Tuesday, January 27, 2026

ရွှေလီမြစ်ဝှမ်းဒေသ ကြံစိုက်ပျိုးသူများ တင်ပို့ရောင်းချရန် ခက်ခဲနေဆဲ

မြန်မာ – တရုတ်နယ်စပ် ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) စိုက်ပျိုးရေးသမားများ တပိုင်တနိုင်တင်ပို့နေသည့် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့်အတွက် ကြံစိုက်ပျိုးသူများ ခက်ခဲနေဆဲဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

ကြံများကို တရုတ်နိုင်ငံဘက်သို့ ဂရိန်းစက်ဖြင့် ပို့ဆောင်စဥ်

ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားချိန်မှ စပြီး ယနေ့ထိ ၃ နှစ်ခန့်ကြာ ပိတ်ထားသည့် ရွှေလီမြစ်ဝှမ်းဒေသရှိ တပိုင်တနိုင်တောင်သူများ အသုံးပြုရာ ဒေသလမ်းကြောင်း နယ်စပ်ဂိတ်များကို လက်ရှိ အချိန်ထိ ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးကြောင်း သိရသည်။

ထို့ကြောင့် ရွှေလီမြစ်ဝှမ်းဒေသရှိ တပိုင်တနိုင် တောင်သူများသည် ကြံများတင်ပို့ရောင်းချရန် ခက်ခဲနေကြောင်း၊ တရုတ် – မြန်မာသို့ ပစ္စည်းတင်ပို့ပါက ဂရိန်းစက်ဖြင့် တင်ပို့ရောင်းချနေရသေးကြောင်း နမ့်ခမ်းဒေသခံ တောင်သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ကျနော်တို့ဖက်က ဘယ်ဂိတ်မှ မဖွင့်သေးဘူး။ အရင်အတိုင်း ဂရိန်းစက်နဲ့ပဲ သယ်ပို့နေရသေးတယ်။ ကျနော်တို့ တောင်သူတွေက ကြံကလွှဲပြီး ဘာမှတင်ပို့လို့ မရဘူး။ တခြားဟာတင်ပို့ချင်ရင် ကျင်စန်းကျော့ဂိတ်ကို သွားပြီး ပို့ရတယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံတွင် ကိုဗစ် – ၁၉ ရောဂါ အဆမတန် မြှင့်တက်နေသေးသည့်အတွက် နယ်စပ်ဂိတ်များ ဖွင့်လှစ်ခြင်းအပေါ် စိုးရိမ်ချက်များ ရှိနေသော်လည်း တပိုင်တနိုင် စိုက်ပျိုးသူများ အသုံးပြုနေသည့် နယ်စပ်ဂိတ်များ ဖွင့်ပေးပါက တင်ပို့ရောင်းချရာမှာ ပြေလည်လာနိုင်ကြောင်း တောင်သူများက ဆိုသည်။

“နယ်စပ်ဂိတ်တွေ များများဖွင့်လာနိုင်ရင်တော့ ကျနော်တို့ တောင်သူတွေအတွက် ကောင်းတာပေါ့။ နယ်စပ်ဒေသ တလျောက်မှာ ခြံစည်းရိုးတွေ ကာထားတော့ ဘယ်လိုမှ တင်ပို့လို့မရဘူး။ ဂိတ်တွေ ပြန်ဖွင့်လာနိုင်မှ ဘယ်ဟာဘဲဖြစ်ဖြစ် တင်ပို့လို့ အဆင်ပြေသွားမယ်။ ဂိတ်တွေ တကယ်ပြန်ဖွင့်လာရင်တော့ အရင်အခြေနေလိုမျိုး ပြန်ဖြစ်လာမလားဆိုတာကလည်း တချက်တော့ ပြန်ကြည့်ရတာပေါ့ “ ဟု ၎င်း အမျိုးသားက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံဘက်ခြမ်းရှိ ကျယ်ဂေါင်ဂိတ်အပါအဝင် ရွှေနန်းတော်ဂိတ်၊ ဆင်ဖြူဂိတ် နှင့် မန့်ဝိန်းဂိတ်၊ ကြူကုတ်(ပန်ဆိုင်း) ဘက်ရှိ နယ်စပ်ဂိတ် နှင့် ချင်းရွှေဟော်ဘက်ရှိ နယ်စပ်ဂိတ်များကို တရုတ်ဘက်က ဖွင့်လှစ်ခဲ့ပြီး မြန်မာဘက်မှာ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညီနောင်မဟာမိတ်ထိန်းချုပ် မူဆယ်မြို့နယ် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ် ရေကြီး၊ နေအိမ်တစ်လုံးမျှောပါ

0
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ကြုံတွေ့နေရပြီး နေအိမ်တစ်လုံး ရေထဲမျှောပါသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင် ၃ ရက်) နံနက်အချိန်ထိ မိုးသည်းထန်စွာ ရွာသွန်းပြီး နမ့်ယန်းချောင်း ရေတက်မှုကြောင့် မူဆယ်မြို့နယ်...

