Wednesday, January 28, 2026

သျှမ်းပြည်မြို့နယ်အများအပြား ရေကြီးမှုကြုံနေရပြီး ပြည်သူများ စားဝတ်နေရးပိုခက်ခဲနေ

သျှမ်းပြည်တွင် ယခုနှစ် အတွင်း ရေကြီးရေလျှံမှုပိုပြီး ခံရပြီး နေအိမ်ထဲထိ ရေဝင်ရောက်မှုရှိလာသဖြင့် ပြည်သူများ အခက်အခဲများစွာ ကြုံနေရကြောင်း စုံစမ်းသိရသည်။

လက်ရှိ ကာလမှာ တဖက်တွင်လည်း ကိုဗစ်- ၁၉ ကပ်ရောဂါနှင့် ကြုံတွေ့နေရပြီး ၊ တဖက်တွင်လည်း မိုးရေကြီးမှုကြောင့် ပြည်သူများ စားဝတ်နေရေးအတွက် ပိုမိုခက်ခဲလာကြောင်း သတင်းရရှိသည်။

ယမန့်နေ့ ဇူလိုင် (၂၆) သျှမ်းတောင်လင်းခေးမြို့တွင် နမ့်တိမ်ချောင်းရေကြီးမှုကြောင့် ချောင်းဘေးရှိ ဈေးဆိုင်များအားလုံး ရေထဲပါသွားကြောင်း လင်းခေးမြို့ဒေသခံ စိုင်းဆေဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ နမ့်တိမ်ချောင်းကရေတက်လာတာ။ ချောင်းဘေးမှာဆိုင်ဖွင့်ထားတဲ့ ဆိုင်တွေကတော့ ရေထဲပါသွားတယ်။ ပစ္စည်းတွေမသယ်ထုတ်လိုက်ရဘူး။ ညအချိန်မှရေကြီးလာတော့ အဲနားရှိတဲ့ အကင်ဆိုင်လည်း ရေထဲပါသွားတယ်။” ဟု လင်းခေးမြို့ ဒေသခံ စိုင်းဆေဟန်က ပြောသည်။

သျှမ်းရှေ့ မိုင်းလင်းကျေးရွာအုပ်စု နားဟိုင်းလုံကျေးရွာတွင်လည်း ယမန့်နေ့ ဇူလိုင်း ၂၆ ရက်နေ့က မိုးရေတွေနဲ့အတူ သဲများပါလာ‌သောကြောင့် ပြည်သူများနေအိမ်တွင်‌ နေထိုင်လို့မရဘဲ နီးစပ်ရာ ဘုန်းကြီးကျောင်းတွင် သွားနေထိုင်ကြရကြောင်းသိရဿည်။

“ မနေ့က မိုးတွေရွာလာတာကြောင့် သဲတွေပါလာတယ်။ သဲတွေက နေအိမ်ထဲထိဝင်တယ်လေ။ တချို့သူတွေကတော့ နေအိမ်မှာအိပ်လို့မရလို့ ဘုန်းကြီးကျောင်းမှာသွားနေတာရှိတယ်” ဟု နားဟိုင်းလုံကျေးရွာတွင်နေထိုင်သည့် အမျိုးသားကပြောသည်။

နားဟိုင်းလုံကျေးရွာ အတွင်း ရွှေတူးဖော်မှုအလွန်အကျွံ ပြုလုပ်ကာ တောင်များပျက်စီးခြင်း ကြောင်း နှစ်စဉ် ရေကြီးမှုများဖြစ်ပွား လာခဲ့ပြီး နေအိမ်များကိုစွန်ခွာခဲ့ရသူများလည်းရှိကြောင်းသိရသည်။

ထို့ပြင် သျှမ်းပြည်အရှေ့ပိုင်း မိုးရေကြီးမှုကြောင့် လမ်း၊တံတားတွေ ပျက်ဆီးသွားရသည့်အပြင် တောင်ကျရေများ ကြောင့်လည်း ပြည်သူတွေ သေဆုံးမှုရှိခဲ့သည်။

သျှမ်းရှေ့မိုင်းယောင်းမြို့တွင်းလည်း ဇူလိုင်း ၂၀ ရက်နေ့တွင် မိုးရေကြီးပြီး တောင်းကျရေတွေကြောင့် ကျေးရွာအတွင်း အဓိက ဆက်သွယ်ထားသည့် တံတားတစ်စင်း ပျက်ကျသွားခဲ့ပြီး ၊ ယနေ့ချိန်ထိ မိုးရွာသွန်းနေသဖြင့် ရေကျသွားခြင်းမရှိသေးကြောင်း သိရသည်။

