Tuesday, January 27, 2026

မူဆယ်မြို့ စစ်ကောင်စီထိန်းချုပ် ဆင်ဖြူနယ်စပ်ဂိတ်တွင် ကုန်သယ်ယူခွင့် ထပ်မံတင်းကြပ်ပြီး ပစ္စည်းဆွဲချ ဖမ်းဆီးနေ

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်ရှိ စစ်ကောင်စီထိန်းချုပ်ထားနိုင်သည့် ဆင်ဖြူနယ်စပ်ဂိတ်တွင် ကုန်စည်စီးဆင်းမှုကို တပိုင်တနိုင်ခွင့်ပြုထားရာမှ ထပ်မံတင်းကြပ်ပြီး ပစ္စည်းဆွဲချ ဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။

ယနေ့ (နိုဝင်ဘာလ ၂၇ ရက်) နံနက်ပိုင်းမှ စတင်ပြီး မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ စစ်ကောင်စီထိန်းချုပ်ထားသည့် ဆင်ဖြူစစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်း သယ်ယူခွင့်ကို ထပ်မံတင်းကြပ်လိုက်ပြီး သတ်မှတ်ချက်အတိုင်း သယ်ယူလာသည့် တပိုင်တနိုင် ကုန်ပစ္စည်းများကိုပါ အကောက်ခွန်နှင့် ကညန ပူးပေါင်းအဖွဲ့များက ဆွဲချသိမ်းယူထားကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“ကြေညာချက် ထုတ်ပြန်ပေမဲ့ စစ်ကောင်စီဘက်က ဆိုင်ကယ်ပေါ်ကနေ အထုပ်တွေ ဆွဲချထားတုန်းပဲ ဒီမနက်တင်ဖြစ်တာ။ သူတို့ custom စည်းကမ်းအတိုင်း လုပ်တာတောင် ဖမ်းချင်တဲ့ သဘောပေါ့။ အခု ဆင်ဖြူဂိတ်ကနေလည်း ဆိုင်ကယ်ပေါ် တင်လာတဲ့ ပစ္စည်းအကုန် ဆွဲချပြီး ယူထားတယ် ပေးမသယ်ဘူး”ဟု ကျယ်ဂေါင်ဘက်မှ ကုန်ပစ္စည်းသယ်ယူလာသည့် လူငယ်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – မူဆယ်မြို့ ဆင်ဖြူဂိတ်တွင် တပိုင်တနိုင်ကုန် ပစ္စည်းများကို အကောက်ခွန်နှင့် ကညနပူးပေါင်းအဖွဲ့များ ဆွဲချဖမ်းဆီးထားပုံ

အလားတူ တရုတ်ဘက်ခြမ်းမှ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများကလည်း နေ့စဉ် အဝင်အထွက် ပြုလုပ်နေသည့် ဒေသခံများကိုပါ နယ်စပ်ဂိတ်တွင် ဖြတ်သန်းခွင့် မပေးတော့ဘဲ အနွေးထည်ကဲ့သို့ အဝတ်အစားများနှင့် တပိုင်တနိုင် သယ်ယူလာသည့် စက်သုံးဆီတို့ကို လုံးဝ ပိတ်ပင်ထားကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

“အနွေးထည်တို့ အဝတ်အစားတို့ဆိုရင် ဖမ်းထားတယ်၊ စက်သုံးဆီတော့ လုံးဝ မရတာ။ နေ့တိုင်း အဝင်အထွက်ရှိတဲ့လူကို ပေးမဖြတ်တော့ဘူး။ အဝတ်အစားတောင် နှစ်ထပ်သုံးထပ် ဝတ်ပြီး သယ်လာရတယ်။ ခါးစည်းလာတာ၊ ခေါင်းပေါင်းလာတာ၊ အမျိုးသမီး အပေါ်ဝတ်တွေထဲ ထည့်လာရတဲ့အထိ လုပ်ရတယ်။ အထုပ်လိုက် ဆိုင်ကယ်နဲ့ တင်လာလို့ မရတော့ဘူး”ဟု ဒေသခံ ကုန်သည်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – မူဆယ်မြို့ ဆင်ဖြူဂိတ်တွင် တပိုင်တနိုင်ကုန် ပစ္စည်းများကို အကောက်ခွန်နှင့် ကညနပူးပေါင်းအဖွဲ့များ ဆွဲချဖမ်းဆီးထားပုံ

မူဆယ်မြို့ရှိ စစ်ကောင်စီထိန်းချုပ် နယ်စပ်ဂိတ်များဖြစ်သည့် ဆင်ဖြူဂိတ်နှင့် နန်းတော်ဂိတ်တို့တွင် ကုန်ပစ္စည်း တပိုင်တနိုင် သယ်ယူခွင့်ကို မူဆယ်မြို့တွင်း လောက်ငှရုံသာ ခွင့်ပြုထားခြင်းကြောင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာကြောင်း ကုန်သည်များထံမှ သိရသည်။

ထို့အပြင် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နှင့် MNDAA ထိန်းချုပ်ထားသည့် ပန်ဆိုင်းမြို့ဘက်သို့ ကုန်စည် သယ်ယူခွင့်မရအောင် မူဆယ်မြို့ အထွက်ဂိတ်များတွင် စစ်ကောင်စီတပ်များက တင်းတင်းကြပ်ကြပ် ထပ်မံစစ်ဆေးကြောင်း ဒေသခံများက ပြောဆိုသည်။

“မူဆယ်ကနေ နမ့်ခမ်းသွားတဲ့ ပန်ခမ်းတံတားနဲ့ လမ်းမှာဆိုရင် ရွာသားတွေ ဝယ်လာတဲ့ အစားအသောက် အထုပ်လေးကအစ ပေးမဖြတ်ဘူး။ မနေ့က စပြီး အရင်ကထက် ပိုစစ်လာတယ်။ လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပိတ်ဆို့ပြီး ဖြတ်လေးဖြတ် လုပ်ချင်တာ”ဟု အသက် (၄၀) ကျော်အရွယ် မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လာမည့် ဒီဇင်ဘာလ (၁) ရက်မှ စတင်ပြီး မူဆယ်မြို့နယ်အတွင်း မီးဖိုချောင်သုံး အသီးအနှံများ၊ အသားနှင့် ငါးများကို ခွင့်ပြုမိန့်ရသည့် ကားနှင့် ဆိုင်ကယ်များသာ သယ်ယူနိုင်မည်ဖြစ်ပြီး အခြားလူသုံးကုန်ပစ္စည်းများကို တင်ဆောင်ခွင့် ပြုမည်မဟုတ်ကြောင်း ဆင်ဖြူစစ်ဆေးရေးဂိတ်မှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက် ညပိုင်းတွင် ကချင်လွတ်လပ်ရေးတပ် KIA ၏ ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲအတွင်း တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား (၃၀၀) ကျော်ကို တရုတ်အာဏာပိုင်များမှ မူဆယ်မြို့ မန်ဝိန်းနယ်စပ်ဂိတ်မှတဆင့် လွှဲပြောင်းပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...