မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။

လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယန်း အပါအဝင် သျှမ်းပြည်မှ မြို့နယ် ၁၇ မြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပမည် ဖြစ်သည်။

ဇန်နဝါရီလ ၆ ရက်မှစ၍ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာတွင် ကြိုတင်မဲသွားရောက် ကောက်ခံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီမှလွှဲ၍ အခြားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ရွေးကောက်ကော်မရှင်က အကြောင်းကြားခြင်းမရှိခဲ့ကြောင်း မိုင်းပျဉ်းမြို့ ရပ်/ကျေးအဖွဲ့ဝင်တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘယ်နှစ်ပါတီပဲရှိရှိ ရှိတဲ့ပါတီတိုင်းကို အကြောင်းကြားရမယ်လို့ ပြောထားတာ။ ဒါပေမယ့် သူတို့ဘက်က ဘယ်သူ့ကိုမှ မခေါ်ချင်ဘူး။ ကျနော်တို့ပါတီက လူအင်အားနည်းတော့၊ ကြိုတင်မဲကောက်ရင် ကျနော်တို့ကို အကြောင်းကြားဖို့ အကြိမ်ကြိမ်မှာနေရတယ်။ စသလိုနောက်သလိုနဲ့ အမြဲပြောနေရတယ်။ အကယ်လို့ အခြားပါတီကို အကြောင်းမကြားရင် အပေါ်ကိုတင်မယ်လို့ ပြောထားတာ” ဟု ၎င်းက ပြောသည်။

မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာတွင် မဲရုံပေါင်း ၈၀ ကျော်ရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP)ပါတီနှင့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ် (SNDP) ကျားဖြူပါတီ နှစ်ခုသာရှိကြောင်း သိရသည်။

ကြိုတင်မဲကောက်ယူရာတွင် ကျားဖြူပါတီပါတီကို အကြောင်းကြားခြင်း မရှိသောကြောင့် ပြီးခဲ့သည့် ရက်ပိုင်း၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC အဖွဲ့ဝင် ဦးခင်မောင်ဦးကို အကြောင်းထားရကြောင်း ကျားဖြူပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ဇန်နဝါရီလ ၈ ရက်နေ့က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုင်းပျဉ်းမှာ ကြိုတင်မဲလုပ်တဲ့ဟာ ကျနော်တို့လူကို မခေါ်ဘူး။ မခေါ်တော့ ကျနော်တို့ ဦးခင်မောင်ဦးကို လှမ်းပြီးတော့ ပြောလိုက်တယ်လေ။ ဦးခင်မောင်ဦးက နေပြည်တော်က တစ်ခါတည်း သျှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဆီ လှမ်းပြီးတော့ ပြောလိုက်တော့ ကြိုတင်မဲ လုပ်တော့မယ်ဆိုရင် အခုနောက်ပိုင်း ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ခေါ်တယ်” ဟု စိုင်းအိုက်ပေါင်းက ပြောသည်။

ထိုသို့ အကြောင်းကြားပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင် (ရှမ်းရှေ့တာဝန်ခံ)သည် ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့က တာဝန်ရှိသူများနှင့်အတူ ရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သို့သော် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် အချို့နေရာတွင်သာ အကြောင်းကြားပြီး အချို့နေရာတွင် အကြောင်းကြားခြင်းမရှိကြောင်း၊ သုံးပုံ နှစ်ပုံခန့်တွင် အခြားပါတီမှ လွှတ်တော် ကိုယ်စားလှယ်များကို အကြောင်းကြားခြင်းမရှိခဲ့ကြောင်း အထက်ပါ အမျိုးသားတစ်ဦးက ပြောသည်။

“ရှင်းရှင်းပြောရရင်တော့ စားပြီးမှ ပြောတာပေါ့။ တစ်ခါတစ်လေကျရင် သစ်သီးသွားခူးဖို့ကို ခွင့်တောင်းနေရသလိုပဲ” ဟု ၎င်းက ပြောသည်။

မိုင်းပျဉ်းမြို့သည် လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် ရွေးကောက်ပွဲကျင်းပမည် ဖြစ်သောကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP)ပါတီမှ ကျေးရွာအတွင်းရှိ ဒေသခံများကို မဲရုံများတွင် ဆန္ဒမဲသွားပေးနိုင်ရန် ကားဖြင့်သယ်ယူပို့ဆောင်ပေးမည်ဟု ဒေသခံများက ပြောသည်။

မိုင်းပျဉ်းမြို့ခံတစ်ဦးက “အခုကြံ့ခိုင်ရေးပါတီက ကားငှားထားတယ်။ ကားနဲ့ အကြိုအပို့လုပ်ပေးမယ်တဲ့။ သူတို့ သွားကြိုတယ်ဆိုတော့ သူတို့ပါတီကို ထည့်ပေးရမှာ သေချာတယ်။ ကျနော်ပါတီ ဖြစ်ရင်လည်း ကျနော်ပါတီကို ထည့်ခိုင်းမှာပဲ” ဟု ပြောသည်။

စစ်ကော်မရှင်က ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ကြိုတင်မဲနှင့် ပတ်သက်၍ အငြင်းပွားမှုအချို့ ဖြစ်ပေါ်ခဲ့ပြီး စိစစ်ဆောင်ရွက်ပေးရန် နိုင်ငံရေးပါတီများက တင်ပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ပါတီများ၏ တင်ပြချက်အရ ကြိုတင်မဲကောက်ယူရာတွင် ပါတီကိုယ်စားလှယ်များ လိုက်ပါခွင့်ကို လာမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းနှင့် တတိယပိုင်းတွင် လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲမရှင် (UEC) ဘက်က ဇန်နဝါရီလ (၅) ရက်တွင် ပြန်လည်တုံ့ပြန်ထားသည်။

“ကျနော်တို့ နိုင်ငံရေးပါတီနဲ့ UEC ဥက္ကဋ္ဌ တွေ့ဆုံတဲ့အခါမှာလည်း ဒီနိုင်ငံရေးပါတီ ခေါင်းဆောင်တွေအနေနဲ့ အကြံပြုဆွေးနွေးတဲ့အရာတွေကို အားလုံးစနစ်တကျ ညွှန်ကြားတာ ရှိတယ်။ လာမယ့်ရွေးကောက်ပွဲမှာ တရားမျှတဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကို စာထုတ်ညွှန်ကြားထားတာရှိတယ်” ဟု ပအိုဝ်းအမျိုးသားဖွဲ့ချုပ် (PNO) ပါတီ၏ အထွေထွေအတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်းကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၆ ဇန်နဝါရီလ ၃ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲ ပထမပိုင်းတွင်ပါဝင်သည့် မဲဆန္ဒနယ် ၅၆ နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက ပြိုင်ဘက်မရှိသည့် နေရာများ အပါအဝင် မဲဆန္ဒနယ် ၅၂ နေရာတွင် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ပြိုင်ဘက်မရှိသည့် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်တွင် ကချင်ပြည်နယ်၊ နောင်မွန်း၊ မံစီ၊ ရွှေကူ၊ စစ်ကိုင်း တိုင်း မင်းကင်း၊ ဝန်းသို၊ မော်လိုက်၊ ကနီ၊ ဆားလင်းကြီး၊ ရေဦး၊ တနင်္သာရီတိုင်း ရေဖြူ၊ လောင်းလုံ၊ မကွေးတိုင်း ဂန့်ဂေါနှင့် ရှမ်းပြည်နယ် မက်မန်း၊ ဖယ်ခုံ၊ မိုးနဲ တို့ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...