တိုက်ပွဲကြောင့် ကွတ်ခိုင်ဒေသခံ ၄၀၀ ကျော်စစ်ဘေးရှောင်နေရ

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကုန်းဆာကျေးရွာအနီး တွင်ဖြစ်ပွါးသော တိုက်ပွဲကြောင့် ဒေသခံလူထု ၄၀၀ ကျော် နေရပ်မှထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရသည်။

Photo by ကွတ်ခိုင် ပရဟိတ အဖွဲ့ -စက်တင်ဘာလ ၂၄ ရက်က ဖြစ်ပွါးသောတိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံရွာသားများ

စက်တင်ဘာလ ၂၄ ရက် ယမန်နေ့က ကွတ်ခိုင်မြို့နယ် ကုန်းဆာကျေးရွာ တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့်  အစိုးရတပ်မတော် တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ရှောင် ၄၀၀ ကျော်ရှိကြောင်းသိရသည်။

၎င်းနှင့်ပတ်သက်ပြီး ကွတ်ခိုင်မြို့ ဂရုဏာ လူမှု ကူညီရေး အသင်းမှ ဦးတင်ဝင်း က – ကုန်းဆာကျေးရွာ ဒေသခံ ၁၃၀ ကျော်မှာ မန်တုံရွာ သို့ စစ်ရှောင်နေရပြီး၊ လောမွန်ကျေးရွာ ဒေသခံ၊ မန်အိုင်ကျေးရွာ ဒေသခံ နှင့် ပါဂျူးကျေးရွာဒေသခံတို့မှာ ဘုန်ကြီးကျောင်းနှင့် ဘုရားကျောင်းများ သို့ စစ်ရှောင်နေရကြောင်း – သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ မနေ့က တိုက်ပွဲ ဖြစ်တော့ စစ်ရှောင်လာတဲ့သူတွေပါ။ အားလုံးက ၄၀၀ နီးပါးရှိမယ်။ ပါဂျူးကျေးရွာ ဘက်က အတွင်းပိုင်း ကျတော့ သွားရခက်တယ်။ လမ်းပန်းခက်ခဲတယ်” ဟု ဦးတင်ဝင်း ကပြောသည်။

ထို စစ်ရှောင်များအတွက် အစားအစာနှင့်ရေများလိုအပ်နေကြောင်း လည်း ဦးတင်ဝင်းက ပြောသည်။

တိုက်ပွဲနှင့် ပတ်သက်ပြီး ဦးတင်ဝင်းက “ ဒီနေ့ မနက်တော့ လက်နက်ကြီးသံတွေ ကြားနေရသေးတယ်။ အခုတော့ ငြိမ်သွားပြီ။ မနေ့ကတော့ တိုက်ပွဲပြင်းတယ်” ဟု ဆိုသည်။

Photo by ကွတ်ခိုင် ပရဟိတ အဖွဲ့ -စက်တင်ဘာလ ၂၄ ရက်က ဖြစ်ပွါးသောတိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံရွာသားများ

ကွတ်ခိုင်မြို့နယ် အတွင်း ယနေ့ TNLA နှင့် အစိုးရတပ်မတော် တို့ တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း၊ မြန်မာ့တပ်မတော် ဘက်မှ တဖက်သတ် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းသာ ဖြစ်ကြောင်း TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တားအိုက်ကျော် ကသျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ဒီနေ့ ကျနော်တို့တိုက်ပွဲမဖြစ်ဘူး။ မြန်မာ့တပ်ဘက် က တဖက်သက် လက်နက်ကြီးနဲ့ပစ်တာ။ တိုက်ပွဲမဖြစ်ဘူး” ဟု ဗိုလ်မှူး တားအိုက်ကျော် က ပြောသည်။

စက်တင်ဘာ ၁၇ ရက်နေ့ က မြောက်ပိုင်း မဟာမိတ် (၄)ဖွဲ့ နှင့် အစိုးရတပ်မတော်တို့ ကျိုင်းတုံတွင် တွေ့ဆုံဆွေးနွေးပွဲနောက်ပိုင်း ကျောက်မဲမြို့နယ် တွင် တကြိမ်၊ သီပေါမြို့နယ်တွင် တကြိမ် TNLA နှင့် အစိုးရတပ်မတော် တို့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းလည်း ဗိုလ်မှူး တားအိုက်ကျော်က ပြောသည်။

ညီနောင် မဟာမိတ် (၃)ဖွဲ့သည် တဖက်သတ် အပစ်ခတ်ရပ်စဲရေး ကို ဒီဇင်ဘာ ၃၁ ရက်နေ့ထိ တိုးမြှင့်လိုက်ပြီး၊ အစိုးရတပ်မတော်မှ စက်တင်ဘာ ၂၁ရက်နေ့တွင် စစ်တိုင်း (၅)တိုင်း တွင် တဖက်သတ် အပစ်ခတ်ရပ်စဲရေး ကုန်ဆုံးခဲ့ပြီး ထပ်မံ မတိုးခဲ့ကြောင်း သိရသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...