သျှမ်းမြောက်မှာ “၁၀၂၇ စစ်ဆင်ရေး” ပြီးဆုံးပြီလား။

အာဏာသိမ်းစစ်အုပ်စုကို နယ်မြေအများအပြား ဆုံးရှုံးစေခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး”သည်  လက်ရှိတွင် အဖွဲ့ဝင်အချို့ စစ်ကော်မရှင် နှင့် အပစ်အခတ်ရပ်စဲကြပြီ ဖြစ်သည်။

အဆိုပါ “၁၀၂၇ စစ်ဆင်ရေး”ကြောင့် သျှမ်းပြည်မြောက်ပိုင်း နှင့် မန္တလေးတိုင်းအတွင်းရှိ မြို့ပေါင်း ၂၀ ကျော်ကို စစ်အုပ်စုထံ တအာင်းတပ် (TNLA)၊ ကိုးကန့်တပ် (MNDAA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့သည်။

ထို့နောက် တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုအရ စစ်အုပ်စု နှင့် TNLA၊ MNDAA တို့ အပစ်အခတ် ရပ်စဲကြသလို စစ်အုပ်စုက လားရှိုး၊ သပိတ်ကျင်း၊ နောင်ချို၊ ကျောက်မဲ နှင့် သီပေါမြို့တွေကို ပြန်လည်ထိန်းချုပ် သွားပြီး လက်ရှိတွင်လည်း မိုးကုတ်၊ မိုးမိတ်မြို့တို့တွင် စစ်အုပ်စုက ပြန်လည်ဝင်ရောက်လျက်ရှိနေသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် စစ်အုပ်စု နှင့် TNLA၊ MNDAA တို့ အပစ်အခတ်ရပ်စဲကြသော်လည်း” ၁၀၂၇ စစ်ဆင်ရေး”သည် ပြီးဆုံးသွားပြီဟု ပြော၍မရသေးဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။

“ဘယ်ပြောလို့ရမလဲ၊ ဘာလို့ဆို အဲဒီမှာ တိုက်ပွဲဝင်နေတာ TNLA တစ်ဦးထဲမှ မဟုတ်တာကို အခုတောင်မှ မိုးကုတ်တို့ မိုမိတ်တို့ ပတ်လည်မှာ တိုက်ပွဲတွေ ဖြစ်နေလို့ ဇော်မင်းထွန်းက ပြောနေတာ မဟုတ်ဘူးလား၊ ဒါ TNLA က တာဝန်ယူရမယ်တို့ ဘာတို့ ပြောနေတာပဲ၊ ဘယ်ပြီးပါ့မလဲ” ဟု ပြောသည်။

စစ်အုပ်စုသည် ၎င်းတို့ ပြန်လည်ထိန်းချုပ်လိုက်သည့် မြို့မှတဆင့် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မြို့များကို ထိုးစစ်ဆင်ခြင်းထက် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးသာ ဦးစားပေးနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင်လည်း သျှျမ်းမြောက်ရှိ စစ်အုပ်စု ပြန်ထိန်းချုပ်လိုက်သည့် မြို့များတွင် ၎င်းတို့ အုပ်ချုပ်ရေး ယန္တယားများ လည်ပတ်နိုင်ရေး လုပ်ဆောင်သကဲ့သို့ မြို့အနီးရှိ ကျေးရွာများ၊ တောင်ကုန်းများတွင် တော်လှန်ရေး အင်အားစုများက နေရာယူထားကြောင်း သိရသည်။

“၁၀၂၇ စစ်ဆင်ရေး”ကဲ့သို့ ကြီးမားသည့် စစ်ရေး နောက်ထပ်လုပ်ဆောင်ရန် မလွယ်ကူတော့ဟု သျှမ်းပြည်မြောက်ပိုင်းမှ နိုင်ငံရေးသမားတစ်ဦးက သုံးသပ်သည်။

