မိုင်းငေါ့ ကိုဗစ်လူနာ ထပ်တွေ့၊ စစ်ရှောင်များအတွက် ဆေးဝါးလိုအပ်

သျှမ်းမြောက် ကျောက်မဲခရိုင် မိုင်းငေါ့မြို့တွင် ဇူလိုင် ၂၂ ရက်နေ့ မနက်ပိုင်းက ကိုဗစ်အတည်ပြုလူနာသစ် အမျိုးသား(၁)ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး၊ မိုင်းငေါ့ စစ်ရှောင်များအတွက် ဆေးဝါးလိုအပ်မှုရှိကြောင်း စုံစမ်းသိရသည်။

အဆိုပါလူနာသည် ယခုလအတွင်း ဗန်းမော်မြို့မှ မိုင်းငေါ့မြို့သို့ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး အနံ့ပျောက်နေကြောင်း သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာမှ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ကြောင်း သိရသည်။

မိုင်းငေါ့မြို့တွင် ယနေ့အချိန်ထိ စစ်ဘေးရှောင်ပြည်သူ (၅၀၀)နီးပါး ကျန်ရှိနေပြီး ဆေးဝါးတစ်ချို့လိုအပ်နေကြောင်း သိရသည်။

“ခုက စစ်ကိုလည်း ကြောက်ရ၊ ကိုဗစ်ကိုလည်း ကြောက်နေရတာ၊ နောက်ပြီး မိုးရာသီဆိုတော့ ရာသီတုပ်ကွေးဖြစ်တာတွေလည်း ရှိနေတယ်။ ကျန်းမာရေးသွားရောက်ကုသပေးတယ်ဆိုတာလည်း နေ့တိုင်း မသွားနိုင်ဘူးလေ။ ကလေးတွေမိုးမိလို့ နေမကောင်းတာတွေ၊ ကိုက်ခဲတာတွေ အဲ့လိုတွေဖြစ်နေတာရှိတယ်။ သူတို့တွေအတွက် ဆေးဝါးတွေက လိုအပ်နေတာပေါ့” ဟု စစ်ဘေးရှောင်များကို သွားရောက်ကူညီသူ ကျောက်မဲဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းငေါ့စစ်ရှောင်စခန်းတွင် စစ်ဘေးရှောင် (၅၀၀)ဝန်းကျင် ကျန်ရှိနေသေးပြီး တချို့စစ်ဘေးရှောင်များ နေရပ်သို့ ပြန်သွားပြီဖြစ်ကြောင်း၊ အလှူရှင်များ လှူဒါန်းလာသည့် အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများကိုလည်း ဆက်ပြီး ပို့ဆောင်ကူညီပေးလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

“တစ်ချို့က စစ်ရှောင်စခန်းကို ရောက်လာတာ ကြာနေပြီ။ ရွာမှာက သက်ကြီးရွယ်အိုတချို့နဲ့ ကျွဲ၊ နွားတွေ ကျန်ခဲ့တော့ အဲ့တာတွေပြန်ကြည့်ဖို့ ပြန်သွားတဲ့သူတွေရှိတယ်။ တချို့က ဆွေမျိုးတွေရှိတဲ့နေရာကို ပြောင်းသွားကြတယ်။ စစ်ရှောင်စခန်းကနေ အပြင်ကို လျှောက်သွားပြီးမှ စခန်းကို ပြန်လာချိန် ကိုဗစ်ပိုး ကူးလာမှာကိုတော့ စိုးရိမ်မိတယ်” ဟု စစ်ဘေးရှောင်များကို ကူညီနေသူ ဒေသခံတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်စခန်းရှိသည့် မိုင်းငေါ့မြို့တွင် ယနေ့မနက်ပိုင်းထိ ကိုဗစ်အတည်ပြုလူနာ (၃)ဦး တွေ့ရှိထားပြီး အဆိုပါလူနာနှင့် ထိတွေ့မိသူများကို Home Q သတ်မှတ်ထားကာ ကိုဗစ်ပိုးထပ်မံစစ်ဆေးရန် ရှိနေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...