CATEGORY

သတင်း

သျှမ်းပြည်မြောက်ပိုင်းရောက် ရခိုင်ပြန် ရဲမိသားစုဝင်များ ကိုဗစ် -၁၉ အများအပြားတွေ့

သျှမ်းပြည် မြောက်ပိုင်းအတွင်းတွင် ပြောင်းလာသည့် ရခိုင်မှ ရဲဝန်ထမ်များနှင့် မိသားစုဝင်များ ကိုဗစ် -၁၉ ပိုး အများအပြားတွေ့ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇူလိုင်လ ၂၅ ရက်တွင် ရခိုင်ပြည် မောင်တောဒေသမှ သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့သို့ ပြောင်းရွှေ့ လာသည့် ရဲနှင့် မိသားစုဝင် ၃...

ကွတ်ခိုင် ကိုဗစ် လူနာ အလောင်းကို နေရပ်ပြန်သယ်ရန် ကြိုးစားနေမှုရှိ

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ်ဆေးရုံမှာ ဆေးကုသနေသည့် ကိုဗစ်-၁၉ ဖြင့် သေဆုံးသွားသည့် လူနာအလောင်းကို မိသားစုဝင်များ ရွာထဲပြန်သယ်ရန် ကြိုးစားနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇူလိုင် (၂၅) ရက်နေ့က အသက် (၅၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး ကိုဗစ်-၁၉ ဖြင့် သေဆုံးသွားကာ မိသားစုဝင်များကာ ထိုလူနာကို ကင်ဆာရောဂါ...

ကျောက်မဲ ဘိုးဘွားရိပ်သာနေထိုင်သူ (၁၄)ဦး ကိုဗစ်ကူးစက်ခံရ

သျှမ်းမြောက် ကျောက်မဲမြို့ရှိ သက်ကြီးစောင့်ရှောက်ရေးစင်တာတွင်ရှိသော ဘိုးဘွားများ ပြီးခဲ့သည့်ရက်ပိုင်းက ကိုဗစ် − ၁၉ ရောဂါပိုး ကူးစက်ခံရပြီး စိုးရိမ်နေရကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်က ပထမအသုတ် ဘိုးဘွား(၃)ယောက်ကို စစ်ကြည့်တာ ကိုဗစ်ပိုးစတွေ့တာပေါ့၊ နောက်တစ်ရက်ခြားမှာ ကျန်တဲ့ ဘိုးဘွားတွေကို ထပ်စစ်တော့လည်း ရောဂါပိုးရှိနေတာကို...

ကျေးသီးတိုက်ပွဲများငြိမ်သော်လည်း မိုင်းကိုင်ဘက်ရောက်စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း တိုက်ပွဲများငြိမ်သက်သွားသော်လည်း မိုင်းကိုင်မြို့နယ်နှင့်လဲချားမြို့နယ်ဘက်သို့ တိမ်းရှောင်ခိုလှုံလာသည့် စစ်ရှောင် (၆၀၀) နီးပါး နေရပ်သို့ မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။ ကျေးသီးမြို့နယ်အတွင်းရှိ တိုက်ပွဲများကြောင့် မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု နှင့် ကျေးသီးမြို့နယ် တို့ဘက်မှ ဒေသခံရွာသားများ လဲချားမြို့နယ်အထိ ရောက်ရှိစစ်ရှောင်ခိုလှုံလာကြခြင်းဖြစ်ပါသည်။ “ဘာကြောင့် သူတို့မပြန်သေးလဲဆိုတာ ကျနော်တို့လည်း...

တာချီလိတ် လောင်းကစားရုံမှ ကိုဗစ် ကူးစက်ခံရသူ (၃၀)ကျော်ရှိ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ ရောင်နီဦးကွင်းအတွင်း ဖွင့်လှစ်ထားသည့် ကာစီနိုနှင့် လောင်းကစား ရုံများတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရထားရသည့် အတည်ပြုလူနာ ၃၀ ကျော်ရှိကြောင်း စုံစမ်းသိရသည်။ ကိုဗစ်-၁၉ ကူးစက်မှုနှှုန်းမြင့်တက်လာသည့် အတွက် တာချီလိတ်မြို့ ကို Stay at Home...

