CATEGORY

သတင်း

သိန္နီမြို့နယ် SSPP မှ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမည့် သတင်းမှား ထွက်ပေါ်

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် ကျေးရွာတချို့တွင် SSPP မှ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရမည့်ဟု သတင်းထွက်ပေါ်လာ သောကြောင့် ပြည်သူများကြောက်လန့်ပြီးထွက်ပြေးနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ သိန္နီမြို့နယ်တွင် ကိုဗစ် -၁၉ ကာကွယ်ဆေးကို သျှမ်းပြည်တိုးတက်ရေးပါတီSSPP/SSA လာရောက်ထိုးပေးမည်ဟု သတင်းထွက်ပေါ်လာသောကြောင့် ပြည်သူများက ထွက်ပြေးတိမ်းရှောင်နေကြသည်။ “ တချို့တွေကကြောက်ပြီး မြို့ထဲလာနေတာရှိတယ်။ တချို့ လယ်ထဲသွားနေကြတယ်။...

သျှမ်းပြည်တွင် Stay at home (၉)မြို့နယ် ကိုဗစ်လူနာ (၁)သောင်းကျော်၊ သေဆုံးသူ (၂၀၀)ကျော်ရှိ

သျှမ်ပြည်နယ်တွင် ကိုဗစ်ကူးစက်ပျံ့နှံ့မှု မြင့်တက်နေပြီး သေဆုံးလူနာများလည်း နေ့စဉ် ရှိနေသည်။ ပြီးခဲ့သည့် ဇူလိုင် (၂၅)ရက်တွင် စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနမှ သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ် (၃)ခုကို Stay at home မြို့နယ်အဖြစ် သတ်မှတ်လိုက်သည့်အတွက် သျှမ်းပြည်တွင် Stay at home သတ်မှတ်ထားသည့်မြို့နယ် (၉)မြို့နယ်အထိ...

မြန်မာ-တရုတ်နယ်စပ် မန်းဟီးရိုးမြို့နယ်အတွင်း တရုတ်ခြံစည်းရိုးလာခတ်ရန်စီစဉ်နေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မန်းဟီးရိုးမြို့ မြန်မာ- တရုတ်နယ်စပ် နယ်ခြားစည်းမှတ်တိုင် ၇၀/၁ ၇၀/၂ တွင် တရုတ်ဘက်မှ မြန်မာပိုင်နက်ထဲ ခြံစည်းရိုးလာခတ်ရန်အတွက် တိုင်များလာစိုက်ထားကြောင်း စုံစမ်းသိရှိရသည်။ ထိုသို့ ခြံစည်းရိုးခတ်ရန်အတွက် တိုင်းလာချထားသောကြောင့် မန်းဟီးရိုးမြို့ ဒေသခံများက ယမန့်နေ့ ဇူလိုင် ၂၆ ရက်နေ့တွင် သွားရောက်ဖြုတ်ပစ်ခဲ့ကြောင်း မန်းဟီးရိုးမြို့ဒေသခံတဦးကပြောသည်။ “...

၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ဆက်လက်အသိအမှတ်ပြုသွားမည်ဟု SNLD ပြော

၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ကို စစ်ကောင်စီ ပယ်ဖျက်သော်လည်း ရွေးကောက်ခံ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကို လူထုကိုယ်စားလှယ်များအဖြစ် လက်ခံထားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ဆိုသည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သည် ၂၀၂၀ ရွေးကောက်ပွဲမှာ (၄၂) ဦး အနိုင်ရရှိခဲ့ပြီး...

အင်းလေးဒေသတွင် ကိုဗစ်လူနာများလာပြီး ကာကွယ်ရေးသုံးပစ္စည်း ပြတ်လုနီးပါးဖြစ်

သျှမ်းတောင် ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသတွင် ကိုဗစ်ကူးစက်ခံရသည့် လူနာ မြင့်တက်နေပြီး သေဆုံးသူ(၃၀)နီးပါးရှိနေကြောင်း၊ ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများလည်း ခက်ခဲနေကြောင်း စုံစမ်း သိရသည်။ ကိုဗစ်လူနာများလာသည့်အတွက် သယ်ယူပို့ဆောင်ရာမှာ ခက်ခဲ့သည့်အပြင် ကာကွယ်ရေးသုံးပစ္စည်းများလည်း နည်းပါးနေကြောင်း အင်းလေးဒေသ လူမှုရေး အသင်းဝင်များက ပြောသည်။ “ငွေအား လူအားတွေ အားနည်းတာပေါ့၊ ခုဆို ကိုဗစ်ကာကွယ်ရေးသုံး ပစ္စည်းတွေလည်း...

