Wednesday, January 28, 2026

အင်းလေးဒေသတွင် ကိုဗစ်လူနာများလာပြီး ကာကွယ်ရေးသုံးပစ္စည်း ပြတ်လုနီးပါးဖြစ်

သျှမ်းတောင် ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသတွင် ကိုဗစ်ကူးစက်ခံရသည့် လူနာ မြင့်တက်နေပြီး သေဆုံးသူ(၃၀)နီးပါးရှိနေကြောင်း၊ ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများလည်း ခက်ခဲနေကြောင်း စုံစမ်း သိရသည်။

ကိုဗစ်လူနာများလာသည့်အတွက် သယ်ယူပို့ဆောင်ရာမှာ ခက်ခဲ့သည့်အပြင် ကာကွယ်ရေးသုံးပစ္စည်းများလည်း နည်းပါးနေကြောင်း အင်းလေးဒေသ လူမှုရေး အသင်းဝင်များက ပြောသည်။

“ငွေအား လူအားတွေ အားနည်းတာပေါ့၊ ခုဆို ကိုဗစ်ကာကွယ်ရေးသုံး ပစ္စည်းတွေလည်း ပြတ်လုနီးပါးပဲ၊ အခက်ခဲကြားကနေ ဒီတိုင်း ရှေ့ဆက်ပြီး သွားနေရတာပါ” ဟု အင်း နယ်စည်းမခြားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လတ်တလောတွင် အလှူရှင်များရဲ့ လှူဒါန်းမှုဖြင့်သာ လုပ်ဆောင်နေကြရတာဖြစ်ကြောင်း၊ PPE ဝတ်စုံများကိုလည်း လူနာအခြေအနေပေါ်မူတည်ပြီး တစ်ရက်လျှင် အစုံ(၄၀၊ ၅၀)ခန့်ထိ အသုံးပြုနေရတာဖြစ်ကြောင်း သိရသည်။

အင်းလေးဒေသတွင် ရပ်ကွက် (၁၃)ခု၊ လူဦးရေ (၄၀၀၀)ခန့်ရှိသည့် အင်းလေးဒေသ ဟဲယာရွာမတိုက်နယ်တွင် ကိုဗစ်လူနာများအား ကုသပေးနေမှု အားနည်းကြောင်း၊ ကူးစက်မှု ထပ်မံမြင့်တက်လာပါက ကုသရန် ပိုမိုခက်ခဲနိုင်ပြီး လူနာထားရှိရန်နေရာလည်း ခက်ခဲမှုများရှိလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“တိုက်နယ်ဆေးရုံမှာက ကျန်းမာရေးဝန်ထမ်းအင်အားနည်းတော့ ဆေးကုသပေးဖို့က ခက်ခဲတယ်၊ အဲ့တော့ ရွာမှာ ရှိတဲ့အင်အားလေးနဲ့ပဲ ကိုဗစ်ကုသရေးစင်တာ ကြိုးစားပြီး ဖွင့်ထားတာပါ၊ ပြည့်စုံတဲ့ ကုသရေးစင်တာတော့မဟုတ်ဘူးပေါ့၊ လူနာတွေ ထပ်တိုးလာရင် ထားဖို့နေရာတွေ ခက်ခဲလာနိုင်တယ်” ဟု ဆိုသည်။

အင်းလေးဒေသ ဟဲယာရွာမတိုက်နယ်တွင် ကုသရေးစင်တာ (၄)ခု ဖွင့်လှစ်ထားပြီး လူနာ (၁၀၀)ကျော် ရှိနေကြောင်း သိရသည်။

ထို့အပြင် အင်းလေးဒေသတွင် နေ့စဉ်နှင့်အမျှ ကိုဗစ်လူနာသေဆုံးမှုများရှိနေပြီး အောက်ဆီဂျင်ခက်ခဲမှုများလည်းရှိနေကြောင်း အင်းလေးဒေသခံ ဆရာဝန်တစ်ဦးက ပြောသည်။


“သေဆုံးတာတွေလည်းရှိတယ်၊ လူနာတွေက နေ့တိုင်းတိုးနေတော့ အောက်ဆီဂျင်က ပိုပြီးခက်ခဲလာတယ်၊ အောက်ဆီဂျင်ရဖို့ ဆက်ပြီးခက်ခဲနေမယ်ဆိုရင် သေဆုံးလူနာတွေလည်း ပိုများလာနိုင်တယ်” ဟု အထက်ပါ ဆရာဝန်က ပြောသည်။

အင်းလေးဒေသတွင် ကိုဗစ်ကူးစက်မှုနှုန်း မြင့်မားလာသည့်အတွက် WHO မှ Public Health နဲ့ပတ်သက်ပြီး ဆရာဝန်တစ်ဦးကို အကူညီတောင်းထားကြောင်း၊ ဒေသခံပြည်သူများအား ကာကွယ်ရေး၊ ကုသရေးတို့ကို ပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း လှူမှုရေးအသင်းဝင်တစ်ဦးထံမှ သိရသည်။

