Tuesday, January 27, 2026

လင်မယားစကားများရာမှ မိသားစုအတွင်းပစ်ခတ်မှုဖြစ်ပွါး ၁ ဦးသေ

သျှမ်းပြည်မြောက်ပိုင်း ဟိုပန်မြို့နယ် ကောင်းဟုန်းရပ်ကွက်တွင် လင်မယား အခြေအတင် စကားများကြရာမှ ဇနီးနှင့်ယောက္ခမ များကို လင်ယောက်ျားဖြစ်သူက သေနတ်ဖြင့် ပစ်ခတ်ကြောင်း သတင်းရရှိသည်။

Photo by Sai Tun Lon Hopang -ဟိုပန်တွင် လင်ယောက်ျား၏ပစ်ခတ်မှုကြောင့်ဒဏ်ရာရှိသွားသည့်အိမ်သားအား ဆေးရုံတွင်တွေ့ရစဉ်

စက်တင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းတွင် စိုင်းသိန်းအောင်နှင့် နန်းခမ်းအောင် တို့လင်မယားသည် အချင်းချင်း စကားများရာ ဇနီးဖြစ်သူနှင့် ဇနီး၏မိဘ၂ ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး စိုင်းသိန်းအောင်မှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၄ ရက် ညနေပိုင်းတွင် စိုင်းသိန်းအောင်၏ ရုပ်အလောင်းကို နောင်ဟတ်ဟိုင်း အနီးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည် ကို တွေ့ရှိကြောင်း ဟိုပန်မြို့နယ် ဒေသခံ စိုင်းထွန်းလုံ က သျှမ်းသံတော်ဆင့်သို့ပြောသည်။

သေနတ်ပစ်ခံရသည့် နန်းခမ်းအောင်သည် ဘယ်ရင်အုံဘေး၊ ဘယ်လက်မောင်း၊ ခါး တို့တွင်ထိမှန်ပြီး အဖေဖြစ်သူ ဦးဆန်ရီ မှာ ဘယ်တံတောင်ဆစ် တချက် နှင့် အမေဖြစ်သူ ဒေါ်အေးဆင်း မှာ ဘယ်ရင်အုံ တချက်၊ ဘယ်လက်ကောက်ဝတ်တွင်တချက်ထိမှန်ဒဏ်ရာရခဲ့ကြောင်း စိုင်းထွန်းလုံ က ပြောသည်။

Photo by Sai Tun Lon Hopang-သားမက်၏ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားသည့် ယောက္ခထီး

“ အဖေနဲ့ အမေကတော့ သက်သာတယ်။ သမီးကတော့ အာရုံကြောထိသွားလို့ အောက်ပိုင်းသေချင် သလိုဖြစ်နေတယ်။ ခုမန္တလေး ကိုသွားခိုင်းတယ်။ ပစ်တဲ့ သူကတော့ မနေ့ညနေပိုင်းက ကိုယ့်ကိုယ်ကိုပြန်ပစ်သတ်ပြီး သေဆုံးသွားတယ်” ဟု စိုင်းထွန်းလုံ က ဆိုသည်။

ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိသည့် မိသားစုများကို လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသ နေရပြီး မိဘ ၂ ဦးမှာ ဒဏ်ရာ မစိုးရိမ်ရသော်လည်း နန်းခမ်းအောင် ၏ ဒဏ်ရာများသည် စိုးရိမ်နေ ရကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဟိုပန် မြို့မရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၇/ ၃၀၉ အရ အမှုဖွင့်ကာ အသေးစိတ်ကို စုံစမ်းနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပန် UWSA မှ ရာဇဝတ်မှုကျူးလွန်သူ (၇)ဦးကို လူစုလူဝေးရှေ့ သေဒဏ်နှင့် ထောင်ဒဏ် စီရင်ချက်ချ

0
သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လူသတ်မှုနှင့် မုဒိမ်းမှုကျူးလွန်သူ (၇) ဦးတို့ကို သေဒဏ်နှင့် ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၃၀ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် ပြည်သူ့တရားစီရင်ရေး အခမ်းအနားဟု...

UWSA ထိန်းချုပ်သည့် ဟိုပန်မြို့နယ် စက်သုံးဆီ အလုအယက်ဝယ်ယူနေ

0
သျှမ်းပြည် ဟိုပန်မြို့နယ်တွင် တရုတ်နိုင်ငံဘက်မှ ကုန်သွယ်ရေးလမ်းကြောင်းပိတ်မည့် သတင်းကြောင့် စက်သုံးဆီများကို အလုအယက် ဝယ်ယူနေကြကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၄ ရက်) နံနက်အစောပိုင်းမှ စတင်ပြီး ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရုတ်နိုင်ငံဘက်မှ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်မည့် သတင်းကြောင့် စက်သုံးဆီများကို အလုအယက်...

မူဆယ်မြို့ အတွင်း ပြည်သူ့ စစ်နှစ်ဖွဲ့ အချင်းချင်း ပစ်ခတ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့အတွင်း စစ်ကောင်စီလက်‌အောက်ခံ ပြည်သူ့စစ်အဖွဲ့ နှစ်ဖွဲ့ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာလ ၁၃ ရက်) နေ့လည် ၁၂ နာရီခွဲဝန်းကျင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်အတွင်းတွင် မြို့မပြည်သူ့စစ် အဖွဲ့ နှင့် နမ့်ဖတ်ကာပြည်သူ့ စစ်တို့ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွဲခဲ့ကြောင်း...

လောက်ကိုင်မြို့အတွင်း ပြည်သူ့စစ် အချင်းချင်း ပစ်ခတ်မှုမှ လေယာဥ်ဗုံးကြဲသည်အထိ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် လောက်ကိုင်မြို့အတွင်းတွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲဆက်လက် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ထို့တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ လေကြောင်းလိုင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည်အထိ တိုက်ပွဲပြင်းထန်ကြောင်း သိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်တွင်...

မူဆယ် ကားသမားတစ်ဦးကို သေနတ်အတုဖြင့် ခြိမ်းခြောက်ပြီး ဓားပြတိုက်သွား

0
သျှမ်းပြည် မူဆယ်မြို့တွင် ယာဉ်မောင်း ကားသမားတစ်ဦးကို အမျိုးသား ၂ ဦးက ခရီးလိုက်ပို့ပေးရန်ဟုဆိုပြီး သေနတ်အတုဖြင့် ခြိမ်းခြောက်ကာ ကားကိုဓားပြတိုက်သွားကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (မေလ ၁၆ ရက်) နံနက် ၇ နာရီဝန်းကျင်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်၊ ရွှေသမင်ကွက်သစ်ရှိ တရုတ်စာသင်ကျောင်းအနီး၌ အမည်မသိ...