ကျေးသီးတိုက်ပွဲများငြိမ်သော်လည်း မိုင်းကိုင်ဘက်ရောက်စစ်ရှောင်များ နေရပ်မပြန်နိုင်သေး

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း တိုက်ပွဲများငြိမ်သက်သွားသော်လည်း မိုင်းကိုင်မြို့နယ်နှင့်လဲချားမြို့နယ်ဘက်သို့ တိမ်းရှောင်ခိုလှုံလာသည့် စစ်ရှောင် (၆၀၀) နီးပါး နေရပ်သို့ မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။

ကျေးသီးမြို့နယ်အတွင်းရှိ တိုက်ပွဲများကြောင့် မိုင်းကိုင်မြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု နှင့် ကျေးသီးမြို့နယ် တို့ဘက်မှ ဒေသခံရွာသားများ လဲချားမြို့နယ်အထိ ရောက်ရှိစစ်ရှောင်ခိုလှုံလာကြခြင်းဖြစ်ပါသည်။


“ဘာကြောင့် သူတို့မပြန်သေးလဲဆိုတာ ကျနော်တို့လည်း မသိရဘူး။ တိုက်ပွဲ ဖြစ်တာ မကြားတော့ဘူး။ ငြိမ်နေတယ်။ မပြန်ရဲလို့ မပြန်တာလားဆိုတာ ကျနော်တို့လဲ မသိဘူး” ဟု စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိ စစ်ဘေးရှောင် (၆၀၀) ခန့်အတွက် စားနပ်ရိက္ခာများ အဆင်ပြေနေသော်လည်း ရေရှည်အတွက် ကိုဗစ်-၁၉ ရောဂါကြောင့် စားနပ်ရိက္ခာများ အခက်အခဲဖြစ်လာနိုင်ကြောင်း ၎င်း အမျိုးသားက ဆိုသည်။

“ခုလက်ရှိက နေရာအခက်ခဲဖြစ်တယ်။ လူများတော့ အိပ်တဲ့နေရာတွေ ခက်ခဲတယ်။ ခုက အလှူရှင်တွေ ထောက်ပံ့ထားတဲ့ အစားအသောက်တွေရှိသေးလို့ အဆင်ပြေနေသေးတာ။ ရေရှည်တော့ ခက်ခဲလာမယ်” ဟု စစ်ရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် အမျိုးသား တစ်ဦးကပြောသည်။

ကိုဗစ်-၁၉ ရောဂါ မြှင့်တက်နေချိန်မှာ စစ်ရှောင်များကို ကူညီထောက်ပံ့ရန်အတွက် ယနေ့ ဇူလိုင် (၂၆) ရက်မှ စတင်ပြီး ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ကျေးသီး၊ သီပေါ၊ မိုင်းကိုင်၊ လဲချား စသည့် စစ်ဘေးရှောင်များကို လိုက်လံ ကူညီထောက်ပံ့ပေးနေသည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

လဲချားမြို့နယ်ရှိ စစ်ဘေးရှောင်များမှာ ဝမ်ထီရွာ (၆၀) ကျော်၊ စလိုင်းခုံရွာ (၂၀) ကျော်၊ နမ့်လေရွာ (၄၀၀) ကျော် နှင့် တတ်မောက် ဟိုလုံးရွာ (၁၀၀) ကျော် စုစုပေါင်း (၆၀၀) ခန့်ရှိပြီး ၎င်းတို့သည် မိခင် နှင့်ကလေးများ ၊ သက်ကြီးရွယ်အိုများ ဖြစ်ကြကြောင်း သိရသည်။

“တစ်ချို့တော့ ပြန်ပြီး သူတို့ရဲ့ တောင်ယာပြန်သွားလုပ်တာရှိတယ်။ တစ်ချို့လည်း ပစ္စည်းပြန်သိမ်းတာရှိတယ်။ တစ်ချို့လည်း ပြန်လာတာရှိတယ်” ဟု အသက် (၃၀) ကျော် အမျိုးသား တစ်ဦးကပြောသည်။


အဆိုပါ စစ်ရှောင်များသည် ဇူလိုင် ဒုတိယအပတ်က (၁၀၀၀)ကျော် အထိရှိခဲ့ပြီး တစ်ချို့ စစ်ရှောင်များသည် ဆွေမျိုးများ နေအိမ်သို့ လာရောက်နေထိုင်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...