Tuesday, January 27, 2026

မွေးဖွားခွင့်ယူထားတဲ့ မိုင်းရယ်မြို့နယ် က ကျောင်းအုပ်ကြီးရဲ့ အမျိုးသား သက်ငယ်မုဒိမ်းကျူးလွန်

“ အဝါရောင် ဆေးတလုံးကိုတိုက်လိုက်တယ်။ ကလေးက ဘာမှ မသိတော့ဘဲ အိပ်ပျော်သွား တယ်။ မနက်ရောက်တော့ သူ့ဘေးမှာ က ကျောင်းအုပ်ဆရာမကြီးရဲ့ယောက်ျား  ဖြစ်နေတယ်” လို့  အတင်းအဓမ္မပြုကျင့်ခံရတဲ့ အသက် ၁၄ နှစ်အရွယ် ကလေးမလေး ၂ ဦး ကို ကူညီပေး နေတဲ့ ကျောင်းဆရာမ တဦးက ပြန်ပြောပြပါတယ်။

စက်တင်ဘာလ ၁၅ ရက်ညနေပိုင်း က အသက် ၁၄ နှစ် အရွယ် မခင်အေး (အမည်လွှဲ)  ကို သျှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရယ် မြို့နယ် နားဖြန်းကျေးရွာအုပ်စု နမ့်ပါတင်ကျေးရွာမှာ တာဝန်ကျ ကျောင်းအုပ်ဆရာမကြီးရဲ့ အမျိုးသားက အတင်းအဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ ကျောင်းဆရာမက ပြောပါတယ်။

ကျောင်းအုပ်ဆရာမကြီး ရဲ့ အမျိုးသားက မခင်အေး တဦးတည်းကိုသာ အဓမ္မပြုကျင့်တာမဟုတ်ကြောင်း၊   လွန်ခဲ့တဲ့ ၆လပိုင်းတွင်လည်း အသက် ၁၄နှစ် အရွယ် မအေးမာ (အမည်လွှဲ) ကိုလည်း အတင်းအဓမ္မပြုကျင့်ခဲ့သေးကြောင်း ကျေးလက်အကြီးအကဲတွေကစစ်ဆေးရာမှာ သိရှိခဲ့ရတယ်လို့သိရပါတယ်။

ကျောင်းအုပ်ဆရာမကြီး နဲ့သူ့ အမျိုးသားဟာ မိုင်းရယ်မြို့နယ် နားဖြန်းကျေးရွာ အုပ်စု နမ့်ပါတင်ကျေးရွာတွင် ကုန်စုံဆိုင်ဖွင့်ထားပါတယ်။

ဖြစ်စဉ် က ကျောင်းအုပ်ဆရာမကြီးက မီးဖွားခွင့်ယူစဉ်  ခင်ပွန်း ဖြစ်သူ ဦးအောင်မျိုးထက်ကို ကုန်စုံဆိုင်မှာ ပစ္စည်းသိမ်းဖို့ ရွာပြန်ဖို့လွှတ်လိုက်ပါတယ်။

ဒါ့ကြောင့် ဦးအောင်မျိုးထက်ဟာ စက်တင်ဘာ ၁၅ ရက်နေ   ညနေပိုင်းက မခင်အေး ကို သန့်ရှင်းရေး လုပ်ဖို့ ခေါ်ယူရာကနေ အိပ်ဆေးတိုက်ပြီးအဓမ္မပြုကျင့် လိုက်တာဖြစ်တယ်လို့ ကလေး အမှုကို ကူညီပေးနေတဲ့ ကျောင်းဆရာမ က ပြန်လည် ပြောပြပါတယ်။

“ အဝါရောင် ဆေးတလုံး တိုက်ပြီး၊ မခင်အေး ဘာမှ မသိအောင် အိပ်ပျော်သွားပြီး အတင်းအဓမ္မပြုကျင့်ခဲ့ပါတယ်”

