မူဆယ်မြို့ ရှိ တပိုင်တနိုင် ကုန်သယ်သည့် တရုတ်နယ်စပ် ဆင်ဖြူဂိတ် အချိန်လျော့ ဖွင့်လှစ်ပေး

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ တပိုင်တနိုင် ကုန်ကူးနေသည့် ဆင်ဖြူဂိတ်ကို စစ်ကောင်စီဘက်က အချိန်လျော့ပြီး ဖွင့်လှစ်ပေးနေကြောင်း စုံစမ်သိရသည်။

အဆိုပါဂိတ်သည် ယခင်တွင် နံနက် ၈ နာရီ မှ ညနေ ၆နာရီထိ ဖွင့်လှစ်ခဲ့ရာ ယခုတွင် နံနက် ၁၀နာရီမှ ညနေ ၄နာရီထိ အချိန်လျော့ ဖွင့်လှစ်နေကြောင်း တပိုင်တနိုင်လုပ်ဆောင်နေသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အချိန်ကန့်သတ်တာ ၃ရက် ၄ရက်ရှိပြီ။ အချိန်လျော့ပြီးဖွင့်တော့ ကုန်သွင်းဖို့က အခက်ကြုံတာပေါ့။ အချိန်မီမရောက်နိုင်တဲ့ အသီးအရွက်တွေ ပုတ်သိုးကုန်တယ်။ ညအိပ်စောင့်ရတာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။

ထိုဆင်ဖြူဂိတ်တွင် အဓိကအားဖြင့် တရုတ်နိုင်ငံဘက်မှ ဟင်းသီးဟင်းရွက်များ၊ တပိုင်တနိုင် ကုန်ပစ္စည်းများကို သယ်ယူသည့်နေရာဖြစ်ကြောင်း၊ ထို အချိန်လျော့ကန့်သတ်လိုက်သည့်အတွက် ကုန်စိမ်းသည်များအတွက် မူဆယ်ဘက်သို့ သွားရောက်မည့် စျေးသည်များအတွက် အခက်အခဲများစွာ ဖြစ်နေကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသမီး တစ်ဉီးက ပြောသည်။

မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်

“ ဒီဂိတ်က ကုန်စိမ်းတွေ နောက်ကုန်ပစ္စည်းတွေ တပိုင်တနိုင် သယ်ထုတ်တဲ့နေရာပါ။ မြန်မာပြည်ဘက်ကို သွားလို့လည်း မရတော့ တရုတ်ပြည်ကို အားကိုးပြီး နေရတာ။ တရုတ်ပြည်ဘက်ကနေ ကုန်စိမ်းတွေ လာရောင်းမယ့်သူအတွက် အရမ်းခက်တာပေါ့။ မနက်၁၀နာရီမှ ဖွင့်တော့ စျေးသည်တွေရော ကုန်ပစ္စည်းလုပ်တဲ့သူရော ခက်ကုန်တယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

မူဆယ်မြို့သည် ၂၀၂၃ခုနစ် အောက်တိုဘာ ၂၇ ရက်တွင် ညီနောင်မဟာမိတ် တို့ဖော်ဆောင်ခဲ့သည် “၁၀၂၇စစ်ဆင်ရေး” ကြောင့် မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီး ပြတ်တောက်သွားခဲ့သဖြင့် တရုတ်နိုင်ငံဘက်မှ တင်သွင်းသည့် ကုန်စည်များကိုသာ အားကိုးနေရသည့် ဒေသတစ်ခုဖြစ်သည်။

“ တရုတ်ဘက်တော့ ပေးဖြတ်တယ်။ အခုလို လုပ်တာတော့ စားသောက်ကုန်တွေ ပြတ်လပ်အောင်လုပ်တဲ့သဘောပဲ။ ဘက်ပေါင်းစုံက ကျပ်တည်းနေချိန် ကုန်စိမ်းရောင်းသူတွေ အတွက်ပိုခက်အောင်လုပ်သလို ပြည်သူတွေကို ဒုက္ခကြီးအောင်ပိုလုပ်တယ်လို့ ယူဆတယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

တဖက်တွင်လည်း မူဆယ်မြို့နယ် ပတ်ပတ်လည်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ စစ်ရေး တင်းမာနေသည့် ဒေသဖြစ်သည့်အလျောက် မြို့တွင်း တိုက်ပွဲဖြစ်ပွားမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...