“အခုလောလောဆယ်တော့ ငြိမ်နေတာပေါ့ဗျာ၊ ကျနော်အမြင်အရပြောရမယ်ဆိုရင် နောက်ထပ် စစ်ဆင်ရေးကတော့ ထပ်ဖြစ်ဖို့ မလွယ်တော့ပါဘူး။ အကြောင်းအမျိုးမျိုးပါပဲ တစ်ခုချင်းတော့ မကဘူးဗျ၊ ကျနော်မြင်တာကတော့ အကြောင်းအမျိုးမျိုးပါပဲ” ဟု ပြောသည်။

စစ်အုပ်စုအပါအဝင် တရုတ် – မြန်မာနယ်စပ်တစ်လျှောက် အခြေပြုလှုပ်ရှားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအပေါ် တရုတ်အစိုးရသည် မီးစတဖက် ရေမှုတ်တဖက် သံတမန်ရေး ကျင့်သုံးနေကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်မှုများ ရှိနေသည်။

အလားတူ TNLA၊ MNDAA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အစရှိသော တိုင်းရင်းသား လက်နက်ကိုင်များကို လက်နက်၊ ငွေကြေးများ ကူညီပံ့ပိုးမှာ မဟုတ်ကြောင်း “ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) က ဩဂုတ်လအတွင်း ပြုလုပ်သည့် ပန်ဆန်းမြို့ ဆွေးနွေးပွဲတွင် ပြောကြားထားသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း ဒေသခံအများစု ဘေးကင်းရာသို့ တိမ်းရှောင်သွားကြပြီး လက်ရှိမှာ နေရပ်သို့ ပြန်လည်ဝင်ရောက်နေကြပြီဖြစ်ကြောင်း ကျောက်မဲဒေသခံတစ်ဦးက ပြောသည်။

“အခုတလောတော့ သူနည်းသူ့ဟန်နဲ့တော့ ဝင်နေပြီ။ ဝင်လာနေကြပြီ။ တချို့ကလည်း မလာသေးဘူး။ တချို့ကလည်း လာတော့ တော်တော်များနေပြီ။ အခြေအနေကတော့ ဒီအတိုင်း မီးစင်ကြည့်ကသွားကြတာပဲ၊ ဒါပေမဲ့ အခုလောလောဆယ်တော့ အေးအေးချမ်းချမ်းပါပဲ၊ အဲဒီလိုမျိုး ကြီးကြီးမားမားတော့ မရှိသေးဘူးပေါ့နော်၊ အခုချိန်အထိ ကျောက်မဲမြို့ကတော့ အခုချိန်အထိ သွားလာလှုပ်ရှားမှုကတော့ လွယ်တော့ လွယ်ပါတယ်။ တခြား မိုင်းလုံတို့ မိုးကုတ်တို့ကတော့ ဘယ်လိုလာမလဲ မသိသေးဘူး” ဟု ပြောသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ညီနောင်မဟာမိတ်သုံးဖွဲ့မှ ဆင်နွှဲခဲ့သော “၁၀၂၇ စစ်ဆင်ရေး”သည် လက်ရှိမှာ သျှမ်းမြောက်တွင် စစ်အုပ်စု နှင့် TNLA၊ MNDAA တို့ အပစ်အခတ်ရပ်စဲကြပြီဖြစ်သည်။

TNLA နှင့် MNDAA တို့သည် ၁၀၂၇ စစ်ဆင်ရေးကြောင့် မြို့အများအပြား ထိန်းချုပ်နိုင်ခဲ့ပြီး အချို့မြို့ကို ပြန်လည် လက်လွှတ်ရသော်လည်း အဆိုပါ စစ်ဆင်ရေးမတိုင်မီ ထိန်းချုပ်နယ်မြေများထက် ပိုမိုများပြားနေခြင်းကြောင့် အောင်မြင်စွာဆုတ်ခွာခြင်းဟု ပြော၍ရကြောင်း သုံးသပ်သူတစ်ဦးက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...