နမ့်ခမ်းမြို့နယ် ဒေသခံတစ်ဦး လက်နက်ကိုင် တပ်ဖွဲ့ဖမ်းဆီးခေါ်ဆောင်သွား ငွေသား သိန်း (၂) ထောင်တောင်း

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန့်ဟိုင်းကျေးရွာတွင် နေထိုင်သည့် အသက် (၅၀) ကျော် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်တစ်စုက နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ်သိန်း (၂) ထောင် တောင်းခံလာကြောင်း စုံစမ်းသိရှိရသည်။

မတ်လ (၇) ရက် (၆) နာရီခွဲခန့်တွင် အသက် (၅၀) ကျော်အရွယ် ဦးဆမ်မောင် ၏ နေအိမ်မှာ လက်နက်ကိုင်တစ်စု က ရောက်လာပြီး စစ်ဆေးမေးမြန်းရန်ရှိသည်ဟု ပြောဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။

“ဘယ်အဖွဲ့က လာဖမ်းသွားလဲဆိုတာ ကျနော်တို့မသိရဘူး။ လက်နက်အပြည့်နဲ့ သူတို့ (၄) ယောက်လာတယ်။ စစ်ဆေးမေးမြန်းစရာ ရှိတယ်ဆိုပြီး ကားနဲ့ လာခေါ်သွားတာ။ ငွေသား သိန်း (၂) ထောင်ကို ၂ ရက်အတွင်း မလာပေးရင် သတ်ပစ်မယ်လို့ပြောတယ်။ ဖုန်းဆက်လာတိုင်း ကျနော်တို့လည်း တောင်းပန်တယ်။ ငွေသိန်း (၂) ထောင်ဆိုတာ မတတ်နိုင်ဘူး” ဟု ဦးဆမ်မောင်၏ သားအကြီးဆုံးဖြစ်သူ စိုင်းဆိုင်လှိုင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဖမ်းဆီးခံရသော ဦးဆမ်မောင်

ဖမ်းဆီးခေါ်ဆောင်သွားပြီး မေ (၉) ရက်မှာ ဦးဆမ်မောင်က ထွက်ပြေးလာနိုင်ခဲ့သော်လည်း ထိုဖမ်းဆီးသွားသည့် အဖွဲ့မှ မိသားစုထံ ငွေကြေးထပ်မံ တောင်းလာခဲ့သေးကြောင်း သားဖြစ်သူက ထပ်လောင်းပြောသည်။

“မန့်ဟိုင်းက ဆိုင်တစ်ခုမှာ ငွေသား သိန်း (၅၀) သွားထားခိုင်းတယ်။ကျနော်တို့လဲ သွားထားပေးတယ်။ ၁၀ ရက်နေ့ မနေ့ညတုန်းက ဖုန်းဆက်လာပြီးတော့ ပိုက်ဆံထပ်တောင်းလာတယ်။ သိန်း (၁)ထောင် လာပို့ခိုင်းတယ်။ မလာပို့ရင် မိသားစုတွေကိုပါ ဖမ်းမယ်လို့ ခြိမ်းခြောက်လာတာ။ ခုတော့ ကျနော်တို့ တစ်မိသားစုလုံး ထွက်ပြေးနေရတယ်။ကျနော်တို့ မိသားစုက ဘယ်အဖွဲ့မှလည်း မပတ်သက်ဘူး” ဟု သားဖြစ်သူ စိုင်းဆိုင်လှိုင်း က ဆိုသည်။

ဦးဆမ်မောင်ကို လာရောက်ဖမ်းဆီးသွားသည်မှာ မည်သည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့က ဖမ်းဆီးသွားခြင်း မသိရကြောင်း ဦးစံမောင် ကပြောသည်။

“တောထဲက ကျနော့်ကို သစ်ပင်အောက်မှာပဲ ထားတယ်။မိုးထဲ လေထဲ နေရတယ်။တောထဲ လက်ထိပ်ခတ်ထားပြီး ခွေးလို ဝက်လိုနေရတယ်။ ကျနော့်ကိုခေါ်သွားတာ ဘယ်အဖွဲ့လည်းဆိုတာ မသိရဘူး။ သူတို့မှာ လက်နက်ရှိတာပဲသိတယ်။ မေးခွန်းတွေ ပြန်မေးရင် ရိုက်တယ်။ မေးတာပဲဖြေရတယ်” ဟု ဦးဆမ်မောင် ကပြောသည်။

နမ့်ခမ်းမြို့နယ်သည် စစ်ကောင်စီအပြင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဖြစ်ကြသော တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) ၊ ပြည်သူ့စစ်အဖွဲ့ နှင့် သျှမ်းမြောက် ပြည်သူ့လုံခြုံရေး နှင့် ကာကွယ်ရေးတပ်ဖွဲ့ တို့ လှုပ်ရှားရာ ဒေသဖြစ်သည်။


Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...