“ စသိသိချင်းတော့ ကလေးကို မေးတယ်။ သူတို့က ရှက်ပြီး ဘာမှမပြောကြဘူး။ ကျမလည်း ဘာလုပ်လို့လုပ်ရမယ်မှန်းမသိဘူး။  ဆရာမကြီးရဲ့ အမျိုးသားကိုတော့ အခု သူတို့ အချုပ်ထဲပို့ထားတယ်” – လို့ ကျောင်းဆရာမ ကပြောပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ အသက် ၁၄ နှစ် အရွယ် ကျောင်းသူ ၂ ဦးအနက် မအေးမာ မှာ မိဘ တွေ မရှိတော့ဘူးလို့သိရပါတယ်။

ကလေးငယ် ၂ ဦး အတင်းအဓမ္မပြုကျင့်ခံရမှုနဲ့ပတ်သက်ပြီး ကျောင်းအုပ်ဆရာမကြီး ရဲ့ အမျိုးသားက ခြိမ်းခြောက်မှု ရှိခဲ့ကြောင်း သိရပါတယ်။

“ အစက ကလေးတွေ မပြောရဲဘူး။ အဲ့ အတင်းအဓမ္မပြုကျင့်တဲ့ သူကလည်း ကလေးတွေကို ခြိမ်းခြောက်တယ်။ နင်တို့ အဖေ၊ အမေတွေကို ပြောပြရင် နင်တို့ကို ငါရိုက်မယ်။  သူများကို သွားပြောရင် နင့်အဖေ၊ အမေကို ထောင်ထဲပို့မယ် လို့ပြောတယ်”    ဆိုပြီး ခြိမ်းခြောက်ခဲ့ ကြောင်း  ဆရာမ ပြန်ပြောပြချက် အရ သိရပါတယ်။

မိန်းခလေး၂ ဦးမှာ အဓမ္မပြုကျင့်မှု  ဖြစ်ပြီးချင်း  ဆေးစစ်မှုဆောင်ရွက်ပေးဖို့ ကြိုးစား ခဲ့ပေမယ့်  ရဲစခန်း ထောက်ခံစာပါမှ  ဆေးစစ်ခွင့်ပေးမယ် လို့ဆိုတာကြောင့် ဖြစ်ဖြစ်ချင်း ဆေးမစစ်ရကြောင်း ဆရာမ က ပြောပါတယ်။

“ ဖြစ်လာတဲ့ရက်က ဆီးစစ်ဖို့သွားတယ်။ ရဲစခန်း ထောက်ခံစာ ပါမှ စစ်ပေးမယ်လို့ ပြောတယ်။ ဥက္ကဌ ကိုခေါ်တော့ သူက မယူသေးနဲ့ဦး။ စကားအရင်ပြောကြမယ်လို့ ပြောတယ်။ နောက် မှ လားရှိုးကို သွားစစ်ရတာ ”  လို့ ဆရာမ ပြောပါတယ်။

လက်ရှိမှာ ဆေးစစ် မှတ်တမ်းက ရဲစခန်းမှာသာ ရှိကြောင်းနဲ့  ဆေးစစ်ချက်မှာဘာတွေပါ သလဲဆိုတာ ဘယ်သူမှ မသိရကြောင်း ဆွေမျိုးတော်စပ်သူတွေကပြောပါတယ်။

ကျေးရွာတွင် နေထိုင်တဲ့သူတွေ ဖြစ်တဲ့အတွက် အမှုရင်ဆိုင်ရမှာကို စိုးရိမ်စိတ်၊ကြောက်စိတ်ကို အကြောင်းပြုကာ အတင်းအဓမ္မပြုကျင့်သည့် ကျောင်းအုပ်ဆရာမကြီး ရဲ့ အမျိုးသား က ငွေကြေးဖြင့် ကြေအေး ရန် ကြိုးစားနေကြောင်း သိရပါတယ်။

“ ငွေတွေနဲ့ပဲ ပြီးဖို့ ဒီတောင်ပေါ်မှာ ပဲအမှု ပြီးဖို့ပြောတယ်။ အမှုလုပ်ရင် ငွေကုန်မယ်ဆိုတော့ ကြောက်နေကြတယ်။ လူကြီးတွေက အဲ့လို ဆိုရင် ကျမတို့လည်း ဘာမှ မလုပ်နိုင်ဘူး။ ဘယ်သူ့ကိုမှလည်း မဆွေးနွေးနိုင်ဘူးလေ” ဟု လည်း ဆရာမ ဖြစ်ပျက်ခဲ့တဲ့ အကြောင်း ပြန်ပြောပါတယ်။

