Wednesday, January 28, 2026

မြန်မာ့တပ်မတော်မှ တတိယ အကြိမ်မြောက် တိုင်းစစ် ဌာနချုပ် (၅) တိုင်း ကို ပစ်ခတ်ရပ်စဲရေး ၂ လ ထပ်မံတိုး

မြန်မာ့တပ်မတော် မှ တတိယကြိမ်မြောက် တိုင်းစစ်ဌာနချုပ် ၅ တိုင်းကို ပစ်ခတ်ရပ်စဲရေး ၂ လ ထပ်မံတိုးမြင့် ရပ်ဆိုင်းလိုက်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဇွန် ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

တပ်မတော်သတင်းမှန်နှင့်ပြန်ကြားရေးဌာနမှထုတ်ပြန်သော တတိယအကြိမ်မြောက် တဖက်သတ်အပစ်ရပ်ခြင်းကြေငြာချက်

အဆိုပါ တိုင်းစစ်ဌာနချုပ် (၅) တိုင်းမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့မြောက် တိုင်း စစ်ဌာနချုပ်နယ်မြေ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ အလယ်ပိုင်း စစ်ဌာနချုပ် နယ်မြေ နှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နယ်မြေ တို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို တိုင်းစစ်ဌာနချုပ်(၅) တိုင်း စစ်ရေး ဆိုင်ရာ လှုပ်ရှားမှု အားလုံးကို ပထမအကြိမ် အဖြစ် ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့ထိ လည်းကောင်း ၊ ဒုတိယ အကြိမ်ကို ၂၀၁၉ မေလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ လည်းကောင်း ရပ်ဆိုင်းခဲ့သည်။

ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းခြင်းမှာ တတိယအကြိမ်မြောက် တိုးမြှင့် ရပ်ဆိုင်း ခြင်းဖြစ်သည်။

စစ်ရေး ဆိုင်ရာ လှုပ်ရှားမှုများ အား ရပ်ဆိုင်း ပေးထားသည့် ကာလ အတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ စဉ်ဆက် မပြတ်ဆွေးနွေးဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တပ်မတော် အနေဖြင့် ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ ငြိမ်းချမ်းရေး အပေါ် မျှော်လင့်ချက်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့့အစည်း အားလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အား ယုံကြည်မှု အပြည့်ဖြင့် စစ်ရေး ဆိုင်ရာ လှုပ်ရှားမှု များ တိုးမြှင့် ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည် ဟု လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံး ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညီနောင် မဟာမိတ် ၃ ဖွဲ့ တဖက်သတ် အပစ်ရပ် ဒီဇင်ဘာ လကုန်ထိ ထပ်မံတိုး

0
ညီနောင်မဟာမိတ် ၃ ဖွဲ့မှ တဖက်သတ် အပစ်အခတ်ရပ်စဲရေး ကို ဒီဇင်ဘာလ ၃၁ ရက်ထိ တိုးမြင့်လိုက်ကြောင်း ယနေ့ထုတ်ပြန်ကြေငြာလိုက်သည်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့် MNDAA ၊ တအာင်း TNLA နှင့် ရခိုင် AA တို့သည် ပြည်တွင်းစစ်ပွဲ ရပ်တန့်ပြီး...