်မရှင်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၂၉ ရက်) နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် မြေပြင်ထိတွေ့တိုက်ပွဲသည်...