Tuesday, January 27, 2026

ရေထဲမျောပါသွားသည့် မိုင်းပျဉ်းလမ်းလုပ်သား (၄) ဦးထပ်မံတွေ့ရှိ၊ ၈ ဦးသေဆုံး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းကာ တောင်ကျရေတိုက်စားပြီး လမ်းလုပ်သား ၁၂ ဦး ရေစီးထဲမျောပါသွားပြီး လမ်းလုပ်သား (၄)ဦးကို ဇူလိုင် ၂၃ ရက် တွင် ထပ်မံတွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

ထိုပြန်လည်တွေ့ရှိသည့် လမ်းလုပ်သား (၃) ဦးသည် ကလေး (၂) ဦးနှင့် လူကြီး (၁) ဦးကိုသာပြန်လှည်တွေ့ရှိကြောင်း မိုင်းပျဉ်းမြို့ ဒေသခံအမျိုးသမီးတဦးက ပြောသည်။

“ ၂၃ ရက်နေ့က ၃ ယောက်ထပ်တွေ့တယ်။ ကလေး ၂ ယောက်နဲ့ လူကြီး ၁ ယောက်ပြန်တွေ့တယ်။ ကလေးက တယောက်ခေါင်းပေါက်ပြီး၊ ကျန်တဲ့တယောက် လက်ကျိုးသွားတယ်။ ကျန်တဲ့သူတွေတော့ ဒီနေ့ထိပြန်မတွေ့သေးဘူး” ဟု မိုင်းပျဉ်းမြို့ ဒေသခံအမျိုးသမီးတဦးက သျှမ်းသံတော်ဆင့် သတင်းဌာနကိုပြောသည်။

တောင်ကျရေတိုက်စားမှုကြောင့် မိုင်းပျဉ်းမြို့နယ်တွင် လမ်းလုပ်သား (၆) ဦး သေဆုံးကာ လက်ရှိအချိန်ထိ အလောင်းမတွေ့သေးကြောင်း၊ ထို့ပြင် ၊ လမ်းလုပ်သား (၄ )ဦးကို အသက်ရှင်လျက်ပြန်တွေ့ပြီး၊ တဦး သေဆုံးပြန်တွေ့ကြောင်းသိရသည်

အဆိုပါ သေဆုံးသွားသည့် လမ်းလုပ်သားများသည် ကိုယ်ဝန်ဆောင် အမျိုးသမီးလည်းပါကြောင်း သတင်းရရှိသည်။

“ လမ်းလုပ်သားအားလုံးတော့ ၁၂ ယောက်ရှိတာပေါ့။ အသက်ရှင်နေတာက ၄ ယောက်နဲ့ နှစ်ယောက်ကအလောင်းပဲပြန်တွေ့တာ။ ၆ယောက်က ဒီနေ့ထိပြန်မတွေ့သေးဘူး။ အဲထဲမှာ အမျိုးသမီးတွေပဲထင်တယ်။ ပြီးတော့ ကိုယ်ဝန်ဆောင်တွေပါတယ်။” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

မိုင်းပျဉ်းမြို့နယ်တွင် ဇူလိုင် ၂၁ ရက်နေ့ညက မိုးသည်းထန်းစွာရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် မြေပြိုကာ လမ်းလုပ်သား (၁၂) ဦးရေထဲမျောပါသွားကြောင်းသိရသည်။

လမ်းတိုးချဲ့လုပ်ငန်းဆောင်ရွက်နေသည့် လမ်းအထူးတပ်ဖွဲ့(၃)မှ ဦးအာကာကျော် အပါအဝင် ကျား(၈)ဦး၊ မ(၄)ဦး စုစုပေါင်း(၁၂)ဦးသည် တောင်ကျချောင်းရေတိုက်စားပြီး တောင်ပြိုကျမှုကြောင့် ရေစီးနှင့်အတူ နမ့်လုံချောင်းအတွင်းသို့ မျောပါသွားခဲ့တာဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် မိုးသည်ထန်းစွာရွာသွန်းမှုနှင့် တောင်ကျချောင်းရေတွေကြောင့် သျှမ်းရှေ့၊ သျှမ်းတောင်ရှိ မြို့တချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေလျက်ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...

မိုင်းပျဉ်းမြို့နယ် RCSS ကို စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ် လာရောက်တိုက်ခိုက်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်းကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့က လာရောက်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၁၉ ရက်) နေ့လယ် (၁၁) နာရီကျော်တွင် ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ယင်းခမ်း(ဝၢၼ်ႈယၢင်းၶမ်း) ကျေးရွာအုပ်စုအတွင်းရှိ RCSS တပ်စခန်းကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်...

တောင်ကြီးမြို့ နေအိမ်တစ်လုံးပေါ် အုတ်တံတိုင်းပြိုကျ၊ ၁ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တစ်လုံးပေါ် အုတ်တံတိုင်းပြိုကျပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ . ယမန်နေ့ (စက်တင်ဘာလ ၂ )ရက် ည ၉ နာရီခွဲတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်ရှိ ဓမ္မာဝိဒူ (အုတ်ဖို) ဘုန်းကြီးကျောင်းမှ အုတ်တံတိုင်းသည်...

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မူဆယ်မြို့နယ် ပန်ခမ်း ကျေးရွာ ရေကြီးမှုဖြစ်

0
သျှမ်းပြည် မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်ထိ ရေများဝင်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိရသည်။ . ဒီနေ့ သြဂုတ် (၉) ရက်တွင် ရေကြီးရေလျှံမှုကြောင့် ပန်ခမ်းကျေးရွာ နှင့် နောင်ယန်းကျေးရွာတို့ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ “နမ့်ပေါ့ ရေချောင်းကနေ စဖြစ်တာ။ နမ့်ပေါ်ရေကာတာ...

ဆီဆိုင်မြို့နယ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြောင်းစိုက်ခင်း အချို့ပျက်စီး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျောအုပ်စု တခေါ့ခွန်ရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်သူများ စိုက်ပျိုးထားသည့် ပြောင်းစိုက်ခင်းအချို့ ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၃) ရက် ညနေပိုင်းအချိန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ကျောအုပ်စု တခေါ့ခွန်ရွာရှိ တောင်သူ ပြောင်းစိုက်ခင်းသည် ရေကြီးရေလျှံကြောင့် ပျက်စီးသွားခဲ့ရပြီး လမ်းပေါ် ရေလျှံမှုကြောင့်...