သိန္နီမြို့နယ် SSPP မှ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမည့် သတင်းမှား ထွက်ပေါ်

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် ကျေးရွာတချို့တွင် SSPP မှ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရမည့်ဟု သတင်းထွက်ပေါ်လာ သောကြောင့် ပြည်သူများကြောက်လန့်ပြီးထွက်ပြေးနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

သိန္နီမြို့နယ်တွင် ကိုဗစ် -၁၉ ကာကွယ်ဆေးကို သျှမ်းပြည်တိုးတက်ရေးပါတီSSPP/SSA လာရောက်ထိုးပေးမည်ဟု သတင်းထွက်ပေါ်လာသောကြောင့် ပြည်သူများက ထွက်ပြေးတိမ်းရှောင်နေကြသည်။

“ တချို့တွေကကြောက်ပြီး မြို့ထဲလာနေတာရှိတယ်။ တချို့ လယ်ထဲသွားနေကြတယ်။ ခုက ရောဂါနဲ့ အိမ်မှာတံခါးပိတ်နေရင် အကြောက်တရားလွန်းပြီးတော့ ရောဂါရနေကြမယ်။ သတင်းက ကောလဟာလသတင်းပါ။ တကယ်မဟုတ်ပါဘူး” ဟု သိန္နီမြို့တွင်နေထိုင်သည့် စိုင်းဝမ်းလှိုင်းခမ်းက ပြောသည်။

သိန္နီမြို့နယ်တွင် သတင်းတုများထွက်ပေါ်လာသောကြောင့် ပြည်သူများအနေဖြင့် မှန်ကန်သည့် သတင်းကို ယုံကြည်သင့်ကြောင်း စိုင်းဝမ်းလှိုင်းခမ်းက ဆိုသည်။

“ သိန္နီမြို့မှာ ခဏခဏ သတင်းတုတွေထွက်ပေါ်နေတယ်။ အရင်ကလည်း လူဖမ်းမယ်ဆိုတဲ့ သတင်းနဲ့ သူတို့ထွက်ပြေးဖူးသေးတယ်။ ပြည်သူတွေအနေနဲ့ အိမ်မှာနေပြီး မှန်ကန်တဲ့သတင်းတွေနားထောင်သင့်တယ်။ တစ်ခြားနေရာဘာတွေဖြစ်နေလဲဆိုတာ လေ့လာသင့်တယ်” ဟု စိုင်းဝမ်းလှိုင်းခမ်းက ထပ်လောင်းပြောသည်။

ထိုသို့ သိန္နီမြို့နယ်တွင် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပေးနေသည့် သတင်းသည် သတင်းမှားကြောင့် ပြည်သူများစိုးရိမ်ထိတ်လန့်နေကြပြီး၊ ထိုကာကွယ်ဆေးသည် တရုတ်ဘက်မှ လာသည့် ကာကွယ်ဆေးဟုလည်း မဟုတ်မမှန်ပြောဆိုနေကြကြောင်း သိန္နီဒေသခံ တစ်ဦး ကပြောသည်။

ကိုဗစ် ၁၉ ကာကွယ်ဆေးကိုထိုးပေးနေသည့် ကိစ္စနှင့် ပတ်သက်ပြီး SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဖုန်းဟန်က “ ဒီသတင်းက ကောလဟလသတင်းပါ။ ကျနော်တို့အခု ပစ္စည်းတောင်း အကုန်မရသေးဘူး။ ကျနော်တို့ ဌာနချုပ် ဝမ်းဟိုင်းမှာအလုပ်လုပ်တဲ့သူတွေကိုပဲ အရင်ဆုံးထိုးပေးနေတာပါ။ ပြည်သူတွေကို ထိုးပေးတာမရှိဘူး” ဟု ပြောသည်။
လွန်ခဲ့သည်ရက်ပိုင်း ဇူလိုင်၂၄ ရက် ကျောက်မဲမြို့၊ သီပေါမြို့တို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် အတွက် သေနတ်ထောက်ပြီးထိုးခိုင်းသည့် သတင်းထွက်ပေါ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...