တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်ကို တရုတ်ဘက် ပိတ်ပင်၊ တပိုင်တနိုင်သမားများ အခက်ကြုံ

တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်ကို ယနေ့ (နိုဝင်ဘာလ ၁၁ ရက်)နေ့တွင် တရုတ်ဘက် စတင်ပိတ်ပင်လိုက်ပြီးသဖြင့် တပိုင်တနိုင် လုပ်ကိုင်နေသူများအခက်ကြုံနေကြောင်း သတင်းရရှိသည်။

လက်ရှိမှာ တရုတ်အာဏာပိုင်များက ကျယ်ဂေါင်-မန့်ဝိန်းတွင် တရားဝင်ကုန်စည်များကို သယ်ယူခွင့်ပြုပြီး ဆင်ဖြူဂိတ်တွင် တပိုင်တနိုင် ဖြင့် တရားမဝင် ကုန်စည်များကို သယ်ဆောင်ခွင့်မပြုတော့ကြောင်း (နိုဝင်ဘာလ ၉ရက်)နေ့တွင် ရွှေလီတရုတ်အာဏာပိုင်က ညွှန်ကြားထားသည်။

“အခုက ဆင်ဖြူဂိတ်ကို တရားဝင်ပိတ်လိုက်တယ်။ ပစ္စည်းတွေက အဲဂိတ်ကနေ သယ်ထုတ်ခွင့်မပြုဘူး ဒါမြန်မာဘက်က ခွင့်ပြုတယ်။ တရုတ်ဘက်က ကျယ်ဂေါင်-မန့်ဝိန်းဂိတ်မှာ သယ်ယူခွင့်ပြုတော့ဘူး။ တံခါးတော့ ပိတ်ထားတုန်းပဲ။ အထဲမှာ ဆိုင်ကယ်နဲ့ ထွက်ဖို့စောင့်နေတဲ့သူတွေ တော်တော်များတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ တရုတ်ဘက်ခြမ်းအခြေအနေ

ထို့အပြင် တရုတ်-မြန်မာနယ်စပ် ဂိတ်များ စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု တရုတ်ဝန်ကြီးချုပ် Mr. Li Qiang က စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ပြီးခဲ့သည့် (နိုဝင်ဘာ ၆ ရက်) က တွေ့ဆုံစဥ် ပြောဆိုလိုက်သည်။

တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ထပ်လောင်း အသိအမှတ်ပြုကြောင်း တရုတ်နိုင်ငံ အတွင်း အခြေပြု၍ မြန်မာနိုင်ငံ အကျိုး ပျက်စီးအောင် ဆောင်ရွက်မှုများကို လက်ခံမည် မဟုတ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဂိတ်များသည် အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိရမည်ဖြစ်ပြီး အပြည့်အဝ စီမံခန့်ခွဲနိုင်ရေး အတွက် ဆက်လက် ဆောင်ရွက်သွာမည်ဖြစ်ကြောင်း တရုတ် ဝန်ကြီးချုပ်က ဆိုသည်။

တရုတ်ဘက် ကုန်ပစ္စည်းသယ်ယူခွင့်ကို ပိတ်ပင်လိုက်ခြင်းကြောင့် အခြေခံလူတန်းစားများ ရာနှင့်ချီ အလုပ်လက်မဲဖြစ်လာနိုင်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အခုလိုပိတ်လိုက်တာက နှစ်ဖက်စလုံးက ပြည်သူကိုပဲ ထိခိုက်နစ်နာစေတယ်။ ပိတ်တာကလည်း တရုတ်ဘက်က စတင်ပိတ်လိုက်တယ် အထက်လူကြီးအမိန့်ကြောင့်သာ လုပ်ဆောင်နေတာ။ သူတို့ဘက်ကလည်း ပြန်ညှိကောင်းနိုင်မယ်။ အခြေနေတစ်ခုကိုကြည့်ပြီး ဘယ်လိုဖြစ်လာမလည်းကို စောင့်ကြည့်ရမယ်”ဟု ၎င်းက ပြောသည်။

တရုတ်ဘက် ကုန်ပစ္စည်းသယ်ယူခွင့်ကို ပိတ်ပင်လိုက်ခြင်းကြောင့် အခြေခံလူတန်းစားများ ရာနှင့်ချီ အလုပ်လက်မဲဖြစ်လာနိုင်သည်ဟု သိရသည်။

မြန်မာ-တရုတ် နယ်စပ်တလျှောက် စစ်ကောင်စီထိန်းချုပ်နိုင်သည့် နယ်စပ်ဂိတ် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်သည့် နယ်စပ်ဂိတ်စုစုပေါင်း (၇) ဂိတ် ဆက်လက်ဖွင့်လှစ်ထားသော်လည်း ပို့ကုန်သွင်းကုန် စစ်ဆေးမှု တင်းကြပ်ပြီး အခြား (၈) ဂိတ်မှာ ပိတ်ထားကြောင်း ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...