အင်းလေးဒေသပါဝင်သည့် ညောင်ရွှေမြို့နယ်ကို ပြီးခဲ့သည့် ဇူလိုင် (၂၅)နေ့က Stay at home မြို့နယ်အဖြစ် စစ်ကောင်းစီလက်အောက်ခံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ညောင်ရွှေမြို့နယ်တွင် ယမန်နေ့အထိ ကိုဗစ်−၁၉ ရောဂါပိုး ကူးစက်ခံရသည့်လူနာ (၇၆၅)ဦး ရှိခဲ့ပြီး ယနေ့သေဆုံးသူ (၃)ဦးအပါအဝင် သေဆုံးလူနာ (၂၉)ဦးရှိကြောင်း၊ ဆေးရုံဆင်းခွင့်ရသည့် လူနာ (၃၂၉)ဦး ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်လက်အောက်ခံ ရဲနှင့် PNO မူးယစ်ဆေးရောင်းသူကို မဖမ်းဘဲ သုံးစွဲသူကို ပစ်မှတ်ထားဖမ်းနေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ ပုံးအင်းဒေသနှင့် ရွာငံမြို့နယ်တို့တွင် စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ပအိုဝ်းပြည်သူ့စစ် PNO များက မူးယစ်ဆေးဝါး ရောင်းသူများကို မဖမ်းဘဲ သုံးစွဲသူများကို လိုက်လံဖမ်းဆီးကာ စစ်မှုထမ်းခိုင်းကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ ၁၃ ရက်တွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန်ကျေးရွာအုပ်စု အတွင်းရှိ မူးယစ်ဆေးဝါး...

ငလျင်ဘေးဒဏ်ခံ အင်းလေးပြည်သူများကို ရွေးကောက်ပွဲနီးမှ စစ်ကော်မရှင် လာရောက်ထောက်ပံ့

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် ငလျင်ဘေးဒဏ် ခံစားခဲ့ရသည့် အင်းလေးပြည်သူများကို ၅ လကျော်အကြာ ရွေးကောက်ပွဲနီးမှ စစ်ကော်မရှင်က ငွေကြေး လာရောက် ထောက်ပံ့သွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၈ ရက်) တွင် အင်းလေးဒေသသို့ စစ်ကော်မရှင် လက်အောက်ခံ သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငလျင်ဘေးဒဏ်ခံရသည့် နေအိမ်များအတွက် ငွေကျပ်...

အင်းလေးတွင် လေပြင်းတိုက်ခတ် နေအိမ်များ ခေါင်မိုးလန် ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လေပြင်းတိုက်ခတ်သဖြင့် နေအိမ် ခေါင်မိုးများလန်ပြီး ပျက်စီးသွားကြောင်း သတင်းရရှိသည်။ ယနေ့ (သြဂုတ် ၂၆)ရက် မွန်းလွဲပိုင်းတွင် အင်းလေးဒေသ ကန်ခေါင်းကျေးရွာနှင့် စန်ခမ့်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ခေါင်မိုးလန်ကာ ပျက်စီးမှုရှိကြောင်း ဒေသခံများထံသိရသည်။ “ဒီညနေကမှ ဖြစ်တာ အိမ်တွေက ဘယ်နလုံးလဲ သေချာမသိရသေးဘူး၊ ၂၀...

ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရေထပ်မံမြင့်တက်၊ ရေလွှတ်ရာပြောင်းရွှေ့နေရ

0
ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း ယခုရက်ပိုင်း ရေထပ်မံမြင့်တက်လာပြီး ဒေသခံများ ပြောင်းရွှေ့ နေထိုင်ရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၁၃ရက်) ညပိုင်း မိုးသည်းထန်စွာသွန်းမှုကြောင့် ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသအတွင်းရှိ ကျေးရွာများရေကြီးမှု ထပ်မံဖြစ်ပွားခဲ့ပြီး ရေလွှတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရကြောင်း ညောင်ရွှေမြို့ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ရေတွေကမကျသေးဘူး။ တချို့ရပ်ကွက်က လူတွေကတော့ အရင်တခါရေကြီးကတည်းက...

အင်းလေးဒေသ ရေကြီးလာလျှင် ခိုလှုံစရာနေရာ မရှိ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် မိုးရာသီမှာရေကြီးလာလျှင် ပြေးစရာ၊ခိုလှုံစရာ နေရာမရှိတော့သဖြင့် ဒေသခံတွေက စိုးရိမ်ပူပင်နေကြောင်း စုံစမ်းသိရသည်။ အင်းလေးဒေသသည် ပြီးခဲ့သည့် မတ် ၂၈ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် အိမ်ခြေ ၃၅၀၀ ကျော်ပျက်စီးခဲ့ရာ လက်ရှိအခြေအနေထိ ပြုပြင်ရန် မပြီးသေးသော်လည်း မေလကုန်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အင်းလေးကန်ရေမြင့်တက်လာခဲ့သည်။ အဆိုပါ ရေမြင့်တက်မှုသည့် လက်ရှိအချိန်ထိ...