Tuesday, January 27, 2026

မြန်မာ-တရုတ်နယ်စပ် မန်းဟီးရိုးမြို့နယ်အတွင်း တရုတ်ခြံစည်းရိုးလာခတ်ရန်စီစဉ်နေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မန်းဟီးရိုးမြို့ မြန်မာ- တရုတ်နယ်စပ် နယ်ခြားစည်းမှတ်တိုင် ၇၀/၁ ၇၀/၂ တွင် တရုတ်ဘက်မှ မြန်မာပိုင်နက်ထဲ ခြံစည်းရိုးလာခတ်ရန်အတွက် တိုင်များလာစိုက်ထားကြောင်း စုံစမ်းသိရှိရသည်။

ထိုသို့ ခြံစည်းရိုးခတ်ရန်အတွက် တိုင်းလာချထားသောကြောင့် မန်းဟီးရိုးမြို့ ဒေသခံများက ယမန့်နေ့ ဇူလိုင် ၂၆ ရက်နေ့တွင် သွားရောက်ဖြုတ်ပစ်ခဲ့ကြောင်း မန်းဟီးရိုးမြို့
ဒေသခံတဦးကပြောသည်။

“ ကျနော်တို့ မနေ့ကသိသိချင်းသွားဖြုတ်ပစ်ခဲ့တယ်။ အဲနားနေတဲ့ လူက ပြောလာတော့ကျနော်တို့ သွားထုတ်ပစ်လိုက်တယ်။ ကျနော်တို့ ဒီဘက်အစိုးရကတော့လာမကြည့်ပေးဘူး။ ကျနော်တို့ ဖုန်းဆက်ပြီးတော့ သူတို့က လုပ်လို့ရတယ်လို့ကျနော်တို့သွားဖြုတ်ပစ်လိုက်တယ်။” ဟု မန်းဟီးရိုးမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ကိုဗစ် -၁၉ ကိုအကြောင်းပြပြီး မန်းဟီးရိုးပြည်သူများကို နေအိမ်မထွက်ရန်အတွက် ပြောဆိုခဲ့ပြီး တရုတ်ဘက် က ခြံစည်းရိုးခတ်ရန်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

ထိုနေရာတွင် မြစ်ရေခြားထားပြီး ငါးမွေးမြူကာ မြစ်ရေတိုက်စားမှုကြောင့် မြန်မာမြေ ဧက ၁၀၀ ပါသွားကြောင်းသိရသည်။

မန်းဟီးရိုးမြို့နယ်တွင် တရုတ်ဘက်မှ နယ်မြေကျူးကျော်ကာ ခြံစည်းရိုးလာခတ်ရန် စီစဉ်ခြင်းသည် ပထမအဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။

အလားတူ ဇွန် ၂၃ ရက်နေ့က ကချင်ပြည် မံစီမြို့နယ် မန့်ဝိန်းကြီး အတွင်းရှိ မြန်မာ-တရုတ်နယ်စပ်မျဉ်း နယ်ခြားမှတ်တိုင် ၅၃/၁ ၅၃/၂ မြန်မာပိုင်နက် နယ်မြေ ကို တရုတ်မှ ကျူးကျော် ခြံစည်းရိုးလာခတ်သဖြင့် ဒေသခံများနှင့် အငြင်းပွားမှု ဖြစ်ခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်ဘက်မှစည်းကျော်ပြီး နမ့်ခမ်းမြို့နယ်အတွင်း ခြံစည်းရိုးလာခတ်

0
မြန်မာ - တရုတ် နယ်စပ်ရှိ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဟတ်ဟင်ကျေးရွာ အနီး တရုတ်ဘက်မှ နယ်မြေခြံစည်းရိုးခတ်မှု သည် မြန်မာဘက်ခြမ်း စည်းကျော်ပြီးလာရောက်ကာထားသဖြင့် ဒေသခံ ပြည်သူများ သွားရောက်ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ တရုတ်ဘက်ခြမ်းမှ စည်းကျော်ပြီး လာခတ်သည့် ခြံစည်းရိုးကို ယမန်နေ့ (စက်တင်ဘာ ၁၂) ရက်...