MNDAA ကိုးကန့်တပ်မှ ကျင်စန်းကျော့ နယ်စပ် ကုန်သွယ်ရေးဂိတ်ကို သိမ်းပိုက်။

တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခု ဖြစ်သည့် ကျင်စန်းကျော့ဂိတ်ကို နိုဝင်ဘာ ၂၅ ရက် မနက် ၁၀ နာရီဝန်းကျင်က ကိုးကန့်တပ် MNDAA မှ သိမ်းပိုက်လိုက်ကြောင်း ကိုးကန့် သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ကျင်စန်းကျော့ နယ်စပ်ဂိတ် MNDAA သိမ်းပိုက်နိုင်

သျှမ်းပြည်မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် အရေးပါ‌သော ဂိတ်တစ်ခုဖြစ်သည့် ကျင်စန်းကျော့ဂိတ်အနီး ဆဲဗင်းဟွာကျင့် ကုန်ချိန်းကွင်း၌ နိုဝင်ဘာလ ၂၃ရက်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သွင်းကုန်ကားအစီးရေ တစ်ရာကျော် မီးလောင်ပျက်စီးဆုံးရှုံးပြီးနောက် နိုဝင်ဘာလ ၂၅ရက်တွင် MNDAAမှ ကျင်စန်းကျော့နယ်စပ်ဂိတ်အား သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

“မနေ့ကတော့ အဲ့ဒိဂိတ်မှာ ကိုးကန့်တပ်က ကိုးကန့်အလံ လွှင့်တင်နေတဲ့ ဗွီဒီယိုဖိုင် အွန်လိုင်းမှာတင်ထားတာ တွေ့မိတယ်၊ဂိတ်နားကလူတွေလည်း စစ်ရှောင်နေကြတယ်ပြောတယ် လက်နက်ကြီး ပစ်သံတွေက နေ့ရော ညရော ကြားနေရတာ “ဟု တရုတ်ဘက်ခြမ်း ရောက်နေသည့် ရွှေ့ပြောင်းလုပ်သားတစ်ဦးမှ သျှမ်းသံတော်ဆင့်သို့ ပြောသည်။

သျှမ်းမြောက် မဟာမိတ် တပ်ပေါင်းစု၏ ၁၀၂၇ စစ်ဆင်ရေး ကာလ အတွင်း မုံးကိုး – မန်ဟိုင်းဂိတ်၊ ပန်ဆိုင်း (ကြူကုတ်) – ဝမ်တိန် ဂိတ်၊ မူဆယ် ကျင်စန်းကျော့ – ဝမ်တိန် ဂိတ်နဲ့ ချင်းရွှေဟော် – မိန်းတိန် ဂိတ်များနှင့် စစ်ကောင်စီတပ်စခန်း ၁၇၂ ခုကိုပါသိမ်းပိုက် နိုင်ခဲ့ကြောင်းကို ကိုးကန့် ထုတ်ပြန်သတင်းမှ သိရသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နားတွင်လည်း လက်နက်ကြီးပစ်သံများ ဆက်တိုက်ကြားနေရပြီး တိုက်ပွဲပြင်းထန်နေသောကြောင့် အတွင်းဘက်၌ ရပ်နားထားသည့် ကုန်တင်ကားများ၏လုံခြုံမှုအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံယာဉ်ပိုင်ရှင်များထံမှ သိရသည်။

တိုက်ပွဲများရက်ကြာလာသည်နှင့်အမျှ ကုန်သွယ်မှုလမ်းကြောင်းများ ပြတ်တောက်လာပြီး ဒေသခံများလည်း မိမိတို့လုပ်ငန်းများကို ပစ်ကာ စစ်ဘေးရှောင်နေကြရသဖြင့် စားဝတ်နေရေးခက်ခဲကြပ်တည်းမှုများ ပိုမိုဆိုးရွားစွာ ခံစားနေရကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...