ကျောင်းအုပ်ဆရာမကြီး ရဲ့ အမျိုးသားဘက် က အသက် ၁၄ နှစ် အရွယ် ကလေးငယ် ၂ ဦး အမှုကို လျော်ကြေးငွေ ၁၀ သိန်းပေးပြီး ကြေအေးနိုင်အောင် ကြိုးစားပေမယ့် ရပ်မိရပ်ဖတချို့ နဲ့ ဆွေမျိုးတော်စပ်သူတွေ၊ ရပ်နီးရပ်ဝေးကနေလာရောက်ကူညီမှုပေးတဲ့မိတ်ဆွေတွေ အဖွဲ့အစည်းတွေက  သဘောမတူလို့ မအောင်မြင်ခဲ့ဘူးလို့  မိုင်းရယ် ဒေသခံ များက ပြောပါတယ်။

ကျေးရွာနေပြည်သူများ အနေနဲ့ ကလေးငယ် ၂ ဦး အတင်းအဓမ္မပြုကျင့်ခံရတဲ့ ကိစ္စကို ဥပဒေ တိုင်းသာ လိုက်နာဆောင်ရွက်ရန်၊ ငွေကြေးနဲ့ မကြေအေး စေချင်ကြောင်း ရဲစခန်းကို သွားရောက် ပြောဆိုထားကြပါတယ်။

ထိုကိစ္စနဲ့ ပတ်သက်ပြီး မိုင်းရယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ပြန်လည် မဖြေကြားခဲ့ပေ။

အတင်းအဓမ္မပြုကျင့်ခံရတဲ့ အသက် ၁၄ နှစ် အရွယ်ကျောင်းသူ၂ ဦး ကိစ္စကို  “  စက်တင်ဘာလ ၁၈ ရက်နေ့မှာဘဲဖမ်းဆီးပြီး အမှုဖွင့်ထားပါတယ်။ အတင်းအဓမ္မပြုကျင့် တဲ့သူက အခုအချုပ်ထဲရောက်နေပါပြီ။ ဒီအမှုကို ဥပဒေ အတိုင်းလုပ်ဖို့ အထွေထွေအုပ်ချုပ်ရေးမှူးကို အကြောင်းကြားထားတယ်” ဟု မိုင်းရယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော် က ပြောပါတယ်။

သက်ငယ်မုဒိမ်းမှုကို   ကျေးရွာအဆင့်ဆုံးဖြတ်ကြေအေးမှုကို   ပြုလုပ်ဖို့စီစဉ်နေကြတာ သိရတဲ့အတွက်  တရားဥပဒေ နည်းလမ်းအတိုင်း သွားဖို့  တိုက်တွန်းထားတယ်လို့လည်း စိုင်းသီဟကျော်က ပြောကြားပါတယ်။

“ကျေးရွာအဆင့်ဆုံးဖြတ် ကြေအေးကြတာမျိုးတော့မဖြစ်စေချင်ဘူး။ တရားရုံးသွားပြီး တရားသူကြီးရှေ့မှာ သွားစကားပြောကြစေချင်တယ်။ ဒါမှ တရားမျှတမှုရမှာပါ။ ကျနော်တို့လည်း ဝန်းရံစောင့်ကြည့်နေပါတယ်။ ” – လို့ စိုင်းသီဟကျော်ကပြောပါတယ်။

အရွယ်မရောက်သေးတဲ့ ကလေးငယ်ကို အလိုတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ခေါ်ယူပြီး အတူနေဆက်ဆံခြင်းဟာ သက်ငယ်မုဒိမ်းမှု မြောက်ကြောင်း အမျိုးသမီးအရေး ဆောင်ရွက် နေသူတွေက ပြောဆိုလိုက်ပါတယ်။

“ ကလေးတွေ အလိုတူတာ ဖြစ်စေ၊ မတူတာဖြစ်စေ၊ ဒီလိုအတူနေလို့မရဘူး။ဒါက သက်ငယ်မုဒိမ်းမှု မြောက်တယ်။ တရားဥပဒေ အတိုင်း လုပ်ရမယ်။ ငွေကြေးရော ဓလေ့ထုံးစံရော လုပ်လို့မရဘူး” လို့ သျှမ်းပြည်နယ် မြောက်ပိုင်း အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ နန်းနန်း က ပြောပါတယ်။

