တောင်ကြီးမြို့ နေအိမ်တစ်လုံး ဖယောင်းတိုင် မီးထွန်းထားရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

သျှမ်းပြည် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် နယ်မြေ (၂) အတွင်းရှိ နေအိမ်တစ်လုံး ဖယောင်းတိုင် မီးထွန်းထားရာမှတစ်ဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

မီးလောင်သွားသည့်အိမ်

ယမန်နေ့ (ဇွန်လ ၆) ရက် ညပိုင်း ၈ နာရီဝန်းကျင်တွင် ဘုရားဖြူရပ်ကွက် နယ်မြေ (၂) အတွင်းရှိ နေအိမ်တစ်လုံး ဖယောင်းတိုင်မီးထွန်းထားရာမှတစ်ဆင့် နေအိမ်အတွင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်တွင်းရှိ ကလေးငယ်အပါအဝင် မိသားစုဝင် ၈ ဦး ထွက်ပြေးလွှတ်မြောက်နိုင်ခဲ့ကြောင်း မီးလောင်အိမ်ကို သွားရောက်မီးငြိမ်းသတ်ခဲ့သည့် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

“ ဖယောင်းတိုင် မီးထွန်းထားရာကနေ မီးလောင်တာပေါ့။ အဲ့ချိန်လူလည်းရှိတယ်၊ ထိခိုက်ဒဏ်ရာ ရတာကတော့ မရှိဘူး။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကတော့ သိန်း ၂၀ လောက်ရှိတယ်။ အဓိက မီးလောင်သွားတာတော့ အိမ်တွင်း ပစ္စည်း၊ ပရိဘောဂ ၊ အိပ်ယာတွေ လောင်သွားတယ်။ အိမ်ထဲမှာ ကလေးအပါအဝင် လူက ၈ ယောက်လောက်ရှိတယ် “ ဟု တောင်ကြီး ကြက်ခြေနီ မီးသတ်ဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် နေအိမ်အတွင်းရှိ အိမ်တွင်းပစ္စည်းများ မီးလောင်သွားခဲ့ပြီး မီးပေါ့ဆမှုကြောင့် အိမ်ပိုင်ရှင်ကို အမှတ် ၁ မြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။

ထို့အပြင် မီးလောင်မှု ထပ်မံ မဖြစ်ပွားစေဖို့အတွက် မိဘပြည်သူများအနေဖြင့် အိမ်တွင်း မီးကိုထွန်းထားခြင်း မပေါ့ဆစေရန်၊ ကလေးငယ်များကို မီးဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ဗဟုသုတများ မျှဝေပေးရန် နှင့် မီးလောင်လွယ်သည့် အရာဝတ္တုများကို မထားရှိစေရန် ၎င်းကတိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...