၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ဆက်လက်အသိအမှတ်ပြုသွားမည်ဟု SNLD ပြော

၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ကို စစ်ကောင်စီ ပယ်ဖျက်သော်လည်း ရွေးကောက်ခံ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကို လူထုကိုယ်စားလှယ်များအဖြစ် လက်ခံထားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သည် ၂၀၂၀ ရွေးကောက်ပွဲမှာ (၄၂) ဦး အနိုင်ရရှိခဲ့ပြီး မြန်မာတစ်ပြည်လုံးမှာ တတိယအများဆုံး အနိုင်ရရှိခဲ့သည့် ပါတီ တစ်ခုဖြစ်သည်။


ဇူလိုင် (၂၆) ရက် ည (၈) နာရီအချိန်မှာ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်လိုက်ကြောင်း ကြေညာလိုက်သည်။

၂၀၂၀ ရွေးကောက်ပွဲ ရလဒ်သည် ပြည်သူလူထု၏ လွတ်လပ်စွာ မဲပေးပိုင်ခွင့်အပေါ် အခြေခံပြီး ထွက်ပေါ်လာသည့် ရလဒ်ဟု ယူဆကြောင်း၊ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ မဲစာရင်းအမှားယွင်းတွေ ရှိပင်ရှိခဲ့ညားသော်လည်း အများစုသော မဲဆန္ဒများက လွတ်လပ်မျှတမှုအပေါ်မှာ မူတည်ပြီးလွတ်လပ်စွာ ရွေးချယ်တင်မြောက် မဲပေးခဲ့ကြကြောင်း SNLD ၏ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က သျှမ်းသံတော် ဆင့်ကို ပြောသည်။

“ အရွေးချယ်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လူထုက သူတို့ကို မှန်မှန်ကန်ကန် လွတ်လွတ်လပ်လပ် ရွေးချယ်တင်မြောက်ထားတာမလို့ သူတို့တွေရဲ့ ဖြစ်တည်မှု အနေအထားအရဆို လို့ရှိရင်လည်း သူတို့ရွေးချယ်တင်မြောက်တဲ့ လူထုရဲ့ ကိုယ်စားလှယ်အဖြစ်ပဲ ကျနော်တို့က ဆက်လက်ပြီးတော့ အသိအမှတ်ပြုသွားမှာဖြစ်ပါတယ်” ဟု ရ စိုင်းလိတ် က ပြောသည်။

၂၀၂၀ နိုဝင်ဘာ (၈) ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ နည်းဥပဒေများနှင့် ညီညွှတ်မှု မရှိသည့်အပြင် လွတ်လပ်ပြီး တရားမျှတမှု မရှိသည့်အတွက် ရွေးကောက်ပွဲဖြစ်ကြောင်း စစ်ဆေးတွေ့ရှိသည့်အတွက် ပယ်ဖျက်လိုက်တာဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ချက်မှာဖော်ပြထားသည်။

“ရွေးကောက်ပွဲ ကာလမှာ လူထုဆန္ဒအရ ထွက်ပေါ်လာတဲ့ မဲရလဒ်ကို လက်ခံပါ့မယ်၊ လေးစား အသိအမှတ်ပြုပါ့မယ် ပြောထွက်ထားပြီး နောက်ပိုင်းကျမှ ကဖျက်ယဖျက် လုပ်တာမျိုးက တရားမျှတတဲ့ လုပ်ရပ်လို့ မယူဆပါဘူး၊ မတရားမှုကို ဘယ်သူကပဲ လုပ်လုပ် ကျနော်တို့က လက်သင့်မခံပါဘူး” ဟု စိုင်းလိတ် ကပြောသည်။

မြို့နယ်အလိုက် မဲစာရင်းများ စစ်ဆေးတွေ့ရှိချက်အရ မဲမသမာမှု ဖြစ်ပွားမှုများ မှားယွင်းခဲ့သည့် တနိုင်ငံလုံး မဲဆနရှင်အရေအတွက် စုစုပေါင်း (၁၁ ၃၀၅ ၃၉၀) ဦးရှိတာတွေ့ရှိရကြောင်း၊ ဆနမဲ လက်မှတ်များကို မြေပြင်မှာ ဖွင့်ဖောက်စစ်ဆေးရာမှာ မဲရုံတိုင်းမှာ ဆနမဲ လက်မှတ်တွေ လျော့နည်း ပျောက်ဆုံးခြင်း၊ တရားမဝင် အပိုရှိနေတာကို တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၀ နိုဝင်ဘာ (၈) ရက်နေ့က ကျင်းပခဲ့သည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲမှာ တစ်သီးပုဂလ (၂၆၀) ဦး အပါအဝင် ပါတီပေါင်း (၈၇) ပါတီမှ ကိုယ်စားလှယ်လောင် (၅၆၃၉) ဦးတို့က မဲဆနနယ် စုစုပေါင်း (၁၁၁၇) နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးဟားလွှတ်တော် အမတ် ၂ နေရာ၊ ပြည်သူ့လွှတ်တော် ၁၃ နေရာ၊ ပြည်နယ်လွှတ်တော် ၂၈ နေရာ အသီးအသီး အနိုင်ရရှိထားပါသည်။

၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဖြစ်ကြောင်း ပြည်တွင်း ပြည်ပ လေ့လာစောင့်ကြည့်အဖွဲ့တွေက ကြေညာထားပြီး ဖြစ်သလို ရွေးကောက်ပွဲ ရလဒ်ကိုလည်း နိုင်ငံတကာက အသိအမှတ်ပြုထားပြီ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...