ကျေးရွာဒေသတွေမှာ အသိပညာပေးမှုတွေ အားနည်းတာတွေကြောင့် များသောအားဖြင့် အတင်းအဓမ္မမှုတွေ သက်ငယ်မုဒိမ်းမှုတွေဆိုရင် ရိုးရာ အရကြေအေးတာတွေ၊ ငွေကြေးနဲ့ ကြေအေးတာတွေ လုပ်ကြောင်း နန်းနန်းက ဆိုပါတယ်။

မြန်မာနိုင်ငံ မှာ သက်ငယ်မုဒိမ်းမှု တနှစ်ထက်တနှစ် ရာခိုင်နှုန်းများလာပြီး နေ့စဉ် နဲ့ အမျှ အရွယ်မရောက်သေးတဲ့ ကေးလငယ်တွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေရှိနေပါတယ်။

သက်ငယ်မုဒိမ်းမှု တွေကို အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ ထိ ချဖို့ ထောင်ဒဏ် တသက်တကျွန်း လွှတ်ရက်မရှိ ကျစေဖို့အတွက် အမျိုးသမီးအရေး ဆောင်ရွက်နေသူများ က တောင်းဆိုထားပါတယ်။

“ ကျမ အနေနဲ့ကတော့ ဥပဒေ ဘယ်လိုရှိလဲ။ ဥပဒေ အတိုင်းပဲ ကလေး ၂ယောက် အမှုကို လုပ်စေချင်တယ်။ ငွေကြေးနဲ့ မကြေအေးစေချင်ဘူး။ ဒီလို အမှုကို သိတတ်သူတွေ ရှိရင် ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်” လို့  သက်ငယ်မုဒိမ်းပြုကျင့်ခံရတဲ့  မိုင်းရယ်ကျောင်းသူ ၂ ဦးကို ကူညီပေးနေတဲ့ ဆရာမက တောင်းဆိုလိုက်ပါတယ်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...

မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို စစ်တပ်က ဗုံးကြဲတိုက်ခိုက်

0
မိုင်းရယ်မြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို စစ်ကော်မရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ လာမည့် ဇန်နဝါရီလ (၁၁) ရက်တွင် ပြုလုပ်ကျင်းပမည့် စစ်ကော်မရှင်ဦးဆောင်သော ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ်မြို့နယ်လည်း ပါဝင်သည်။ ယနေ့ (ဇန်နဝါရီလ ၉ ရက်) မနက် ၁၁ နာရီဝန်းကျင်တွင်...

လားရှိုး-မိုင်းရယ်ကြား ဈေးဆိုင်များကို ၂၀၂၆ အတွက် အခွန်ကောက်ရန် MNDAA မြေလာတိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များထံ ၂၀၂၆ ခုနှစ်အတွက် အခွန်ကောက်ခံရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မြေနေရာအကျယ်အဝန်း တိုင်းတာခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများထံ ၂၀၂၆...
Hsenwi_MNDAA_Learns_Burmese_Language_1

လားရှိုး- မိုင်းရယ်ကြား ဈေးဆိုင်ဆိုင်းဘုတ်များ တရုတ်စာထည့်ရန် MNDAA ညွှန်ကြား

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်ဆိုင်းဘုတ်များကို မြန်မာစာ၊ သျှမ်းစာအပြင် တရုတ်စာပါ မဖြစ်မနေ ထည့်သွင်းရေးသားရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ညွှန်ကြားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မိုင်းရယ် ဟိုယမှာ ဒေသခံစိစစ်ရေးကတ်လုပ်ရန် MNDAA စာရင်းကောက်၊ မလုပ်ပါလျှင် ဧည့်သည်အဖြစ် သတ်မှတ်မည်ဟုပြော

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာ (၁၆) ရွာတွင် ဒေသခံစိစစ်ရေးကတ် ပြုလုပ်ရန် စာရင်းကောက်ခံနေပြီး မလုပ်လျှင် ဧည့်သည်အဖြစ် သတ်မှတ်မည်ဟု ပြောဆိုကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၁၈) ရက်တွင် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ဟိုယကျေးရွာအုပ်စု၊ ကောင်းမောင်...