“ ရေကတော့တက်နေသေးတယ်။ မကျသေးဘူး။ တံတားကတော့ ကျနော်တို့ ယာယီအနေနဲ့ ပြန်လုပ်ထားတယ်။ ခုက ကိုဗစ်လည်းဖြစ်ရေလည်း ကြီးလာတော့ တစ်ပူပေါ်တစ်ပူဆင့်နေ သလိုဖြစ်နေတာပေါ့။ အခြေခံလူတန်းစာဆိုရင် ပိုပြီးကျပ်တည်းလာတာပေါ့။” ဟု မိုင်းယောင်းမြို့နယ် လူမှုကူညီပေးနေသည့် အမျိုးသားတဦးက ပြောသည်။

ထိုမိုးရေကြီးမှုသည် အဓိက တောင်ကျချောင်းရေနှင့်အတူ တောတောင်းများ ဖြုန်းတီးမှုကြောင့် ရေကြီးရသည်ဟု အထက်ပါ လူမှုကူညီပေးနေသည့် အမျိုးသားကဆိုသည်။

၂၀၂၁ မိုးရာသီကာလတွင် သျှမ်းပြည်နယ်တွင် လင်းခေးမြို့၊ မိုးနဲမြို့၊ မိုင်းပျဉ်းမြို့၊ မိုင်းယောင်းမြိုနယ်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းရယ်မြို့ စသည့်နေရာဒေသများတွင် ရေကြီးမှုများဖြစ်ပွားခဲ့ပြီး မိုင်းပျဉ်ဒမြို့တွင် မိုးရေကြီးပြီးတောင်ကျချောင်းရေ နှင့်အတူ မြေတိုက်စားမှုကြောင့် လမ်းလုပ်သား ပြည်သူ ၈ ဦးသေဆုံးခဲ့ရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နိုင်သဖြင့် ကြိုတင်ရွှေ့ပြောင်းနေထိုင်ရန် အသိပေး

0
ထိုင်း-မြန်မာနယ်စပ် ကြားရှိ မယ်ဆိုင်ချောင်းရေသည် လာမည့် ၁၂ နာရီအတွင်း တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနိုင်သဖြင့် ကြိုတင်ရွှေ့ပြောင်းနေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့ (ဇူလိုင် ၄ )ရက် နံနက်ပိုင်း ၉ နာရီခွဲအချိန်တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာသဖြင့် တာချီလိတ်မြို့ပေါ်...

ညီနောင်မဟာမိတ်ထိန်းချုပ် မူဆယ်မြို့နယ် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ် ရေကြီး၊ နေအိမ်တစ်လုံးမျှောပါ

0
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ကြုံတွေ့နေရပြီး နေအိမ်တစ်လုံး ရေထဲမျှောပါသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင် ၃ ရက်) နံနက်အချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းပြီး နမ့်ယန်းချောင်း ရေတက်မှုကြောင့် မူဆယ်မြို့နယ်...

ချင်းရိုင်းတွင် ရုတ်တရက်ရေကြီးမှုကြောင့် ဆေးရုံများပိတ်ထားရပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးမှုများဖြစ်ပေါ်နေပြီး Wiang Chiang Dung ဆေးရုံအပါအဝင် လူနေအိမ်များ၊ လယ်စိုက်ခင်းများနှင့် အများပြည်သူအဆောက်အအုံများစွာ ထိခိုက်မှုများရှိခဲ့ကြောင်း The Nation Thailand သတင်းဌာနတွင်ဖော်ပြထားသည်။ ယမန်နေ့ (ဇွန်လ ၁၆ ရက်) ညပိုင်းအချိန်မှ စတင်၍ ယနေ့ (ဇွန်လ ၂၇...

အင်းလေး ရေခမ်းခြောက်လာ သွားလာ ခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေခမ်းခြောက်မှု ပိုမိုဆိုးရွာလာသောကြောင့် ဒေသခံများ သွားလာမှု ခက်ခဲဖြစ်နေကြကြောင်း စုံစမ်းသိရှိရသည်။ ယခင်က လှေဖြင့်သွားလာရသော အင်းလေးဒေသ ရွာမ ရွာနှင့် မင်းချောင်းရွာ တွင် ယခုလမှ စတင်၍ အပူချိန်မြင့်တက် လာသည်နှင့် အမျှ ရေများခမ်းခြောက်လာပြီး ကုန်းနေရွာသဖွယ် လမ်းများတွင် နှုန်းမြေများဖြင့်...

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မောက်မယ်မြို့ ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်မောက်မယ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၇ ရက်) မနက် ၃ နာရီခွဲကျော်စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် မောက်မယ်မြို့တွင် ချောင်းရေမြင့်တက်ပြီး ကွန်ကိုင်းရပ်ကွက်၊ဈေးတန်းရပ်ကွက်၊မွှေတော်ရပ်ကွက် စသည့် မြေနိမ့်ပိုင်းရှိ ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေကြောင်း မောက်မယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ရေတွေကတော့...