Tuesday, January 27, 2026

တရုတ်ဘက်မှစည်းကျော်ပြီး နမ့်ခမ်းမြို့နယ်အတွင်း ခြံစည်းရိုးလာခတ်

မြန်မာ – တရုတ် နယ်စပ်ရှိ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဟတ်ဟင်ကျေးရွာ အနီး တရုတ်ဘက်မှ နယ်မြေခြံစည်းရိုးခတ်မှု သည် မြန်မာဘက်ခြမ်း စည်းကျော်ပြီးလာရောက်ကာထားသဖြင့် ဒေသခံ ပြည်သူများ သွားရောက်ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

တရုတ်ဘက်ခြမ်းမှ စည်းကျော်ပြီး လာခတ်သည့် ခြံစည်းရိုးကို ယမန်နေ့ (စက်တင်ဘာ ၁၂) ရက် ညနေ (၆) နာရီ တွင် ဒေသခံ ပြည်သူ (၁၀၀) ခန့် သွားရောက် ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“တရုတ်ဘက်က ခြံစည်းရိုး (၂) ထပ် လာကာထားတယ်။ ပထမ တစ်ခါ လာကာတုန်းကတော့ သူတို့ ဘက်ခြမ်းပဲ။ ဒီဒုတိယ တစ်ကြိမ်လည်းပဲ စည်းကျော်လာတယ်” ဟု ဟတ်ဟင်ကျေးရွာ မှ ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တရုတ်ဘက်ခြမ်းမှ ခြံစည်းရိုးမခတ်ခင်ကာလတွင် ဒေသခံ အချင်းချင်း ညှိနှိုင်းဆွေးနွေးမှုများရှိပြီး ထိုကာလသည် တရုတ်ဘက်က ဒေသခံများ သဘောတူကြောင်း စုံစမ်းသိရှိရသည်။

“တစ်ခါတားဖူးတယ်။ သူတို့ ခြံစည်းရိုးမလုပ်ခင်တုန်းက သူတို့လည်း သဘောတူတယ်။ပြောတဲ့အတိုင်း မလိုက်လုပ်တော့ ကျနော်တို့လည်း သွားရောက်ဖျက်ဆီးခဲ့တယ်။ ကျနော်တို့ ဘိုးဘွားပိုင် မြေတွေ ဖြစ်တဲ့အတွက်သွားဖျက်လိုက်တာပါ။” ဟု ဟတ်ဟင်ကျေးရွာ မှ ဒေသခံ တစ်ဦး ကပြောသည်။

မြန်မာ – တရုတ် နယ်စပ်မျဉ်းမှာ ရှိသည့် ကျေးရွာအုပ်စုများသည် ယခုလို မကြာခဏ တရုတ်ဘက်ခြမ်းမှ စည်းကျော်ပြီး ခြံစည်းရိုးများ လာရောက်ခတ်ထားသည်ကို ဒေသခံများလည်း သွားရောက် ဖျက်ဆီးခဲ့ရ ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် – နမ့်ခမ်းကြား TNLA တပ်ဖွဲ့ ဆက်ကြေးကောက်၊ ပြည်သူအိမ်ထဲ နေထိုင်မှုကြောင့် ဒေသခံများ စိုးရိမ်နေ

0
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ - နမ့်ခမ်းမြို့အကြား တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့၏ ဆက်ကြေးတောင်းခံမှု နှင့် ပြည်သူ အိမ်ဝန်းထဲ ဝင်ရောက် နေထိုင်မှုများကြောင့် ဒေသခံများက လုံခြုံရေးအတွက် စိုးရိမ်ကြောက်လန့်နေရကြောင်း သိရသည်။ ယနေ့ (ဧပြီလ ၂)...

နမ့်ခမ်းမြို့နယ် ဒေသခံတစ်ဦး လက်နက်ကိုင် တပ်ဖွဲ့ဖမ်းဆီးခေါ်ဆောင်သွား ငွေသား သိန်း (၂) ထောင်တောင်း

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန့်ဟိုင်းကျေးရွာတွင် နေထိုင်သည့် အသက် (၅၀) ကျော် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်တစ်စုက နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ်သိန်း (၂) ထောင် တောင်းခံလာကြောင်း စုံစမ်းသိရှိရသည်။မတ်လ (၇) ရက် (၆) နာရီခွဲခန့်တွင် အသက် (၅၀) ကျော်အရွယ်...

နမ့်ခမ်းမြို့နယ် စစ်ကောင်စီ တပ်ဘက်မှ လက်နက်ကြီး လှမ်းပစ်နေသည့်အသံ ကြားနေရ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အနီး စစ်ကောင်စီ၏ စခန်းသစ်လက်မှ လက်နက်ကြီး လှမ်းပစ်သည့်အသံ ကြားနေရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇန်နဝါရီ (၁၂)ရက် နေ့လည် (၁)နာရီခွဲ ဝန်းကျင်က စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်နေသည်ကို ကြားရကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုကြသည်။ “စခန်းသစ်ကနေပြီး ပစ်သွားတာ ကြားရတယ်။ နမ့်ခမ်းကနေတော့ အသံသိပ်မကြားရဘူး။...

တစ်ရက်တစ်ခြား ကြီးထွားလာတဲ့ တရုတ်နယ်စပ်ခြံစည်းရိုး ကျူးကျော်မှုပြဿနာ

0
“ ကျနော့် လယ်ထဲကို တရုတ်က သံဆူးကြိုး လာစိုက်စိုက်ချင်းမှာပဲ ကျနော်တို့ ရွာသားတွေ သွားဖြုတ်တယ်။ ကိုယ်လယ်တွေ တရုတ်ဘက်ထဲပါမှာတော့ စိုးရိမ်တယ်။ လယ်တွေ ပါသွားရင် လုပ်စားစရာမရှိတော့ဘူးလေ” လို့ မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာမှာနေထိုင်တဲ့ အသက် (၄၀)ကျော် စိုင်းနော် က ပြောပါတယ်။ ယခုနှစ် အောက်တိုဘာ...

နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာ နေအိမ်တလုံးမီးလောင်

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် ယနေ့ အောက်တိုဘာ (၁၉) မနက် ၇ နာရီ ဝန်ကျင်းတွင် နေအိမ်တလုံးမီးလောင်သွားကြောင်း စုံစမ်းသိရှိရသည်။ ထိုမီးလောင်သွားမှုကြောင့် နေအိမ်တခုလုံးဆုံးရှုံးသွားရကြောင်း ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ဒေသခံတဦးက ပြောသည်။ “ အကုန်လောင်သွားတာ။ တအိမ်လုံးလောင်သွားတာ။ အိမ်ပြာကျသွားတာ။ အထဲမှာနေတဲ့သူမရှိဘူး။ ဒါကြောင့် ဘယ်သူမှ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး။...