Tuesday, January 27, 2026

လောက်ကိုင် နာမည်ကြီး ဖူလီလိုက်ဟိုတယ် မီးလောင်မှုဖြစ်

သျှမ်းပြည် အထူးဒေသ (၁) လောက်ကိုင်မြို့ နာမည်ကြီး ဖူလီလိုက်ဟိုတယ်၏ တတိယ အထပ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖူလီလိုက်ဟိုတယ်

ယမန်နေ့ (အောက်တိုဘာလ ၁၂) ရက် ည (၆) နာရီဝန်းကျင်တွင် လောက်ကိုင်မြို့ရှိ ဖူလီလိုက် ဟိုတယ် (တတိယအထပ်) မီးလောင်ဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုလည်း ရှိနိုင်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သုံးလွှာ (တတိယထပ်) မှာ မီးလောင်တာပါ။ ပြောတာကတော့ ဝါယာရှော့ခ်ဖြစ်တာတဲ့၊ မီးတောက် လည်း တော်တော်ကြီးတယ်၊ ထိခိုက်ပျက်စီးမှုရှိပေမဲ့ အတိအကျထုတ်ပြန် ထားတာတော့ မသိရသေး ဘူး။ တစ်နာရီ အကြာလောက်မှာတော့ မီးငြိမ်းနိုင်တယ်” ဟု လောက်ကိုင်မြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းမီးလောင်မှုကို မီးသတ်ကား (၅) စီးထက်မနည်း အသုံးပြု မီးငြိမ်းသတ်ခဲ့ရပြီး လမ်းလည်း ပိတ်ထားသည့် အတွက် ထိခိုက်ပျက်စီးမှုများကို အတိအကျ မသိနိုင် ကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

လောက်ကိုင်မြို့မှ ဖူလီလိုက်ဟော်တယ်သည် ကျားဖြန့် (အွန်လိုင်းလိမ်လည်မှု)လုပ်ငန်း ၊ လောင်းကစားဝိုင်း နှင့် တရားမဝင် စီးပွားရေးလုပ်ငန်းဖြင့်လည်း နာမည်ကြီးနေသည့် ဟိုတယ်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လောက်ကိုင်မြို့ နေထိုင်ခွင့်ကတ် မလုပ်သူများကို MNDAA ဖမ်းဆီးပြီး လားရှိုးသို့ ပြန်ပို့

0
သျှမ်းပြည် လောက်ကိုင်မြို့သို့ အလုပ်လုပ်ရန် ရောက်ရှိနေသူများထဲ နေထိုင်ခွင့်ကတ် ပြုလုပ်ခြင်းမရှိသူများကို MNDAA မှ ဖမ်းဆီးကာ လားရှိုးမြို့ဘက်သို့ ပြန်လည်ပို့ဆောင်ကြောင်း စုံစမ်းသိရသည်။ ဧပြီလဆန်းပိုင်းမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လောက်ကိုင်မြို့သို့ အလုပ်လုပ်ရန် သွားရောက်သူများကို လောက်ကိုင်မြို့နေ အိမ်ရှင် သို့မဟုတ် အလုပ်ရှင် ထောက်ခံချက်...

လောက်ကိုင်မြို့ အောက်မေ့ဖွယ်အခမ်းအနားသို့ MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင် တက်ရောက်

0
“၁၀၂၇ စစ်ဆင်ရေး”အပါအဝင် တိုက်ပွဲအတွင်း ကျဆုံးခဲ့သော MNDAA ရဲဘော်များကို မြှုပ်နှံထားသည့် လောက်ကိုင်မြို့ ရန်လုံကျိုင်းရှိ အာဇာနည်ဗိမာန်တွင် ဧပြီလ (၂) ရက်နေ့က အောက်မေ့ဖွယ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ MNDAA ခေါင်းဆောင် ဖုန်တာ့ရွှင်လည်း တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း ကိုးကန့်သတင်းအေဂျင်စီက ထုတ်ပြန်လိုက်သည်။ တော်လှန်ရေးအတွက် အသက်ပေးဆပ်ခဲ့ကြသည့် MNDAA...

တောင်ကြီးမြို့ပေါ်ရပ်ကွက်အတွင်း မီးလောင်မှုထပ်မံဖြစ်ပွား

0
သျှမ်းပြည်မြို့တော် တောင်ကြီးတွင် မြို့ပေါ်ရပ်ကွက်အတွင်း ဒုတိယအကြိမ် မီးလောင်မှုထပ်မံဖြစ်ပွားခဲ့ကြောင်း တောင်ကြီးမြို့ခံများထံမှ သတင်းရရှိသည်။ ယနေ့ (မတ်လ ၁၆ ရက်) နေ့လည် ၁၂ ခန့်အချိန်တွင် တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ် မြကန်သာပန်းခြံအနီး၊ နန်းထိုက်ရွှေစင်ကွန်ဒိုနှင့် မိဘအရိပ်ကွန်ဒိုအနီးရှိ လျှပ်စစ်ထရန်စဖော်မာမှ ဝါယာရှော့ဖြစ်ပြီး မီလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများကပြောသည်။ “မနေ့ကလည်း ရတနာသီရိထဲမှာလောင်တယ်၊ ဒီနေ့လည်း...

“၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်နေ့ လောက်ကိုင်မြို့ကို စစ်ကောင်စီ လေကြောင်းက ၂ ကြိမ်ဗုံးကြဲ တိုက်ခိုက်

0
ကိုးကန့် မြို့တော်ဖြစ်သည့် လောက်ကိုင်မြို့ကို စစ်ကောင်စီက ယနေ့ (အောက်တိုဘာလ ၂၇ ရက်) ည ၁၂ နာရီကျော်တွင် လေကြောင်းမှ ဗုံး ၂ ကြဲချ တိုက်ခိုက်ခဲ့သောကြောင့် ထိခိုက် ပျက်စီးမှုများရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီကို တုန်လှုပ်စေခဲ့သည့် ညီနောင်မဟာမိတ်များ၏ “၁၀၂၇ စစ်ဆင်ရေး”...

လောက်ကိုင်မြို့ သုံးလအကြာ လေကြောင်းဖြင့် ပေါင်(၅၀၀) ဗုံး ထပ်မံတိုက်ခိုက်ခံရ

0
သျှမ်းပြည် လောက်ကိုင်မြို့သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၉ ရက်) နံနက် ၁ နာရီခွဲကျော် လူအိပ်မောကျချိန် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်...