စစ်မှုထမ်းအကျုံးဝင်သည့် လူငယ်များ မူဆယ် စစ်ကောင်စီက နယ်စပ်ဖြတ်သန်းခွင့်မပြုတော့

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ်များတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များကို စစ်ကောင်စီလက်အောက်ခံ ရဲနှင့် လဝကများက နယ်စပ်ဖြတ်သန်းခွင့် မပြုတော့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၁၂) ရက်မှ စတင်ပြီး မူဆယ်မြို့ရှိ မြန်မာ-တရုတ် နယ်စပ်ဂိတ်များဖြစ်သည့် နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့တွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် (၁၈)...

မူဆယ်မြို့ စစ်ကောင်စီထိန်းချုပ် ဆင်ဖြူနယ်စပ်ဂိတ်တွင် ကုန်သယ်ယူခွင့် ထပ်မံတင်းကြပ်ပြီး ပစ္စည်းဆွဲချ ဖမ်းဆီးနေ

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိ စစ်ကောင်စီထိန်းချုပ်ထားနိုင်သည့် ဆင်ဖြူနယ်စပ်ဂိတ်တွင် ကုန်စည်စီးဆင်းမှုကို တပိုင်တနိုင်ခွင့်ပြုထားရာမှ ထပ်မံတင်းကြပ်ပြီး ပစ္စည်းဆွဲချ ဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၂၇ ရက်) နံနက်ပိုင်းမှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ စစ်ကောင်စီထိန်းချုပ်ထားသည့် ဆင်ဖြူစစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်း သယ်ယူခွင့်ကို ထပ်မံတင်းကြပ်လိုက်ပြီး သတ်မှတ်ချက်အတိုင်း သယ်ယူလာသည့်...

တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်ကို တရုတ်ဘက် ပိတ်ပင်၊ တပိုင်တနိုင်သမားများ အခက်ကြုံ

0
တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်ကို ယနေ့ (နိုဝင်ဘာလ ၁၁ ရက်)နေ့တွင် တရုတ်ဘက် စတင်ပိတ်ပင်လိုက်ပြီးသဖြင့် တပိုင်တနိုင် လုပ်ကိုင်နေသူများအခက်ကြုံနေကြောင်း သတင်းရရှိသည်။ လက်ရှိမှာ တရုတ်အာဏာပိုင်များက ကျယ်ဂေါင်-မန့်ဝိန်းတွင် တရားဝင်ကုန်စည်များကို သယ်ယူခွင့်ပြုပြီး ဆင်ဖြူဂိတ်တွင် တပိုင်တနိုင် ဖြင့် တရားမဝင် ကုန်စည်များကို သယ်ဆောင်ခွင့်မပြုတော့ကြောင်း (နိုဝင်ဘာလ ၉ရက်)နေ့တွင် ရွှေလီတရုတ်အာဏာပိုင်က...

မူဆယ်မြို့ ရှိ တပိုင်တနိုင် ကုန်သယ်သည့် တရုတ်နယ်စပ် ဆင်ဖြူဂိတ် အချိန်လျော့ ဖွင့်လှစ်ပေး

0
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ တပိုင်တနိုင် ကုန်ကူးနေသည့် ဆင်ဖြူဂိတ်ကို စစ်ကောင်စီဘက်က အချိန်လျော့ပြီး ဖွင့်လှစ်ပေးနေကြောင်း စုံစမ်သိရသည်။ အဆိုပါဂိတ်သည် ယခင်တွင် နံနက် ၈ နာရီ မှ ညနေ ၆နာရီထိ ဖွင့်လှစ်ခဲ့ရာ ယခုတွင် နံနက် ၁၀နာရီမှ ညနေ ၄နာရီထိ အချိန်လျော့ ဖွင့်လှစ်နေကြောင်း...