မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်မှု စစ်ဆေးရေး တင်းကြပ်၊ကုန်သည်များက အခက်တွေ့နေရ

သျှမ်းပြည်  မူဆယ်ဘက်ရှိ မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်မှုတွင် ကုန်ပစ္စည်း စစ်ဆေးမှုများ တင်းကြပ်လာသည့် အတွက်ကုန်သည်များက အခက်တွေ့နေရကြောင်း စုံစမ်းသိရသည်။

၁၀၅မိုင်

မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ် (ကျင်စန်းကျော့ဂိတ်) မှ တစ်ဆင့် တရုတ်ဘက်မှ မြန်မာပြည်ဘက် တင်သွင်းသည့်ကုန်ပစ္စည်းများကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများပြုလုပ်လာသည့်အပြင် ဒဏ်ကြေး ပေးဆောင်မှုများလည်း ရှိနေကြောင်းကုန်သည်အသိုင်းအဝိုင်းထံမှ သိရသည်။

“တင်သွင်းတဲ့ ကုန်ပစ္စည်းကို တံဆိပ်၊ အလေးချိန်တွေကို တိတိကျကျမှတ်ပြီးတော့ ပစ္စည်းအမျိုးအစား တူပြီး တံဆိပ်ကွဲပြားတာ၊အလေးချိန်ကွဲတာမျိုးတွေဆိုရင် ဒဏ်ရိုက်တယ်၊ တချို့ကလည်း  ပစ္စည်းသိမ်းတဲ့ အထိ လုပ်တယ်” ဟု ကြုံတွေ့ရသည့် အမည်မဖော်လိုသူ ကုန်သည် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မတ်လ အစပိုင်းမှ စတင်ကာ တင်သွင်းကုန်ပစ္စည်းများကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှု စတင်လုပ်ဆောင်လာ ခဲ့ခြင်းဖြစ်ပြီးပစ္စည်း စစ်ဆေးမှု တင်းကျပ်သည့်အပြင် ဒဏ်ငွေပေးဆောင်ရခြင်း၊ ပစ္စည်းသိမ်းခံရခြင်းတို့လည်း ရှိနေကြောင်း ကုန်သည်များက ပြောသည်။  

နယ်စပ်ကုန်သွယ်ရေးလမ်း

ကျင်စန်းကျော့ဂိတ်မှ တစ်ဆင့် တင်သွင်းသည့် ကုန်ပစ္စည်းများသည် လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ တောင်ယာသုံးထွန်စက် စသည့်ပစ္စည်းများ ဖြစ်ကြကြောင်း သိရသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်ပြီး ညွှန်ကြားချက် မူဝါဒအမျိုးမျိုးကို ထုတ်ပြန်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“ဝန်ကြီးဌာနက ကြေညာထားတာလည်း ရှိတယ်။ နိုင်ငံတော် မူဝါဒ အရ ပြောင်းလဲတာတွေ ရှိတာပေါ့။ အရင်က ပို့ကုန်မှာတောင်လိုင်စင်မလိုတာ အခု လိုင်စင်လုပ်ရတယ်။ ဒီစစ်ဆေးမှုကလည်း ကျင်စန်းကျော့ဂိတ်ကနေ ၁၀၅ မိုင် ထိ တိုက်ရိုက်မောင်းနိုင်ဖို့စစ်ဆေးမှုတွေ လုပ်တယ်လို့ ပြောတယ်” ဟု အထက်ပါ ကုန်သည်က ဆက်ပြောသည်။

ထို့အပြင် ကုန်ပစ္စည်း တင်သွင်းခွင့်လိုင်စင် လျှောက်ထားရန်အတွက် လိုအပ်သည့် ပစ္စည်း အရေအတွက်တွင် ဆေးနှင့် ဆက်စပ်ပစ္စည်း၊ စား သောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအပါအဝင် တခြားပစ္စည်းပေါင်း တစ်ထောင်ကျော် ရှိကြောင်းလည်း သိရသည်။

တရုတ်နယ်စပ်မှ တင်သွင်းသည့် ကုန် ပစ္စည်းများသည် ပလတ်စတစ်နဲ့ နို့ထွက်ပစ္စည်းများ၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများ ၊လျှပ်စစ်ပစ္စည်းများ၊ သံနှင့် အိမ်ဆောက်ပစ္စည်းများ၊ ချည်ထည်၊ ရေထွက်ပစ္စည်း၊ မော်တော်ယာဉ် စက်ပစ္စည်းများ ဖြစ်ကြကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ တင်သွင်းကုန်ပစ္စည်းများကိ စစ်ဆေးမှု တင်းကြလိုက်သည့်အတွက် ကုန်ပို့ဆောင်မှု အချိန်ကြန့်ကြာမှု ရှိသလိုငွေကြေးကောက်ခံမှုနှင့် ပစ္စည်းသိမ်းယူမှုမျာကြောင့် အချို့သွင်းကုန် လုပ်ငန်းမျာ ရပ်နားရသည် အထိရှိ နေကြောင်းလည်းကုန်သည်များထံမှ  သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

နိုင်ငံတကာပိတ်ဆို့မှုကြောင့် စီးပွားရေးကျဆင်းဟု စစ်ခေါင်းဆောင် ပြော

0
မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းနေမှုမှာ နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် ဖြစ်သည်ဟု အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ ဩဂုတ် ၂၅ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ ၎င်း၏ ထိုင်း၊ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်ရလဒ်များကို တင်ပြရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းပြီး စီးပွားရေးမြှင့်တင်မည်ဟု...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...