Wednesday, January 28, 2026

တာချီလိတ် အရပ်ဝတ်နှင့်ရဲများ သေနတ်ပစ်ပြီး လူငယ်များကို လိုက်ဖမ်း

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ရပ်ကွက်တွင်းများထိ အရပ်ဝတ် ရဲများသည် ယမန်နေ့ (ဇူလိုင် ၂၆)ရက် ည ၁၀နာရီတွင် သေနတ်ပစ်ဖောက်ပြီး လူငယ်များကို လိုက်လံဖမ်းဆီးနေကြောင်း သတင်းသိရသည်။

မြန်မာ – ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်အတွင်းတွင် အရပ်ဝတ်ရဲများနှင့် ယူနီဖောင်းဝတ်ဆင်ထားသော ရဲတစ်ယောက်တို့က သေနတ်များပစ်ဖောက် ခြောက်လန့်ပြီး လူငယ်နှစ်ဦး ကို လိုက်လံဖမ်းဆီးကြောင်း ဒေသခံ ပြည်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က ကားနဲ့ ဝင်လာကြတယ်ဗျ၊ အသေပစ် အသေပစ် လို့အော်အော်ပြီး ပစ်တာ၊ သေနတ်သံတွေက ၁၀ ချက်လောက်ရှိတယ်၊ ရပ်ကွက်အတွင်းပိုင်းက ကားနဲ့ဝင်ရခက်တဲ့ နေရာတွေဆိုသူတို့လူကဆိုင်ကယ် နဲ့ ဝင်ရှာတယ်၊ အဲ့လူငယ်လေး (၂)ယောက်ကတော့ ပြေးလွှတ်သွားပါတယ်” ဟုဒေသခံ ပြည်သူတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လူငယ်နှစ်ဦးသည် အရှုပ်အရှင်းကင်းသည့် ရပ်ကွက်နေပြည်သူများ ဖြစ်ကြပြီး နိုင်ငံရေးလှုပ် ရှားမှု အနေဖြင့်လည်း တော်လှန်ရေး အစောပိုင်း ဆန္ဒပြမှုများတွင် ပါဝင်လှုပ်ရှားမှုများသာ ရှိသဖြင့် အဘယ်ကြောင့် လာရောက်ဖမ်းဆီးသည်ကို မသိရကြောင်းလည်း ၎င်းကပြောသည်။

“ဒီလူငယ်လေးတွေက ဆန္ဒပြဖူးတာပဲရှိတယ်၊ ဒါကလည်း လူတိုင်းနီးပါး ပါဝင်ကြဖူးတာပဲလေ ဒီနောက် ပိုင်း အာဏာပိုင်တွေကလည်းဖမ်းဆီးနှိပ်စက်မှုတွေကလည်း များလာတော့ PDF တွေကပဲ လှုပ်ရှားတာ၊ ဒီလူငယ်တွကတော့ PDF မဟုတ်တာတော့ သေချာပါတယ်၊ သူတို့ကို သေနတ်နဲ့ ပစ်ပြီးလိုက်ဖမ်းရ အောင် လည်းသူတို့က ရာဇဝတ်သားတွေ မဟုတ်ပါဘူး” ဟု ၎င်းကပြောသည်။

ယမန်နေ့ည (၁၁) နာရီအချိန်ဝန်းကျင်မှာလည်း ပါလျှံ (၃) အတွင်းတွင် Vigo ကားအဖြူရောင် နှင့် Honda Fit ကား တစ်စီး၊ PCX ဆိုင်ကယ် တစ်စီးတို့ဖြင့် လှည့်လည်မှုများပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...