Wednesday, January 28, 2026

ညီနောင် မဟာမိတ် ၃ ဖွဲ့ တဖက်သတ် အပစ်ရပ် ဒီဇင်ဘာ လကုန်ထိ ထပ်မံတိုး

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ တဖက်သတ် အပစ်အခတ်ရပ်စဲရေး ကို ဒီဇင်ဘာလ ၃၁ ရက်ထိ တိုးမြင့်လိုက်ကြောင်း ယနေ့ထုတ်ပြန်ကြေငြာလိုက်သည်။

Photo Credit to PSLF/TNLA

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့် MNDAA ၊ တအာင်း TNLA နှင့် ရခိုင် AA တို့သည် ပြည်တွင်းစစ်ပွဲ ရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေး စာချုပ် (Bilateral Ceasefire Agreement) သဘောတူ လက်မှတ်ရေးထိုးမည့် တွေ့ဆုံ ဆွေးနွေးနိုင်ရေး လုပ်ငန်းများကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန် နှင့် လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲ များလျှော့ချ ရပ်တန့်ရန် တဖက်သတ် အပစ်ရပ်ခြင်း ကို ဒီဇင်ဘာ ၃၁ ရက်ထိ ထပ်မံ တိုးလိုက်ကြောင်း စက်တင်ဘာ ၂၀ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့သည် စက်တင်ဘာ ၉ ရက်မှ အောက်တိုဘာ ၈ ရက်နေ့ အထိ တလကြာ အပစ်ခတ်ရပ်ရန် ကြေညာခဲ့ပြီး၊ ယခုအခါ ဒုတိယ အကြိမ် ကြေညာချက် ထုတ်ခြင်းဖြစ်သည်။

ကြေညာချက် ကာလအတွင်း မြန်မာ့တပ်မတော် ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ တိုက်ပွဲမရှိဘဲ လက်နက်ကြီး အမြောက်အမြားဖြင့် ပစ်ခတ်တိုက်ခတ်ခြင်း ပြုလုပ်လာပါက ပြန်လည် ခုခံကာကွယ်သွားမည် ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယခုလ ၁၇ ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့၊ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် နှင့် မြန်မာ့တပ်မတော် တို့သည် ကျိုင်းတုံ တွင် တွေ့ဆုံကာ သဘောတူညီချက် ရ ချက် ရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညီနောင် မဟာမိတ်(၃)ဖွဲ့ တဖက်သတ် အပစ်ရပ် ၂လ ထပ်မံတိုး

0
၂၀၂၀ ရွေးကောက်ပွဲ တွင် ငြိမ်းချမ်းသည့် ပတ်ဝန်းကျင် တည်ဆောက်ပြီး ပြည်တွင်းစစ် ချုပ်ငြိမ်းရန် အတွက် ညီနောင် မဟာမိတ်(၃)ဖွဲ့ တဖက်သတ် အပစ်ရပ်ဆိုင်းခြင်း ထပ်မံ တိုးလိုက်ကြောင်း ကြေညာလိုက်သည်။ ညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်သည့် ကိုးကန့် တပ်ဖွဲ့ (MNDAA)၊ တအာင်း တပ်ဖွဲ့ (TNLA) နှင့်...

မြန်မာ့တပ်မတော်မှ တတိယ အကြိမ်မြောက် တိုင်းစစ် ဌာနချုပ် (၅) တိုင်း ကို ပစ်ခတ်ရပ်စဲရေး ၂ လ ထပ်မံတိုး

0
မြန်မာ့တပ်မတော် မှ တတိယကြိမ်မြောက် တိုင်းစစ်ဌာနချုပ် ၅ တိုင်းကို ပစ်ခတ်ရပ်စဲရေး ၂ လ ထပ်မံတိုးမြင့် ရပ်ဆိုင်းလိုက်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဇွန် ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ တိုင်းစစ်ဌာနချုပ် (၅) တိုင်းမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့မြောက်...