တာချီလိတ် အရပ်ဝတ်နှင့်ရဲများ သေနတ်ပစ်ပြီး လူငယ်များကို လိုက်ဖမ်း

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ရပ်ကွက်တွင်းများထိ အရပ်ဝတ် ရဲများသည် ယမန်နေ့ (ဇူလိုင် ၂၆)ရက် ည ၁၀နာရီတွင် သေနတ်ပစ်ဖောက်ပြီး လူငယ်များကို လိုက်လံဖမ်းဆီးနေကြောင်း သတင်းသိရသည်။

မြန်မာ – ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်အတွင်းတွင် အရပ်ဝတ်ရဲများနှင့် ယူနီဖောင်းဝတ်ဆင်ထားသော ရဲတစ်ယောက်တို့က သေနတ်များပစ်ဖောက် ခြောက်လန့်ပြီး လူငယ်နှစ်ဦး ကို လိုက်လံဖမ်းဆီးကြောင်း ဒေသခံ ပြည်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က ကားနဲ့ ဝင်လာကြတယ်ဗျ၊ အသေပစ် အသေပစ် လို့အော်အော်ပြီး ပစ်တာ၊ သေနတ်သံတွေက ၁၀ ချက်လောက်ရှိတယ်၊ ရပ်ကွက်အတွင်းပိုင်းက ကားနဲ့ဝင်ရခက်တဲ့ နေရာတွေဆိုသူတို့လူကဆိုင်ကယ် နဲ့ ဝင်ရှာတယ်၊ အဲ့လူငယ်လေး (၂)ယောက်ကတော့ ပြေးလွှတ်သွားပါတယ်” ဟုဒေသခံ ပြည်သူတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လူငယ်နှစ်ဦးသည် အရှုပ်အရှင်းကင်းသည့် ရပ်ကွက်နေပြည်သူများ ဖြစ်ကြပြီး နိုင်ငံရေးလှုပ် ရှားမှု အနေဖြင့်လည်း တော်လှန်ရေး အစောပိုင်း ဆန္ဒပြမှုများတွင် ပါဝင်လှုပ်ရှားမှုများသာ ရှိသဖြင့် အဘယ်ကြောင့် လာရောက်ဖမ်းဆီးသည်ကို မသိရကြောင်းလည်း ၎င်းကပြောသည်။

“ဒီလူငယ်လေးတွေက ဆန္ဒပြဖူးတာပဲရှိတယ်၊ ဒါကလည်း လူတိုင်းနီးပါး ပါဝင်ကြဖူးတာပဲလေ ဒီနောက် ပိုင်း အာဏာပိုင်တွေကလည်းဖမ်းဆီးနှိပ်စက်မှုတွေကလည်း များလာတော့ PDF တွေကပဲ လှုပ်ရှားတာ၊ ဒီလူငယ်တွကတော့ PDF မဟုတ်တာတော့ သေချာပါတယ်၊ သူတို့ကို သေနတ်နဲ့ ပစ်ပြီးလိုက်ဖမ်းရ အောင် လည်းသူတို့က ရာဇဝတ်သားတွေ မဟုတ်ပါဘူး” ဟု ၎င်းကပြောသည်။

ယမန်နေ့ည (၁၁) နာရီအချိန်ဝန်းကျင်မှာလည်း ပါလျှံ (၃) အတွင်းတွင် Vigo ကားအဖြူရောင် နှင့် Honda Fit ကား တစ်စီး၊ PCX ဆိုင်ကယ် တစ်စီးတို့ဖြင့် လှည့်လည်မှုများပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး

0
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...