တာချီလိတ်ခရိုင် ဖမ်းခံရသည့် အသက် (၁၈)နှစ်အောက်များ ပြန်လွှတ်ပေးမည်ဟုဆို
SHAN -
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်ခရိုင် အတွင်း ပုဒ်မ ၅၀၅ ဖြင့် မတရားဖမ်းဆီးချုပ်နှောင်ထားခြင်း ခံရ သော အသက် ၁၈ နှစ်အောက်လူငယ်များကို စစ်ကောင်စီ မှ ပြန်လည်လွှတ်ပေးရန် စီစဉ်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ စစ်တပ်မှ နိုင်ငံ့အာဏာသိမ်းခံရပြီးနောက် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်သည် ဟူသည့် စွပ်စွဲချက်များဖြင့် လူငယ်အများအပြားကို...
သျှမ်းမြောက်တွင် ကိုဗစ်-၁၉ သံသရာလူနာ သေဆုံးသူ (၇၀) အထက်ရှိ
SHAN -
သျှမ်းပြည်မြောက်ပိုင်းတွင် ကိုဗစ် -၁၉ သံသရာလူနာ သေဆုံးသွားသူ( ၆၀) ဦးထက်မနည်း ရှိနေကြောင်း စုံစမ်းသိရှိရသည်။ ထို ကိုဗစ်- ၁၉ သံသရာလူနာများသည် နေအိမ်တွင်ကိုယ်တိုင်ဆေးကုသမှုခံယူနေသူများ၊ အောက်ဆီအကျလွန်းပြီးမှ ဆေးရုံးသို့လာသူများဖြစ်ကြောင်းသိရသည်။ “ တစ်ချို့က နေအိမ်မှာဘဲ ကိုယ်တိုင်ဆေးကုကြတာ။ တစ်ချို့ကတော့လည်း အောက်ဆီဂျင်အကျလွန်းပြီးမှ ဆေးရုံးရောက်လာတာလည်းရှိတယ်။ အဲလိုတွေကြောင့်သေဆုံးသူတွေက များလာတယ်” ဟု...
လက်နက်နဲ့ စစ်အာဏာရှင် ဖြုတ်ချဖို့ ဆုံးဖြတ်ခဲ့တဲ့ မီးအိမ်ရှင်
SHAN -
“ ကျနော်တို့ဟာ ဆန္ဒပြရုံနဲ့မထိရောက်တော့ဘူး။ တိုက်ယူမှ ရတော့မယ်ဆိုတဲ့စိတ်ကြောင့် လွှတ်မြောက်နယ်မြေ မှာ စစ်သင်တန်းတက်ခဲ့ပါတယ်” လို့ CDM ကျောင်းဆရာ တစ်ဦးက ပြောဆိုလိုက်ပါတယ်။ စစ်အာဏာရှင်ဖြုတ်ချဖို့ အတွက် ဆန္ဒပြရုံနဲ့ မထိရောက်နိုင်တော့စိတ်ဝင်လာကာ လွှတ်မြောက်နယ်မြေကို သွားပြီး စစ်သင်တန်း သွားတက်ခဲ့ပါတယ်။ ထိုသူဟာ အဖြူအစိမ်း ကျောင်းဝတ်စုံဝတ်ဆင်ပြီး ကလေးငယ်တွေကို စာသင်ကြားရတာကို...
တောင်ကြီးမြို့နယ် ကိုဗစ်ကြောင့် သေဆုံးလူနာ စံချိန်တင် မြင့်တက်
SHAN -
သျှမ်းပြည် မြို့တော် တောင်ကြီးမြို့နယ် အတွင်းတွင် ကိုဗစ်ပိုးတွေ့ရှိသူလူနာ တရက်တည်း (၁၀)ဦး သေဆုံးမှု ရှိသဖြင့် စံချိန်မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် တောင်ကြီးမြို့နယ် အတွင်း၌ ကိုဗစ် - ၁၉ ကူးစက်ရောဂါကြောင့် သေဆုံး ခဲ့ရသူ ၁၁ ဦး...