တောင်ကြီးမြို့ အမှိုက်ပုံအနီး ဗုံးပေါက်ကွဲ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ဝါးပြားလမ်းဆုံ အနီးရှိ အမှိုက်ပုံ အနီးတွင် ယမန်နေ့(ဇူလိုင် ၂၆)ရက် ညနေ ၃နာရီဝန်းကျင်တွင် ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားကာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သတင်းသိရသည်။ ယမန်နေ့ ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၃ နာရီ...

သျှမ်းပြည်မြို့နယ်အများအပြား ရေကြီးမှုကြုံနေရပြီး ပြည်သူများ စားဝတ်နေရးပိုခက်ခဲနေ

သျှမ်းပြည်တွင် ယခုနှစ် အတွင်း ရေကြီးရေလျှံမှုပိုပြီး ခံရပြီး နေအိမ်ထဲထိ ရေဝင်ရောက်မှုရှိလာသဖြင့် ပြည်သူများ အခက်အခဲများစွာ ကြုံနေရကြောင်း စုံစမ်းသိရသည်။ လက်ရှိ ကာလမှာ တဖက်တွင်လည်း ကိုဗစ်- ၁၉ ကပ်ရောဂါနှင့် ကြုံတွေ့နေရပြီး ၊ တဖက်တွင်လည်း မိုးရေကြီးမှုကြောင့် ပြည်သူများ စားဝတ်နေရေးအတွက် ပိုမိုခက်ခဲလာကြောင်း သတင်းရရှိသည်။ ယမန့်နေ့...

တာချီလိတ် အရပ်ဝတ်နှင့်ရဲများ သေနတ်ပစ်ပြီး လူငယ်များကို လိုက်ဖမ်း

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ရပ်ကွက်တွင်းများထိ အရပ်ဝတ် ရဲများသည် ယမန်နေ့ (ဇူလိုင် ၂၆)ရက် ည ၁၀နာရီတွင် သေနတ်ပစ်ဖောက်ပြီး လူငယ်များကို လိုက်လံဖမ်းဆီးနေကြောင်း သတင်းသိရသည်။ မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်အတွင်းတွင် အရပ်ဝတ်ရဲများနှင့် ယူနီဖောင်းဝတ်ဆင်ထားသော ရဲတစ်ယောက်တို့က သေနတ်များပစ်ဖောက်...

ရေထဲမျောပါသွားသည့် မိုင်းပျဉ်းလမ်းလုပ်သား (၄) ဦးထပ်မံတွေ့ရှိ၊ ၈ ဦးသေဆုံး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းကာ တောင်ကျရေတိုက်စားပြီး လမ်းလုပ်သား ၁၂ ဦး ရေစီးထဲမျောပါသွားပြီး လမ်းလုပ်သား (၄)ဦးကို ဇူလိုင် ၂၃ ရက် တွင် ထပ်မံတွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။ ထိုပြန်လည်တွေ့ရှိသည့် လမ်းလုပ်သား (၃) ဦးသည် ကလေး (၂) ဦးနှင့် လူကြီး (၁)...

ကျောက်မဲတွင် အိမ်တွင်းကုသနေမှု ထိန်းချုပ်နိုင်ရန် Fever Clinic အခမဲ့ဆေးခန်း ဖွင့်လှစ်

သျှမ်းမြောက် ကျောက်မဲမြို့တွင် ကျန်းမာရေးမကောင်းသည့် သူများ၊ ငွေကြေးခက်ခဲသူများ အလွယ်တကူ လာရောက်ပြသနိုင်ရန်နှင့် အိမ်တွင်းပုန်း ကုသနေသူများ လျော့နည်းသွားစေရန် ရည်ရွယ်ပြီး ဇူလိုင် ၂၆ ရက်နေ့(ယနေ့)မနက်ပိုင်း မှစတင်ကာ Fever Clinic အခမဲ့ဆေးခန်း ဖွင့်လှစ်ကာ ကုသပေးနေပြီဖြစ်ကြောင်း သိရသည်။ ကျောက်မဲမြို့တွင် ကိုဗစ် ကူးစက်မှုနှုန်းမြင့်တက်နေပြီး ကာကွယ်ထိန်းချုပ်ကုသမှု...

Latest news