Sunday, May 5, 2024

ကျင်စန်းကျော့

MNDAA ကိုးကန့်တပ်မှ ကျင်စန်းကျော့ နယ်စပ် ကုန်သွယ်ရေးဂိတ်ကို သိမ်းပိုက်။

တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခု ဖြစ်သည့် ကျင်စန်းကျော့ဂိတ်ကို နိုဝင်ဘာ ၂၅ ရက် မနက် ၁၀ နာရီဝန်းကျင်က ကိုးကန့်တပ် MNDAA မှ သိမ်းပိုက်လိုက်ကြောင်း ကိုးကန့် သတင်းထုတ်ပြန်ချက်များအရ သိရသည်။ သျှမ်းပြည်မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် အရေးပါ‌သော ဂိတ်တစ်ခုဖြစ်သည့် ကျင်စန်းကျော့ဂိတ်အနီး ဆဲဗင်းဟွာကျင့်...

မြန်မာ- တရုတ်နယ်စပ် မူဆယ်မြို့နယ် ကျင်စန်ကျော့ဂိတ် ကုန်ကား ၁၀ စီးထက်နည်း မီးလောင်ပျက်စီး

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ် ကျင်စန်းကျော့ဂိတ်အတွင်း ရပ်နားထားသည့် ၂၂ဘီး ကုန်တင်ယာဥ်တန်များပေါ် ဗုံးကျ ပေါက်ကွဲမှုကြောင်း ကုန်ကား (၁၀)စီးထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ကျင်စန်ကျော့နယ်စပ်ဂိတ် သွားမည့်လမ်းပေါ် ကောင်းခန်ကျေးရွာ 7 ဟွာကျင်း ကားဂိတ် တွင် ယနေ့ (နိုဝင်ဘာလ ၂၃ ရက်)...

မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်မှု စစ်ဆေးရေး တင်းကြပ်၊ကုန်သည်များက အခက်တွေ့နေရ

သျှမ်းပြည်  မူဆယ်ဘက်ရှိ မြန်မာ - တရုတ် နယ်စပ် ကုန်သွယ်မှုတွင် ကုန်ပစ္စည်း စစ်ဆေးမှုများ တင်းကြပ်လာသည့် အတွက်ကုန်သည်များက အခက်တွေ့နေရကြောင်း စုံစမ်းသိရသည်။ မြန်မာ - တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ် (ကျင်စန်းကျော့ဂိတ်) မှ တစ်ဆင့် တရုတ်ဘက်မှ မြန်မာပြည်ဘက် တင်သွင်းသည့်ကုန်ပစ္စည်းများကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများပြုလုပ်လာသည့်အပြင် ဒဏ်ကြေး ပေးဆောင်မှုများလည်း ရှိနေကြောင်းကုန်သည်အသိုင်းအဝိုင်းထံမှ သိရသည်။ “တင်သွင်းတဲ့ ကုန်ပစ္စည်းကို တံဆိပ်၊ အလေးချိန်တွေကို တိတိကျကျမှတ်ပြီးတော့ ပစ္စည်းအမျိုးအစား တူပြီး တံဆိပ်ကွဲပြားတာ၊အလေးချိန်ကွဲတာမျိုးတွေဆိုရင် ဒဏ်ရိုက်တယ်၊ တချို့ကလည်း  ပစ္စည်းသိမ်းတဲ့ အထိ လုပ်တယ်” ဟု ကြုံတွေ့ရသည့် အမည်မဖော်လိုသူ ကုန်သည် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ မတ်လ အစပိုင်းမှ စတင်ကာ တင်သွင်းကုန်ပစ္စည်းများကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှု စတင်လုပ်ဆောင်လာ ခဲ့ခြင်းဖြစ်ပြီးပစ္စည်း စစ်ဆေးမှု တင်းကျပ်သည့်အပြင် ဒဏ်ငွေပေးဆောင်ရခြင်း၊ ပစ္စည်းသိမ်းခံရခြင်းတို့လည်း ရှိနေကြောင်း ကုန်သည်များက ပြောသည်။   ကျင်စန်းကျော့ဂိတ်မှ တစ်ဆင့် တင်သွင်းသည့် ကုန်ပစ္စည်းများသည် လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ တောင်ယာသုံးထွန်စက် စသည့်ပစ္စည်းများ ဖြစ်ကြကြောင်း သိရသည်။ စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်ပြီး ညွှန်ကြားချက် မူဝါဒအမျိုးမျိုးကို ထုတ်ပြန်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။ “ဝန်ကြီးဌာနက ကြေညာထားတာလည်း ရှိတယ်။ နိုင်ငံတော် မူဝါဒ အရ ပြောင်းလဲတာတွေ ရှိတာပေါ့။ အရင်က ပို့ကုန်မှာတောင်လိုင်စင်မလိုတာ အခု လိုင်စင်လုပ်ရတယ်။ ဒီစစ်ဆေးမှုကလည်း ကျင်စန်းကျော့ဂိတ်ကနေ ၁၀၅ မိုင် ထိ တိုက်ရိုက်မောင်းနိုင်ဖို့စစ်ဆေးမှုတွေ လုပ်တယ်လို့ ပြောတယ်” ဟု အထက်ပါ ကုန်သည်က ဆက်ပြောသည်။ ထို့အပြင် ကုန်ပစ္စည်း တင်သွင်းခွင့်လိုင်စင် လျှောက်ထားရန်အတွက် လိုအပ်သည့် ပစ္စည်း အရေအတွက်တွင် ဆေးနှင့် ဆက်စပ်ပစ္စည်း၊ စား သောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအပါအဝင် တခြားပစ္စည်းပေါင်း တစ်ထောင်ကျော် ရှိကြောင်းလည်း သိရသည်။ တရုတ်နယ်စပ်မှ တင်သွင်းသည့် ကုန် ပစ္စည်းများသည် ပလတ်စတစ်နဲ့ နို့ထွက်ပစ္စည်းများ၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများ ၊လျှပ်စစ်ပစ္စည်းများ၊ သံနှင့် အိမ်ဆောက်ပစ္စည်းများ၊ ချည်ထည်၊ ရေထွက်ပစ္စည်း၊ မော်တော်ယာဉ် စက်ပစ္စည်းများ ဖြစ်ကြကြောင်းလည်း သိရသည်။ ယင်းကဲ့သို့ တင်သွင်းကုန်ပစ္စည်းများကိ စစ်ဆေးမှု တင်းကြလိုက်သည့်အတွက် ကုန်ပို့ဆောင်မှု အချိန်ကြန့်ကြာမှု ရှိသလိုငွေကြေးကောက်ခံမှုနှင့် ပစ္စည်းသိမ်းယူမှုမျာကြောင့် အချို့သွင်းကုန် လုပ်ငန်းမျာ ရပ်နားရသည် အထိရှိ နေကြောင်းလည်းကုန်သည်များထံမှ  သိရသည်။

ရွှေလီမြစ်ဝှမ်းဒေသ ကြံစိုက်ပျိုးသူများ တင်ပို့ရောင်းချရန် ခက်ခဲနေဆဲ

မြန်မာ - တရုတ်နယ်စပ် ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) စိုက်ပျိုးရေးသမားများ တပိုင်တနိုင်တင်ပို့နေသည့် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့်အတွက် ကြံစိုက်ပျိုးသူများ ခက်ခဲနေဆဲဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားချိန်မှ စပြီး ယနေ့ထိ ၃ နှစ်ခန့်ကြာ ပိတ်ထားသည့် ရွှေလီမြစ်ဝှမ်းဒေသရှိ တပိုင်တနိုင်တောင်သူများ...

Latest news