Wednesday, January 28, 2026

ညီနောင် မဟာမိတ်(၃)ဖွဲ့ တဖက်သတ် အပစ်ရပ် ၂လ ထပ်မံတိုး

၂၀၂၀ ရွေးကောက်ပွဲ တွင် ငြိမ်းချမ်းသည့် ပတ်ဝန်းကျင် တည်ဆောက်ပြီး ပြည်တွင်းစစ် ချုပ်ငြိမ်းရန် အတွက် ညီနောင် မဟာမိတ်(၃)ဖွဲ့ တဖက်သတ် အပစ်ရပ်ဆိုင်းခြင်း ထပ်မံ တိုးလိုက်ကြောင်း ကြေညာလိုက်သည်။

Photo by Shan Chaw Chaw/ စစ်ရှောင်များ ခေကွဲကျေးရွာမှ မိုင်းငေါ့သို့ ခြေကျင်လမ်းလျှောက်လာသည့်ပုံ

ညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်သည့် ကိုးကန့် တပ်ဖွဲ့ (MNDAA)၊ တအာင်း တပ်ဖွဲ့ (TNLA) နှင့် ရခိုက် တပ်ဖွဲ့ (AA) တို့သည် တဖက်သတ် အပစ်ရပ်ဆိုင်းရေးကို ၂၀၂၀ ခုနစ် ဇန်နဝါရီ (၁) ရက်မှ ၂၀၂၀ ဖေဖော်ဝါရီ ၂၉ ရက် နေ့အထိ ၂လ ထပ်မံ တိုးမြှင့်လိုက်ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။

ထို ညီနောင် မဟာမိတ် (၃)ဖွဲ့ သည် အပစ်ခတ်ရပ်ဆိုင်းရေး ဆိုင်ရာ စာချုပ် (Bilateral Ceasefire Agreement) နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ငြိမ်းချမ်းသော ပတ်ဝန်းကျင် ကို တည်ဆောက်ပြီး ပြည်တွင်းစစ် ချုပ်ငြိမ်း ကာ ငြိမ်းချမ်းရေး ကို ဖော်ဆောင်ရန် အတွက် တစ်ဖက်သတ်ရပ်ဆိုင်းခြင်း ဖြစ်သည် ဟု လည်း ကြေညာချက်တွင် ဖော်ပြထားသည်။

Photo by ညီနောင်မဟာမိတ်(၃)ဖွဲ့ ထုတ်ပြန်ချက်

သို့သော် ညီနောင် မဟာမိတ် (၃)ဖွဲ့ ဖက်မှ တဖက်သတ် အပစ်အခတ်ရပ်ဆိုင်းကြောင်း ကြေညာထားသည့် ကာလ အတွင်း မြန်မာ့တပ်မတော် မှ ထိုးစစ်ဆင်လာပါက ခုခံကာကွယ်သွားမည်ဟုလည်း ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းရေးသားထားသည်။

ညီနောင် မဟာမိတ် ၃ဖွဲ့ သည် စက်တင်ဘာ ၉ ရက်မှ အောက်တိုဘာ ၈ ရက်အထိ တလကြာ အပစ်ရပ် ကြေညာခဲ့ပြီး၊ ဒုတိယ အကြိမ်အနေဖြင့် စက်တင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ထိထပ်မံတိုးမြင့်ခဲ့သည်။

လက်ရှိသည် တတိယ အကြိမ် တဖက်သတ် အပစ်ရပ်ကြေညာထားခြင်းဖြစ်ကြောင်း သိရသည်။

ယခင်ညီနောင်မဟာမိတ်(၃)ဖွဲ့ အပစ်သတ်အပစ်ခတ်ရပ်စဲရေး ကြေညာထားသည့် ကာလအတွင်း သျှမ်းပြည်နယ်မြောက်ပိုင်း နှင့် ရခိုင်ပြည်နယ် အတွင်း နေ့စဉ်နှင့် အမျှ တိုက်ပွဲများဖြစ်ပွားကာ ဒေသခံများ လက်နက်ကြီးထိမှန်သေဆုံးနေရပြီး၊ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်စစ်ရေးပဋိပက္ခ တရုတ်က ဘယ်ဘက်ကို အမှန်တကယ် ရပ်တည်နေလဲ

0
သျှမ်းပြည်မြောက်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့တို့၏ စစ်ရေးပဋိပက္ခ တိုက်ပွဲများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောဆိုခဲ့သည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၁၄ ရက်) တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်၌ တွေ့ဆုံစဉ်...

ညီနောင် မဟာမိတ် ၃ ဖွဲ့ တဖက်သတ် အပစ်ရပ် ဒီဇင်ဘာ လကုန်ထိ ထပ်မံတိုး

0
ညီနောင်မဟာမိတ် ၃ ဖွဲ့မှ တဖက်သတ် အပစ်အခတ်ရပ်စဲရေး ကို ဒီဇင်ဘာလ ၃၁ ရက်ထိ တိုးမြင့်လိုက်ကြောင်း ယနေ့ထုတ်ပြန်ကြေငြာလိုက်သည်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့် MNDAA ၊ တအာင်း TNLA နှင့် ရခိုင် AA တို့သည် ပြည်တွင်းစစ်ပွဲ ရပ်တန့်ပြီး...