နမ့်လန်မြို့နယ် သျှမ်းတပ် ၂ တပ် တိုက်ပွဲ ပြန်လည်ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့နယ် ဝမ်းစိမ်းကျေးရွာ ယနေ့ (ဇူလိုင် ၂၆) မနက် ၅ နာရီ တွင် RCSS/SSA နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့မနက်ပိုင်းဖြစ်ပွားသည့် တိုက်ပွဲတွင် လက်နက်ကြီးသံဖြစ်ပြီး နမ့်လန်မြို့ပတ်ဝန်းကျင်ထိ အသံကြားရကြောင်း နမ့်လန့်မြို့ဒေသခံ အမျိုးသားတဦး ကပြောသည်။ “ လက်နက်ကြီးသံတွေ...

ကျောက်မဲခရိုင် သေနတ်ထောက်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးခိုင်းနေသည့် သတင်းထွက်ပေါ်နေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲနှင့် သီပေါမြို့နယ်ရှိ ကျေးရွာတွင် လက်နက်ကိုင်တပ်ဖွဲ့ တချို့က သေနတ်ဖြင့်ထောက် ခြိမ်းခြောက်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနေသည်ဟု သတင်းထွက်ပေါ်နေ ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်အတွင်း လှုပ်ရှားသည့် လက်နက်ကိုင် တချို့ က ကျေးရွာပြည်သူများကို သေနတ်ဖြင့် ထောက်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို...

မြေမြုပ်မိုင်းကြောင့် သျှမ်းပြည်လူထု အသက်ပေါင်းများစွာ စတေးနေရဆဲ

သျှမ်းတောင်တန်းပေါ်မှာ လက်နက်ကိုင် ပဋိပက္ခ မကြာခဏ ဖြစ်ပွားပြီး၊ မြေမြုပ်မိုင်းတွေ အလွန်အကျွံအသုံးပြုကြောင့် ပြည်သူတွေ အသက်ပေါင်းများစွာ စတေးခဲ့ရသလို အသက်ရှင်လျက်နဲ့ သေဆုံးနေသူတွေ များစွာရှိနေပါတယ်။ ၂၀၁၁ နောက်ပိုင်းမှာ သျှမ်းမြောက် ကျောက်မဲ၊ နမ္မတူ၊ သီပေါ၊ ကွတ်ခိုင် နဲ့ နမ့်ဆန် ကြော တလျောက်မှာ မြေမြုပ်မိုင်း...

သျှမ်းမြောက် မြို့နယ်များ ရုတ်တရက်သေဆုံးမှု နေ့စဉ်ရှိနေ

သျှမ်းမြောက် မြို့နယ်များတွင် နေ့စဉ် ကိုဗစ်ရောဂါဖြင့် သေဆုံးသူ၊ ကိုဗစ်လက္ခဏာဖြင့် သေဆုံးသည့် သံသယလူနာများ နေ့စဉ်ရှိနေကြောင်း သိရသည်။ ယမန်နေ့ နံနက်ပိုင်းတွင်လည်း လာရှိုးမြို့ရှိ ဆေးခန်းတစ်ခုတွင် ဆေးခန်းပြရန် ထိုင်စောင့်နေသည့် အမျိုးသားတစ်ဦး ထိုင်လျက်သေဆုံးသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး “ဒီလို သေဆုံးမှုတွေက မကြာခဏကို ကြားနေရတယ်၊...

လင်းခေးပြည်သူများ မိမိအစီအစဉ်ဖြင့် အောက်ဆီဂျင်စက်ဝယ်ယူမည်

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်တွင် ပြည်သူများကိုယ်ထူကိုယ်ထစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကို ကုသရန်အတွက် အောက်ဆီဂျင်စက်ကို ဝယ်ယူမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ထိုအောက်စီဂျင်စက်ကို လင်းခေးမြို့တွင် တည်ထောင်ထားမည်ဖြစ်ကြောင်း၊ ထိုအောက်ဆီဂျင်ကို ခရိုင်အတွင်းရှိ လိုအပ်နေသည့်လူနာများကို ပို့ဆောင်ပေးမည်ဖြစ်ကြောင်း မိုင်းပန်မြို့နယ်ဆေးရုံမှ သူနာပြုဆရာမ နန်းဆီနွမ်းက ပြောသည်။ ထိုအောက်ဆီဂျင်စက်ကို ဝယ်ယူရာတွင် မည်သည့် အစိုးရလက်အောက်ဖြင့်ဝယ်ယူခြင်းမဟုတ်ကြောင်း၊ ပြည်သူများနှင့် သံဃာတော်တွေ...

Latest news