Tuesday, January 27, 2026

နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာ နေအိမ်တလုံးမီးလောင်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် ယနေ့ အောက်တိုဘာ (၁၉) မနက် ၇ နာရီ ဝန်ကျင်းတွင် နေအိမ်တလုံးမီးလောင်သွားကြောင်း စုံစမ်းသိရှိရသည်။

ထိုမီးလောင်သွားမှုကြောင့် နေအိမ်တခုလုံးဆုံးရှုံးသွားရကြောင်း ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ဒေသခံတဦးက ပြောသည်။

“ အကုန်လောင်သွားတာ။ တအိမ်လုံးလောင်သွားတာ။ အိမ်ပြာကျသွားတာ။ အထဲမှာနေတဲ့သူမရှိဘူး။ ဒါကြောင့် ဘယ်သူမှ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး။ ဘာကြောင့်လောင်တာလည်းတော့ မသိသေးဘူး “ ဟု နောင်ခမ်း ကျေးရွာဒေသခံတဦးက ပြောသည်။

ထိုအိမ်တွင် အိမ်ရှင်မရှိကြောင်း ၊ လက်ရှိ အချိန်ထိ မည်မျှဆုံးရှုံးသွားသည်ကို မသိရှိရသေးကြောင်း သိရသည်။

“ အဲအိမ်မှာက အိမ်ရှင်မရှိဘူး။ သူတို့က သီပေါဘက် အလုပ်သွားလုပ်တာ။ အိမ်ကတော့ ပြာကျသွားပြီ။ ဘယ်လောက်ဆုံးရှုံးမှု‌ရှိလည်းတော့ အကုန်မသိရသေးဘူး။ ဘယ်သူကလာရှိုးတာလည်း စုံစမ်းနေတယ်” ဟု ‌နောင်ခမ်းကျေးရွာဒေသံတဦးက ပြောသည်။

နောင်ခမ်းကျေးရွာ ယမန့်နေ့ အောက်တိုဘာ (၁၈) တွင် တရုတ်ဘက်မှ နယ်မြေကျော် ခြံစည်းရိုးလာခတ်ခဲ့ကြောင်းသိရသည်။

နေအိမ်ကို မည်သူကို မီးလာရှိုးလာကြောင်းကို စုံစမ်းနေလျက်ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပေါ်ရပ်ကွက်အတွင်း မီးလောင်မှုထပ်မံဖြစ်ပွား

0
သျှမ်းပြည်မြို့တော် တောင်ကြီးတွင် မြို့ပေါ်ရပ်ကွက်အတွင်း ဒုတိယအကြိမ် မီးလောင်မှုထပ်မံဖြစ်ပွားခဲ့ကြောင်း တောင်ကြီးမြို့ခံများထံမှ သတင်းရရှိသည်။ ယနေ့ (မတ်လ ၁၆ ရက်) နေ့လည် ၁၂ ခန့်အချိန်တွင် တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ် မြကန်သာပန်းခြံအနီး၊ နန်းထိုက်ရွှေစင်ကွန်ဒိုနှင့် မိဘအရိပ်ကွန်ဒိုအနီးရှိ လျှပ်စစ်ထရန်စဖော်မာမှ ဝါယာရှော့ဖြစ်ပြီး မီလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများကပြောသည်။ “မနေ့ကလည်း ရတနာသီရိထဲမှာလောင်တယ်၊ ဒီနေ့လည်း...

လောက်ကိုင် နာမည်ကြီး ဖူလီလိုက်ဟိုတယ် မီးလောင်မှုဖြစ်

0
သျှမ်းပြည် အထူးဒေသ (၁) လောက်ကိုင်မြို့ နာမည်ကြီး ဖူလီလိုက်ဟိုတယ်၏ တတိယ အထပ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (အောက်တိုဘာလ ၁၂) ရက် ည (၆) နာရီဝန်းကျင်တွင် လောက်ကိုင်မြို့ရှိ ဖူလီလိုက် ဟိုတယ် (တတိယအထပ်) မီးလောင်ဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုလည်း ရှိနိုင်ကြောင်း...

မူဆယ်မြို့နယ် တီးမ စျေးအတွင်းနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည် မူဆယ်မြို့နယ် တီးမကျေးရွာရှိ တီးမစျေးအတွင်း နေအိမ်ဆိုင်ခန်းတစ်ခု မီးလောင်မှုဖြစ်ပွားပြီး ဆိုင်ခန်းအတွင်းသိုလှောင်ထားသည့် ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ ၃၀ ရက် ည ၁၁နာရီအချိန်တွင် မူဆယ်မြို့နယ် တီးမ ကျေးရွာအုပ်စု တီးမစျေးအတွင်းနေထိုင်သူ ဒေါ်ကြာမွေးခေါ် အသက် ၆၀ ကျော်အမျိုးသမီး၏ နေအိမ်တွင် အိမ်သုံး...

တောင်ကြီးမြို့ နေအိမ်တစ်လုံး ဖယောင်းတိုင် မီးထွန်းထားရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် နယ်မြေ (၂) အတွင်းရှိ နေအိမ်တစ်လုံး ဖယောင်းတိုင် မီးထွန်းထားရာမှတစ်ဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၆) ရက် ညပိုင်း ၈ နာရီဝန်းကျင်တွင် ဘုရားဖြူရပ်ကွက် နယ်မြေ (၂) အတွင်းရှိ နေအိမ်တစ်လုံး ဖယောင်းတိုင်မီးထွန်းထားရာမှတစ်ဆင့်...

နမ့်ဖတ်ကာ – နမ့်ခမ်း ပတ်လမ်း (၁၂) မိုင်ရွာတွင် နေအိမ် (၂၆) လုံး မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည် လားရှိုးခရိုင် နမ့်ဖတ်ကာ - နမ့်ခမ်း ပတ်လမ်းရှိ (၁၂) မိုင်ရွာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် (၂၆) လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဧပြီလ ၇ ရက်) ညနေ ၁၁ နာရီဝန်းကျင်တွင် မီး စတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ...