Tuesday, January 27, 2026

ညီနောင်မဟာမိတ်ထိန်းချုပ် မူဆယ်မြို့နယ် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ် ရေကြီး၊ နေအိမ်တစ်လုံးမျှောပါ

မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ကြုံတွေ့နေရပြီး နေအိမ်တစ်လုံး ရေထဲမျှောပါသွားကြောင်း သတင်းရရှိသည်။

ယနေ့ (ဇူလိုင် ၃ ရက်) နံနက်အချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းပြီး နမ့်ယန်းချောင်း ရေတက်မှုကြောင့် မူဆယ်မြို့နယ် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ် အနီးရှိ လွယ်အင်ကျေးရွာ၊ မန့်ခုံကန်ရွာနှင့် မန့်ခုံလုံရွာရှိ လယ်ကွင်းများအပြင် ပြည်ထောင်စုလမ်းမကြီးပေါ်အထိ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရကြောင်း မူဆယ်မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ညကနေ မနက်ထိ မိုးအရမ်းကြီးလို့ ရေကြီးတာ။ အရင်နှစ်တွေလည်း ရေကြီးပါတယ် ဒီလောက်ထိ မဖြစ်ဘူး၊ အရင်နှစ်ဆိုရင် လယ်ကွင်းထိပဲ ရေတက်တာ။ ဒီနှစ်က လွယ်အင်ရွာမှာပါ ရေကြီးပြီး နေအိမ်တစ်လုံးလည်း ရေထဲမျှောပါသွားတယ်၊ လမ်းတွေလည်း ပိတ်ထားရတယ်” ဟု ကျင်စန်းကျော့ဂိတ်အနီးတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – ဇူလိုင်လ ၃ ရက် မူဆယ်မြို့နယ် နယ်စပ်ကုန်သွယ်ရေးဇုန် ကျင်းစန်းကျော့တွင် ရေကြီးရေလျှံမှုကြုံနေရ (Credit to owner)

လက်ရှိ နမ့်ယန်းချောင်း ရေတက်ကာ ကျင်စန်းကျော့နှင့် လွယ်အင်ကျေးရွာ ရေကြီးရသည့် အကြောင်းအရင်းသည် “၁၀၂၇ စစ်ဆင်ရေး” ဖြစ်ပြီးနောက်ပိုင်း လက်နက်ကိုင်တပ်ဖွဲ့မှ သစ်တောများခုတ်ခြင်း၊ ရွှေအလွန်အကျွံ တူးဖော်ခြင်းတို့ကို ခွင့်ပြုခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများက သုံးသပ်သည်။

“ဘာလို့ ရေကြီးမှု ဖြစ်ရလဲဆိုတော့ “၁၀၂၇ စစ်ဆင်ရေး”နောက်ပိုင်းမှာ လက်နက်ကိုင်တွေ သစ်အရမ်းခုတ်တာ၊ ရွှေတူးတာကြောင့်လည်း ပါတယ်။ ပြီးတော့ ဒေသခံအများစုလည်း ကြံတွေ စိုက်တာ များလာတာဆိုတော့ ရေတွေကို စုပ်ယူတဲ့ အပင်တွေ သိပ်မစိုက်ကြလို့လည်း ပါတယ်။ တရုတ်ဘက်က ရေကာတာဖွင့်ချတာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နိုင်ပါတယ်”ဟု ရေကြီးမှုကို ကြုံတွေ့နေရသည့် အမျိုးသားတစ်ဉီးက သုံးသပ်ပြောသည်။

ထိုသို့ ချောင်းရေတက်၍ ရေကြီးမှုများကြောင့် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်တွင်လည်း သွားလာရေး ခက်ခဲပြီး လမ်းများ ပိတ်ထားရကြောင်း ကုန်သည်များထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်မှာ “၁၀၂၇ စစ်ဆင်ရေး” ပြီးဆုံးပြီလား။

0
အာဏာသိမ်းစစ်အုပ်စုကို နယ်မြေအများအပြား ဆုံးရှုံးစေခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး”သည်  လက်ရှိတွင် အဖွဲ့ဝင်အချို့ စစ်ကော်မရှင် နှင့် အပစ်အခတ်ရပ်စဲကြပြီ ဖြစ်သည်။ အဆိုပါ “၁၀၂၇ စစ်ဆင်ရေး”ကြောင့် သျှမ်းပြည်မြောက်ပိုင်း နှင့် မန္တလေးတိုင်းအတွင်းရှိ မြို့ပေါင်း ၂၀ ကျော်ကို စစ်အုပ်စုထံ...

အိမ်ကြက်အချင်းချင်း အထင်မှားပြီး ခွပ်အောင် အိုးမဲသုတ်နေသည့် စစ်တပ်

0
သျှမ်းပြည် တောင်ပိုင်းရှိ ဒေသခံများကို စစ်ကော်မရှင် လက်အောက်ခံများက တအာင်းတပ် TNLA နှင့် ကိုးကန့်တပ် MNDAA တို့ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် အိမ်ကြက်အချင်းချင်း အထင်မှားပြီး ခွပ်အောင် အိုးမဲသုတ်ပေးသကဲ့သို့ တိုင်းရင်းသား အချင်းချင်းအထင်မှားပြီး ရန်ပွားအောင် သွေးခွဲရန်တိုက်ပေးနေခြင်း ဖြစ်သည်။ ညီနောင်မဟာမိတ်တပ်ဖွဲ့များ ဖြစ်သည့် တအာင်းတပ် TNLA နှင့် ကိုးကန့်တပ် MNDAA တို့ကို ဆန့်ကျင် ဆန္ဒပြရန် သျှမ်းပြည်...

သျှမ်းမြောက် ပဋိပက္ခ ရှုပ်ထွေးသည့်ကြားက မှတ်ပုံတင်အရေး

0
“၁၀၂၇ စစ်ဆင်ရေး” ပြီးနောက် ညီနောင်မဟာမိတ်တပ်ဖွဲ့များ ထိန်းချုပ်ထားနိုင်သည့် နယ်မြေများတွင် ၎င်းတို့ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကဒ် ခေါ် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း အသစ်များမှာ ဒေသတွင်း ပဋိပက္ခကို ပိုကြီးထွားလာစေကြောင်း သျှမ်းပြည်မြောက်ပိုင်းတွင် နေထိုင်သူများက ပြောဆိုလိုက်သည်။ လက်ရှိတွင် သျှမ်းပြည်မြောက်ပိုင်းအတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်...

ညီနောင်မဟာမိတ်ဆန့်ကျင်ကြောင်း စစ်ကော်မရှင်ဆန္ဒပြခိုင်းမှု တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေဟု RCSS ပြော

0
သျှမ်းပြည်တောင်ပိုင်း ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများက ညီနောင်မဟာမိတ်တပ်များကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ကြောင်း RCSS/SSA ဘက်က ပြောဆိုလိုက်သည်။ ယနေ့ (ဩဂုတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းရှိ မိုးနဲမြို့၊ မိုင်းပန်မြို့နှင့် ကွန်ဟိန်းမြို့တို့မှ ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများမှ ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA...

မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နိုင်သဖြင့် ကြိုတင်ရွှေ့ပြောင်းနေထိုင်ရန် အသိပေး

0
ထိုင်း-မြန်မာနယ်စပ် ကြားရှိ မယ်ဆိုင်ချောင်းရေသည် လာမည့် ၁၂ နာရီအတွင်း တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနိုင်သဖြင့် ကြိုတင်ရွှေ့ပြောင်းနေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့ (ဇူလိုင် ၄ )ရက် နံနက်ပိုင်း ၉ နာရီခွဲအချိန်တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာသဖြင့် တာချီလိတ်မြို့ပေါ်...