မိုင်းယန်းမြို့နယ်တွင် ကိုဗစ် ကူးစက်ခံရသူများမရှိ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့တွင် ကိုဗစ် -၁၉ ပိုးတွေ့လူနာ ကူးစက်ခံရသူများ မရှိကြောင်း စုံစမ်းသိရှိရသည်။ မိုင်းယန်းမြို့တွင် တစ်မြို့လုံး Lockdown ချထားပြီး၊ မြို့ထဲဝင်လာမည့် ကားများကိုလည်း လူစားထိုးအနေဖြင့် ဝင်ခွင့်သာပြုထားသောကြောင့် ကိုဗစ် ၁၉ ကို အကောင်းဆုံးကာကွယ်နေကြောင်း သျှမ်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဌ လုံးစိုင်းအိုက်လျောင်းက...
မိုင်းငေါ့ ကိုဗစ်လူနာ ထပ်တွေ့၊ စစ်ရှောင်များအတွက် ဆေးဝါးလိုအပ်
SHAN -
သျှမ်းမြောက် ကျောက်မဲခရိုင် မိုင်းငေါ့မြို့တွင် ဇူလိုင် ၂၂ ရက်နေ့ မနက်ပိုင်းက ကိုဗစ်အတည်ပြုလူနာသစ် အမျိုးသား(၁)ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး၊ မိုင်းငေါ့ စစ်ရှောင်များအတွက် ဆေးဝါးလိုအပ်မှုရှိကြောင်း စုံစမ်းသိရသည်။ အဆိုပါလူနာသည် ယခုလအတွင်း ဗန်းမော်မြို့မှ မိုင်းငေါ့မြို့သို့ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး အနံ့ပျောက်နေကြောင်း သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာမှ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ကြောင်း သိရသည်။ မိုင်းငေါ့မြို့တွင်...
လားရှိုးမြို့အောက်စီဂျင်ပန့်စက် စတင်လည်ပတ်တော့မည်
SHAN -
သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့ အတွက် အောက်စီဂျင်ပန့် စက်ကြီး (၂)လုံးရောက်ရှိလာပြီး မနက်ဖြန် ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်ကာ စက်ကြီးအား လည်ပတ်သွားမည် ဖြစ်ကြောင်း စုံစမ်းသိရသည်။ အောက်စီဂျင်ပန့်ကြီးသည် ပေ ၂၀ ရှိ ကွန်တိန်နာကြီးထဲတွင် အသင့်တပ်ဆင်ထားပြီး အောက်စီဂျင်များကို တစ်ခါတည်း ဖြည့်ပေးနိုင်သည့် စက်ဖြစ်ကြောင်း...
TYO အထွေထွေအတွင်းရေးမှူး စိုင်းဝန်းလိန် သေဆုံး
SHAN -
သျှမ်းလူငယ်အဖွဲ့စည်း TYO အထွေထွေအတွင်းရေးမှူး စိုင်းဝန်းလိန် (၄၀) နှစ်သည် ယနေ့ ဇူလိုင် ၂၂ မနက်ပိုင်း တောင်ကြီးမြို့တွင်အဖျားတက်လွန်ပြီး သေဆုံးသွားကြောင်းသိရသည်။ စိုင်းဝန်းလိန်သည် အဖျားတက်လွန်ပြီး ဆေးရုံးခေါ်ဆောင်သွားချိန်တွင် လမ်းတဝက်၌ သေဆုံးသွားကြောင်း၊ ၎င်းကိုဆေးရုံးရောက်သည့် အချိန်တွင် ကိုဗစ် ၁၉ စစ်ဆေးပေးချင်မရှိကြောင်းသိရသည်။ “ သူက အဖျားရှိတက် ၂...
လားရှိုး လူငယ် (၄)ဦး PDF ဟု ပြောဆိုကာ စစ်ကောင်စီ ဖမ်းသွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အသက် ၂၀ ဝန်းကျင် ရှိ လူငယ် (၄)ဦးကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီ က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်တွင် စစ်ကားနှင့် ရဲကား ၆ စီး၊ အင်အား ၃၀...
မိုင်းကိုင်စစ်ရှောင်များစပါးပျိုးရန် နေရပ်ပြန်
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဝမ်ဟွေ့လုံကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်များ လယ်စပါး ပျိုးထောင် ကောက်စိုက်သော ရာသီဖြစ်သောကြောင့် နေရပ်သို့ ပြန်သွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် မိုင်းခွန်မြို့နယ်ရှိ ဒေသခံပြည်သူများသည် ဝမ်ဟွေ့လုံကျေးရွာ အုပ်စုတွင်း သို့ စစ်ဘေးရှောင် (၂၀၀၀) ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ဇူလိုင်...





